ဂျပန်နိုင်ငံ ရထားသယ်ယူ ပို့ဆောင်ရေး စနစ်

932

ဖွံ့ဖြိုးပြီးနိုင်ငံတွေကို သယ်ယူပို့ဆောင်ရေး စနစ်နဲ့ တိုင်းတာကြပါတယ်။ ရထားသယ်ယူ ပို့ဆောင်ရေး စနစ်မှာတော့ ဂျပန်နိုင်ငံက ကမ္ဘာမှာ နံပါတ်တစ် ယူထားခဲ့၊ ယူထားဆဲပါ။ဒီနှစ်စာရင်း အရ ဂျပန်နိုင်ငံရဲ့ လူဦးရေ 125 သန်း ၊ လူဦးရေ 10 ရာနှုန်းက တိုကျို မှာ နေထိုင်ကြပါတယ်။ ဒီလူဦးရေ အများကြီးအတွက် အဓိက သယ်ယူပို့ဆောင်ရေးက တော့ ရထား ပါပဲ။မြို့တော် တိုကျို ဗဟိုပြု ရထားလိုင်းပေါင်း 18 လိုင်း ရှိပြီး အဲဒီထဲက JR တစ်လိုင်းထဲမှာ မှ လိုင်းခွဲပေါင်း 22 လိုင်း ရှိပါတယ်။အဲဒီ လိုင်းတွေထဲက မြို့ကို ပတ်နေတဲ့ ရထား မြေပေါ်မှာ JR Yamanote လိုင်း နဲ့ မြေအောက် က Oedo လိုင်းပါပဲ..။[caption id="attachment_1365" align="alignleft" width="300"]credit:https://theselfishyears.files.wordpress.com/2013/06/japan-observations-007.jpg credit:https://theselfishyears.files.wordpress.com/2013/06/japan-observations-007.jpg[/caption][caption id="attachment_1364" align="alignleft" width="300"]credit:https://farm8.staticflickr.com/7087/7274755446_191f50d716_z.jpg credit:https://farm8.staticflickr.com/7087/7274755446_191f50d716_z.jpg[/caption]2018_tohoku_02Yamanote လိုင်းပေါ်မှာ ဘူတာပေါင်း 29 ဘူတာရှိပြီး ဘူတာတိုင်း အစုန် အဆန် 3 မိနစ်ကို တစ်စီး စီ အချိန်မှန် ဝင်ထွက်နေပါတယ်။ မြို့တစ်ပတ်ကို ကြာချိန် 1 နာရီ 3 မိနစ် ကြာပါတယ်။ရထားတွေ တိုင်းက အချိန် အလွန်တိကျပါတယ်။ ကျွန်တော် တို့ အချိန်ပိုင်း လုပ်တဲ့ သူတွေ အဖို့တော့ Yamanote က အိပ်ယာပါပဲ။နေ့ခင်း 3 နာရီက ညနေ 5 နာရီ အလုပ် တစ်ခု နဲ့ တစ်ခု အကူး ကြားထဲမှာ ဟ နေတဲ့ အချိန်တွေကို မြို့တစ်ပတ် ရထားပေါ် လိုက်အိပ်ကြတယ်။ငွေ တစ်ပြားမှ မကုန်တဲ့ ဟိုတယ်ပါပဲ။ဆောင်းရာသီမှာ နွေးနွေး ၊ နွေရာသီမှာ အေးအေး လေးနဲ့ အိပ်လို့ အလွန်ကောင်းပါတယ်။ကိုယ်ဆင်းရမဲ့ ဘူတာကို အချိန်အတိကျ တွက်လို့ရပါတယ်။ဂျပန်တွေရဲ့ အတုယူစရာ အကောင်းဆုံး အချက်က 'အချိန်ကို စနစ်တကျ သုံးစွဲ တက်ခြင်းပါပဲ'( ဆက်ပါဦးမည်)မင်းယျာ[caption id="attachment_1363" align="alignnone" width="300"]credit:http://www.japan-guide.com/g7/2018_tohoku_02.jpg credit:http://www.japan-guide.com/g7/2018_tohoku_02.jpg[/caption]