Waseda တက္ကသိုလ်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်

1,823

အခုတလော ဂျပန် ပညာရေးကို မြန်မာတွေရဲ့ စိတ်ဝင်စားမှု အတော်မြင့်တက်လာတာတွေ့နေရပါတယ်။ တစ်ချို့က ဂျပန်မှာ ဘာသာစကား သင်တန်းကျေင်းတွေလာတက်တာရှိသလို တစ်ချို့ကြတော့ ဂျပန် တက္ကသိုလ် တွေမှာ ဆေးပညာ၊ အင်ဂျင်နီယာပညာ၊ ကွန်ပြူတာပညာ၊ နိုင်ငံရေသိပ္ပံ ပညာ စသဖြင့် ပညာရပ်များစွာ လာရောက် သင်ယူနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေဖြစ်ပြီးနောက်ပိုင်း မြန်မာကျောင်းသားတွေအတွက် ဂျပန်ဘက်ကနေ စကောလားရှစ် မျိုးစုံ ချီးမြှင့်လာတာလည်းတွေ့ရပြီး နောက်ထပ် အခွင့်အရေး အသစ်များစွာလည်း မျော်လင့်လို့ရပါတယ်။လောလောဆယ်တော့ ဂျပန်မှာရှိတဲ့ တက္ကသိုလ် တစ်ချို့ကို မိတ်ဆက်ပေးရင်း သူတို့ရဲ့နာမည်ကြီး ဘာသာရပ်တွေအကြောင်းကိုလည်း မိတ်ဆက်ပေးလိုပါတယ်။ မြန်မာတွေ အတွက် စကောလားရှစ် နှစ်စဉ်စတင်ချီးမြှင့်နေတဲ့ Waseda တက္ကသိုလ် အကြောင်းနင့် တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်အကြောင်း မိတ်ဆက်ပေးလိုပါတယ်။170796908ကမ္ဘာ့တက္ကသိုလ်တွေ့ရဲ့ အဆင့်သတ်မှတ်မှုတွေမှာ Waseda တက္ကသိုလ်ဟာ ထိပ်ဆုံးမှာ မရှိပေမဲ့ ဂျပန်အသိုင်းအ၀ိုင်း၊ အာရှနိုင်ငံတွေနှင့် ကမ္ဘာ့နိုင်ငံရေး ပညာရှင်အသိုင်းအ၀ိုင်း ကြားထဲမှာတော့ အင်မတန်မှ ဂုဏ်ရှိတဲ့၊ သမိုင်းကောင်းတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ၂၀၁၀-၂၀၁၁အတွက် ဂျပန်ပညာရေးအဖွဲ့အစည်း Toyo Keizai ရဲ့သတ်မှတ်မှုမှာတော့ Waseda တက္ကသိုလ် ဟာ ဂျပန်ပြည်တွင်းမှာ အကောင်းဆုံး နံပါတ် ၆ ချိတ်ထားပါတယ်။ ၂၀၁၄အတွက် The Center for World University Rankingsရဲ့ သတ်မှတ်မှုမှာ Waseda တက္ကသိုလ်ဟာ ကမ္ဘာ့ အဆင့် ၄၀ မှာပါဝင်ပါတယ်။[caption id="attachment_2117" align="aligncenter" width="250"]credit:http://jto.s3.amazonaws.com/ credit:http://jto.s3.amazonaws.com/[/caption][caption id="attachment_2118" align="aligncenter" width="300"]credit:http://news.xinhuanet.com/ credit:http://news.xinhuanet.com/[/caption][caption id="attachment_2115" align="aligncenter" width="570"]credit:http://media.gettyimages.com/ credit:http://media.gettyimages.com/[/caption]၁၉၂၂မှာ ကမ္ဘာကျော်သိပ္ပံပညာရှင် Albert Einstein ကိုယ်တိုင်လာရောက်ပြီး ပညာရေးဟောပြောပွဲ လုပ်ဖူးခဲ့သလို နာမည်ကြီး ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်ကြီးတွေဖြစ်တဲ့ Jawaharlal Nehru ၊ Nelson Mandela ၊ Gloria Macapagal-Arroyo တို့တွေဟာလည်း Waseda တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြင့်ခြင်းခံရကြပါတယ်။ အမေရီကန် သမ္မတတွေထဲက Robert Kennedy၊ Bill Clinton၊ George W. Bushနဲ့ တရုတ်သမ္မတ Jiang Zemin၊ Hu Jintao တို့တွေဟာလည်း သူတို့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ Waseda တက္ကသိုလ်ကို လာရောက်လည်ပတ်ရင်း ဟောပြောပွဲများပြုလုပ်ဖူးကြပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး Bill Gates ဟာလည်း ၂၀၀၅မှာ Waseda တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြင့်ခြင်းခံရပါတယ်။[caption id="attachment_2119" align="alignnone" width="1024"]credit:http://cache3.asset-cache.net/ credit:http://cache3.asset-cache.net/[/caption]ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်များထဲမှ (ရ) ယောက်ဟာ Waseda တက္ကသိုလ် ကျောင်းထွက်တွေဖြစ်ပါတယ်။ တခြား ဂျပန်နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးသိပ္ပံပညာရှင်၊ နိုင်ငံရေး သမားများစွာဟာလည်း Waseda တက္ကသိုလ်ကျောင်းသားဟောင်းများဖြစ်ကြပါတယ်။ Waseda တက္ကသိုလ်ရဲ့ နိုင်ငံရေး သိပ္ပံဌါနမှာ ဌါနခွဲ (၄) ခုခွဲထားပြီး ဂျပန်စာ နှင့် အင်္ဂလိပ်စာ အခြေခံပြီး ခွဲခြား သင်ကြားထားခြင်းဖြစ်လို့ မိမိနှင့် အဆင်ပြေမဲ့ ဘာသာစကားကို ရွေးပြီး တက်ရောက်နိုင်ပါတယ်။ နိုင်ငံရေး သိပ္ပံဌါနအောက်မှာရှိတဲ့ ဌါနခွဲတွေကတော့Graduate School of Political ScienceGraduate School of EconomicsGraduate School of Political Science and EconomicsGraduate School of Public ManagementWaseda Institute of Political Economy၂၀၁၄နှစ်ကနေစပြီး Waseda တက္ကသိုလ်ဟာ မြန်မာကျောင်းသားတွေကို  စကောလားရှစ် စတင် ချီးမြင့်ပေးနေပါပြီ။ အောက်မှာ Waseda တက္ကသိုလ်ရဲ့ တရားဝင် website နှင့် စကောလားရှစ်လျှောက်လိုတဲ့ မြန်မာတွေအတွက် website linkတွေ ထည့်ပေးထားပါတယ်။Waseda University : https://www.waseda.jp/top/enScholarship for Myanmar students in Waseda University : http://web.waseda.jp/admission/en/ssp/myanmar/12189153_463395350514249_8759116933690831946_n(credit:Waseda pamphlet)

Recommended Articles