ဘာဖြစ်လို့ တိုကျိုကိုချစ်ကြတာလဲ?

1,451

ဘာဖြစ်လို့ တိုကျိုကိုချစ်ကြတာလဲ? ရိုးရှင်းတဲ့မေးခွန်းပါ ဒါပေမဲ့ အများကြီးပြန်ဖြေမှရတဲ့မေးခွန်းဖြစ်နေပြန်ပါတယ်။ တိုကျိုဟာ လူနေမှုစရိုက်၊ အစားအသောက်၊ ယဉ်ကျေးမှုပုံစံ၊ အနုပညာလက်ရာ၊ ခေတ်မှီ အင်ဂျင်နီယာဒီဇိုင်းလက်ရာ စသဖြင့် လူမျိုးပေါင်းစုံ စုစည်းကျင်လည်ရာ မြို့ပြကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တိုကျိုရဲ့ တကယ့် ၀ိညာဉ်စစ်စစ်ကတော့ ..အဲဒီမှာရှိတဲ့ လူတွေရဲ့အထဲမှာရှိပါတယ်။[caption id="attachment_2363" align="aligncenter" width="300"]Credit: Tobu World Square https://commons.wikimedia.org Credit: Tobu World Square https://commons.wikimedia.org[/caption]တိုကျိုမှာ အသစ်ရောက်ခါစသူတွေကတော့ ချက်ချင်း ခံစားလို့ရပေမဲ့ တကယ်တမ်း အပြည့်အ၀ ခံစားဖို့ကျတော့ ဂရုတစိုက်နဲ့ လူတွေရဲ့ရင်ထဲကို တိုးဝင်နားထောင်ရမှာပါ။ အဲဒီအချိန်မှာမှ တိုကျိုရဲ့ စည်းချက်ကျတဲ့ ရင်ခုန်သံလေးကို ကြားတတ်မှာဖြစ်ပါတယ်။[caption id="attachment_2362" align="aligncenter" width="300"]Credit: Wikimedia Commons Credit: Wikimedia Commons[/caption]

ဂီတအဖွဲ့ - Harajuku - တိုကျိုမှန်ကန်တိကျ စစ်မှန်တဲ့ တိုကျိုရဲ့ ၀ိညာဉ်ကို ခံစားချင်ရင် သူ့ရဲ့ယဉ်ကျေးမှာဘောင်ထဲတိုးဝင်ဖို့လိုအပ်ပါလိမ့်မယ်။ ဒီတော့ ဂျပန်ဘာသာစကားကိုလည်း နားလည်ဖို့ လိုအပ်ပြန်ရော။ ခက်တော့ခက်ပါတယ်။ ဒါပေမဲ့ ခုခေတ်မှာ ဂျပန်စကားတတ်ဖို့ နည်းလမ်းပေါင်းများစွာ သုံးလို့ရပါတယ်။ အင်တာနက်ပေါ်ကနေ၊ သင်တန်းကျောင်းကနေ၊ စာအုပ်ကနေ စသဖြင့် သင်ယူလေ့လာလို့ရပါတယ်။ ဒီဆောင်းပါးမှာ မိတ်ဆက်ပေးချင်တာကတော့ Tokyo Nihongo Volunteer Network (TNVN)ဆိုတဲ့ အဖွဲ့လေးဖြစ်ပါတယ်။

[caption id="attachment_2361" align="aligncenter" width="300"]Credit: http://www.tnvn.jp/ Credit: http://www.tnvn.jp/[/caption]

Address: Tokyo Voluntary Action Center, Central Plaza 10F, 1-1 Kaguragashi, Shinjuku-kuZip: 162-0823City: Tokyo

TNVN ဆိုတာဘာလဲ ? ငွေကြေး အကျိုးအမြတ်အတွက် မဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းသက်သက်တစ်ခုဖြစ်ပြီး စီးပွားရေးကုမ္ပဏီပေါင်း ၆၇ကျော် ပူပေါင်းကာ လူတစ်ဦးချင်းပါဝင်မှု ၈၉ကျော်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဖွဲကြီ့း ၈ ဖွဲ့ကနေ ငွေကြေးထောက်ပံ့ပေးထားပြီး ၁၉၉၃မှာ စတင်တည်ထောင်ထားတာဖြစ်ပါတယ်။အဓိက အားဖြင့် ဂျပန်ဘာသာစကားသင်ကြားမှုလုပ်ဆောင်ပေးပြီး ဂျပန်လူနေမှုဘ၀လေ့လာခြင်း၊ အကြံပေးခြင်းစတဲ့ အလုပ်ရုံဆွေးနွေးပွဲများစွာလည်း လုပ်ဆောင်နေပါတယ်။ နိုင်ငံတကာမှ ဧည့်သည်များအတွက် တွေ့ဆုံပွဲ ပါတီများ၊ လေ့လာရေးခရီးစဉ်များလည်း ပြုလုပ်ပေးနေပါတယ်။မိမိနေထိုင်တဲ့ မြို့။ ရပ်ကွက်နဲ့ နီးစပ်တဲ့ နေရာမှာ ရှိတဲ့ သူတို့အဖွဲ့တွေနှင့် ချိတ်ပေးမှာဖြစ်ပြီး မိတ်ဆွေသစ်များစွာရရှိမှာဖြစ်ပါတယ်။ အရေးကြီးဆုံးက ပင်စင်ယူပြီးသား မိမိအတွက် အဖိုးအရွယ်လောက်ရှိမဲ့ ၀ါရင့်လူကြီးတွေက ကျွမ်းကျင်စွာ သင်ကြားပေးမှာဖြစ်ပါတယ်။ဒီလိုမျိုး ကူညီရိုင်းပင်းတတ်တဲ့စိတ်သဘောဟာ တိုကျိုမြို့ရဲ့ လှပသိမ်မွေ့တဲ့ ၀ိညာဉ်စစ်စစ်ဖြစ်ပါတယ်။ မိမိဘ၀နှင့်ပတ်သက်ပြီး ဂျပန် လူကြီးတွေနှင့် နှီးနှောတိုင်ပင်ရင်း အကြံဥာဏ်ကောင်းများစွာ တောင်းလို့လည်းရပါတယ်။ ဒီလို တန်ဖိုးရှိလှတဲ့ ကူညီရိုင်းပင်းမှုလးတွေဟာ တိုကျိုမြို့ ကို ပိုပြီးချစ်တတ်လာအောင် တွန်းအားပေးနေပါတယ်။[caption id="attachment_2364" align="alignnone" width="1024"]credit:http://ajapper.com/ credit:http://ajapper.com/[/caption]

Recommended Articles