
ကြည့်ရင်လည်းလှတယ် စားရင်လည်းဝတယ် ကျွန်တော်တို့ အတွက်တကယ်လိုအပ်နေတဲ့ပန်းတခု.............။ဒီနေ့ ခင်ဗျားတို့ ကို မိတ်ဆက်ပေးချင်တဲ့ ပန်းကတော့ Sakura( ချယ်ရီ ) ပန်းတွေရဲ့ ငယ်ပေါင်း သူငယ်ချင်း 【ナノハナ(菜の花・Turnip rape)】နနောဟာန ဖြစ်ပါတယ်။ Sakura ဆိုတဲ့ ပန်းတွေပွင့်ပြီး သိပ်မကြာခင်အချိန်မှာပွင့်တဲ့ ပန်းဖြစ်ပြီး၊ Sakura ဆိုတာကိုသိရင် နနောဟာန 菜の花ကိုလည်း သိထားမှ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၄ လပိုင်းဆိုတဲ့ နွေဦးပေါက်ရာသီမှာ အတူတူ ပြေးလွှားဆော့က စားနေ ကြတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်လို့ ပါ။အမှန်တကယ်ဆိုရင် Sakuraဆိုတဲ့ ပန်းတွေထက် နနောဟာန ဆိုတဲ့ ပန်းတွေက ဂျပန်နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ နဲ့ ပိုလို့ ရင်နီးကြပါတယ်။Sakura ဆိုတဲ့ ပန်းတွေက အပင်တွေအပေါ် မှာ ရှိနေတာကများပြီး သူ့ ရာသီ ကုန်တဲ့ အခါမတွေ့ရသလောက်ပါပဲ။ဒါပေမဲ့ နနောဟာနကတော့ ကျွန်တော်တို့ နေတိုင်းသွားဝယ်နေတဲ့ ဂျပန်နိုင်ငံရဲ့ စူပါမားကတ်တွေမှာစားလို့ရတဲ့ အသီးအရွက်တွေနဲ့အတူတူတန်းစီနေတာကို မကြခဏတွေ့နေရမှာ ဖြစ်ပါတယ်။ကြည့်ရင်လည်းလှတယ် စားရင်လည်းဝတယ်ဆိုတဲ့ နနောဟာနဟာ ဂျပန်နိုင်ငံရဲ့ နွေဦးပေါက်ရာသီမှာမရှိမဖြစ်တဲ့ ပန်းထဲမှာပါပြီးကြော်စား၊ ပြုတ်စား၊ သုပ်စားရင်လည်း ကောင်းလို့ မြန်မာပါးစပ်နဲ့တွေ့တဲ့ ပန်းလည်းဖြစ်ပါတယ်။

[caption id="attachment_2413" align="aligncenter" width="550"]

credit:http://xn--u9j791gwmj00ynnhp07b.com/[/caption][caption id="attachment_2415" align="aligncenter" width="533"]

credit:http://shiinokiyama.cocolog-nifty.com/[/caption]နည်းနည်းခါးတဲ့ အရသာရှိသော်လည်း စားလို့ကာင်းပါတယ်။ ကျွန်တော်ကတော့ အီတလီခေါက်ဆွဲ ( pasta )နဲ့ အတူတူ ကြော်စားရတာကို နှစ်သက်ပါတယ်။ ဂျပန်လူမျိုးတော်တော်များများကတော့ အိုဟိဒရှိ (おひたし)လို့ခေါ်တဲ့ အရွက်ကို ရေနွေးနဲ့ဖျာ်ပြီး အပေါ်မှာ ကာဆူးအိုလို့ခေါ်တဲ့ ငါးအမှုန့်ကိုတင်ပြီး ဂျပန်ငံပြာရည် (醤油 )နဲ့ ဆမ်းစားတာကို ကြိုက်ကြတာ များပါတယ်။နနောဟာန ကို သုံးပြီးချက်တဲ့နည်းကလည်း ၁ထောင်ကျော်နီးပါးရှိပါတယ်။ပန်းတွေရဲ့နာမည်ပြောပြီးရင် အဲဒီပန်းရဲ့ ပန်းစကားကိုပြောတတ်တဲ့ ကျွန်တော့်အကျင့်ကြောင့် ပြော ပါရစေ ခင်ဗျ။နနောဟာန( 菜の花 )ရဲ့ ပန်းစကားက အရမ်းကျန်းမာတယ် 「元気いっぱい」ဖြစ်ပါတယ်။ကျွန်တော်လည်း အခုမှသတိထားမိပါတယ်....ဒီလို ကောင်းတဲ့ပန်းစကားတွေ စားလို့ ရတာတွေ ကြည့်လို့ လှတာတွေက ရှိလို့ လှပတဲ့ ချယ်ရီတွေ ပွင့်တဲ့ ရာသီမှာ ဂျပန်လူမျိုးတွေက တသီး တသန့် 菜の花 畑( なのはなばたけ )Nanohana batake နနောဟာနရဲ့ လယ်ကွင်းတွေအထိ ပိုက်ဆံပေးပြီး သွားကြည့်ကြပါ တယ်။တချို့ကလည်း နနောဟာန ပန်းတွေရဲ့လယ်ကွင်းဘေးကရထားတွေပေါ်ကနေ ပန်းတွေကြည့် ရင်း သူ့ရာသီရဲ့ အရသာ ခံစားရတာမျိုး တွေလည်းရှိပါတယ်။[caption id="attachment_2418" align="aligncenter" width="256"]

