ယုရကုချို (Yurakucho) ဘူတာရုံက အရမ်းကောင်းတဲ့ ဖရဲသီးရေခဲမုန့်

937

          နွေဦး၊ နွေ၊ မိုး သို့မဟုတ် ဆောင်းရာသီ … ကျွန်မကတော့ ဘယ်အချိန်မဆို ရေခဲမုန့်ကို နှစ်သက်ပါတယ်။ဂျပန်ရဲ့ နွေရာသီဟာ ပူပြင်းလွန်းလို့ အ၀တ်အစားတွေ ချွတ်ပြီးထွက်ပြေးချင်စိတ်တောင် ဖြစ်မိပါတယ်။ အပူရှိန်ကြောင့် လည်ချောင်းတွေ ခြောက်ကပ်ပြီး ရေခဲမုန့်တောင် စUန့်ပိုင်းအတွင်း ပျော်ကျတတ်ပါတယ်။အပူဒဏ်က သက်သာစေဖို့ ကျွန်မရဲ့ကိုယ်ပိုင်နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ နွေရာသီရောက်တိုင်း ဒီမှာ ဖရဲသီးရေခဲမုန့်ကို အမြဲလာစားဖြစ်ပါတယ်။1ဟိုကိုင်းဒိုးလို့ ပြောလိုက်တာနဲ့ ကျွန်မတို့အားလုံးက နွားနို့အကြောင်းပဲ ပြောလေ့ရှိကြပါတယ်။ ဟိုကိုင်းဒိုးက ဖရဲသီးကလည်း နာမည်ကြီးပါပဲ။ဖရဲသီးစားဖို့အတွက် ဟိုကိုင်းဒိုးအထိ သွားစရာမလိုတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ Yurakucho station, Hokkaido Dosanko Plaza မှာရှိတဲ့ ဒီဆိုင်လေးကို လာစားလို့ရပြီလေ။2ဆိုင်ရဲ့အရှေ့ဘက်မှာ ဟိုကိုင်းဒိုးထွက်ကုန်များကို ရောင်းချပြီး အတွင်းထဲမှာကတော့ ရေခဲမုန့်စက်တွေအပြင် ထိုင်စရာခုံလေးတွေ ထားပေးထားပါတယ်။လက်မှတ်ရောင်းတဲ့စက်ဆီကိုသွား၊ ပိုက်ဆံထည့်ပြီး နှစ်သက်ရာအရသာကိုရွေးပါ။ ဗနီလာ၊ ဖရဲ နှင့် နှစ်မျိုးပေါင်း အရသာတွေ ရနိုင်ပါတယ်။3ရွေးပြီးရင်တော့ လက်မှတ်ကို ဆိုင်ဝန်ထမ်းဆီမှာပေးလိုက်ရုံနဲ့ ရေခဲမုန့်အကြီးကြီးကို သင်ရနိုင်ပါပြီ။အရသာက တကယ်ကိုကောင်းမွန်ပါတယ်။ နို့ နဲ့ ဖရဲသီးအနံ့လေးကလည်း မွှေးနေတာပဲ။ ဟိုကိုင်းဒိုးက နို့ဖြစ်လို့ အရမ်းမချိုပဲ အရသာရှိလှပါတယ်။ ကော်ဖီနဲ့ဆို ပိုပြီးတောင်ကောင်းပါအုံးမယ်။ဒီဆိုင်က နွေရာသီတစ်ခုပဲ ရောင်းကောင်းတာ မဟုတ်ပါဘူး။ ဆောင်းတွင်းမှာတောင် အများကြီး လာစားကြပါတယ်။တစ်ခုသတိပေးချင်တာကတော့ လမ်းလျှောက်ရင်းနဲ့ စားသွားတာမျိုး မလုပ်ပါနဲ့။ ဂျပန်လူမျိုးတွေက အဲလိုမျိုး လုပ်လေ့မရှိကြလို့ပါ။ တကယ်လို့ အချိန်မရဘူးဆိုရင်လည်း ၀ယ်ပြီး လက်ကပဲ ကိုင်သွားလိုက်ပါ။4ဒီဆိုင်လေးက ကျွန်မရင်ထဲမှာ အမြဲရှိတဲ့ဆိုင်လေးလို့ ပြောလို့ရပါတယ်။ ကျွန်မ ကျောင်းသူဘ၀ထဲကနေ အခု အလုပ်ခွင်ဝင်တဲ့အထိ အမြဲလာစားလေ့ရှိတဲ့ ဆိုင်ပါ။ ကျွန်မသူငယ်ချင်းတွေလည်း နှစ်သက်ပြီး အမြဲလာစားတတ်ကြပါတယ်။အိုး! ဈေးပြောဖို့ မေးတော့မလို့! ဈေးကလည်း မကြီးပါဘူး။ဗနီလာက ၃၆၀ ယန်း၊ ဖရဲ နဲ့ နှစ်မျိုးရောက ၃၉၀ ယန်းပါ။ ကတော့ခွက်နဲ့ ဟိုကိုင်းဒိုးရေခဲမုန့်အနေနဲ့ ဈေးပေါတယ်လို့တောင် ပြောလို့ရပါတယ်။ကတော့ခွက်ရဲ့ အောက်ခြေအထိပါဝင်တာမို့ အများကြီးပါပဲ။ အရသာကလည်း နူးညံ့နေတာပဲ။ အခုစာရေးလို့ပြီးရင် ကျွန်မသွားစားပါတော့မယ်။တကယ့်ဖရဲသီးအရသာအတိုင်း ချိုပြီးမွှေးနေတာကြောင့် ကျွန်မအရမ်းကြိုက်တာပါ။အဆုံးသပ်အနေနဲ့ ဂျပန်ကိုရောက်ခဲ့ရင် လက်မလွတ်ဖို့ မှာချင်ပါတယ်။ Yurakucho ဘူတာရုံမှာဆင်းပြီး သွားစားဖြစ်အောင် သွားစားလိုက်ပါ။ဆိုင်ဖွင့်ချိန်က နံနက် ၁၀ နာရီကနေ ည ၈ နာရီ ဖြစ်ပါတယ်။