credit:http://www.town.yokohama.lg.jp/[/caption][caption id="attachment_2417" align="aligncenter" width="600"]

credit:http://free-photos-ls04.gatag.net/[/caption][caption id="attachment_2416" align="aligncenter" width="599"]

credit:http://blogs.c.yimg.jp/[/caption]တချို့ကျတော့ အပေါ်မှာ ချယ်ရီအပင်နဲ့အောက်ဘက်မှာနနောဟာန ဆိုတဲ့ ပန်းတွေနဲ့ အတူတူ ရှိနေတာကို သွားကြည့်ကြပါတယ်။ဒီနေကြည့်လိုက်တဲ့ blog မှာတော့ Fushima ဆိုတဲ့ ခရိုင်မှာရှိတဲ့ 猪苗代ハーブ園( いなわしろはーぶえん)Inawa shiro herb ပန်းခြံ ဟာ နနောဟာနဆိုတဲ့ လယ်ကွင်း ကြီးမှာ ပန်းပေါင်းသောင်း၁၅၀ တောင်ပေါက်နေပြီး အဝါရောင် ကော်ဇောကြီးကို ခင်းထားတဲ့ အတိုင်းပါပဲတဲ့။စာရေးတတ်လိုက် တာဗျာ ။ပြီးတော့ ဝင်ကြေးကယမ်း ၃၀၀ ၊ကျောင်းသားဆိုရင် ယမ်း၂၁၀တဲ့။ဒီလိုစားလို့ရတဲ့ပန်း တွေကို မြန်မာ နိုင်ငံကလယ်ကွင်း တွေမှာ စိုက်ကြရင် တောင်သူလယ် သမားတွေ အတွက် ဘယ်လောက် ကောင်းမလည်းခင်ဗျ။ပန်းတွေပွင့် လာတဲ့အခါမှာ ပန်းခြံအဖြစ်လုပ် ပြီးပန်းလာကြည့်တဲ့သူတွေဆီက ဝင်ကြေးကောက်ခံနိုင်သလို စားလို့ ရတဲ့ ဒီ နနောဟာနရဲ့ ပန်းတွေကို ဈေးဆိုင်တွေမှာတင်ရောင်းလို့ ရတယ်။မြန်မာလိုပြောရင်ဖြင့် တချက်ခုတ်နှစ်ချက်ပြတ် ပေါ့ခင်ဗျ။ဂျပန်လူမျိုးတွေက အောက်မှာ အဝါရောင်ရှိတဲ့ နနောဟာနကို ထားပြီး အပေါ်မှာ ပန်းရောင် ချယ်ရီတွေ ထားတာ ကိုလည်းနှစ်သက်ပါတယ်။တကယ်လို့များ ကျွန်တော်တို့ နိုင်ငံမှာ နှစ်သစ်သင်္ကြန်မတိုင်ခင် လမ်းတလျောက်မှာ အောက်ဘက် က စားလိုရတဲ့အဝါရောင် နနောဟာ န ပန်းကိုစိုက်ပြီး အမြင့်မှာပေါက်တဲ့ ပိတောက်တွေကိုသာ စိုက်ထား လိုက်မယ်ဆိုရင် အရမ်းအရမ်း ကိုလှနေမယ်လို့ ထင်ပါတယ်...။ဘာဖြစ်လို့ လည်းဆိုတော့ အဝါရောင်ဖြစ်တဲ့ ရွှေရောင်လို ဝါဝါဝင်းဝင်း ထိန်နေတာကို ဦးစားပေးတဲ့ Golden land's လို့  ကမ္ဘာကသိလို့ ပါခင်ဗျ။Myo Tint[caption id="attachment_2419" align="aligncenter" width="588"]

credit:http://www.motherfarm.co.jp/[/caption]