ဂျပန်နိုင်ငံ ရထားသယ်ယူ ပို့ဆောင်ရေး စနစ်....(၂)

1,034

ကားပါကင်ခတွေ ဈေးကြီးတဲ့ တိုကျိုလို နေရာမျိုးမှာ လူတိုင်းက ကိုယ်ပိုင်ကား မစီးနိုင်ကြပါဘူး...ကားကို အိမ်မှာ ထားကြပြီး ရထားနဲ့ပဲ ရုံးတက်ကြပါတယ်။(ကားပါကင် တစ်နာရီ ရပ်နားခက ယန်း၂၀၀ ကနေ ၁၀၀၀ အထိ နေရာ အလိုက် ရှိပါတယ်...မြန်မာငွေ ၂၀၀၀ က ၁၀၀၀၀ ကျော်ကျော် ကျသင့်ပါမယ်) ကိုယ့် ကိုယ်ပိုင်ကားကို နားရက် အပန်းဖြေတာမျိုး မိသားစု ခရီသွားတာမျိုးပဲ အသုံးပြုတာ များပါတယ်။ဒါ့ကြောင့်လည်း ကီလိုမီတာ ငါးသောင်း ဝန်းကျင်နဲ့ တစ်ပတ်ရစ်ကား မြန်မာပြည်မှာ စီးခွင့် ရတာပါပဲ။အများပြည်သူတွေ အတွက် ရထားစနစ်ကြီး ကောင်းမွန်နေတဲ့ အတွက်အချိန်ကုန် သက်သာတာငွေကုန်ကျမှု သက်သာတာယာဉ်ကြော ပိတ်ဆို့မှု ကင်းဝေးတာကာဗွန်ဒိုင်အောက်ဆိုဒ် ရှော့ချ နိုင်တာစသဖြင့် ကောင်းကျိုးတွေ အများကြီး ထွက်ပေါ်လာပါတယ်။ရထားခ ငွေပေးချေမှု စနစ် မှာ တော့တစ်ခါသုံး လက်မှတ်ငွေဖြည့် IC ကဒ်လပေး ကဒ် စနစ်တို့ ရှိပါတယ်။တစ်ခါသုံး ကဒ်က မိမိသွားမယ့် ခရီးကို ကြည့်ပြီး စက်တွေမှာ ဝယ်ယူ နိုင်ပါတယ်။ငွေဖြည့် ကဒ်ကတော့ မိမိရဲ့ ကဒ်ထဲမှာ ငွေဖြည့်ထားပြီး သွားချင်ရာ သွား၊ ကျသလောက် စက်က ငွေကို နှုတ်သွားပါလိမ့်မယ်။အပို တစ်ပြားတစ်ချပ်မှ မယူဘူးဆိုတာတော့ စိတ်ချလိုက်ပါ။အဲဒီ ငွေဖြည့် ကဒ်နဲ့ တခြား စူပါမားကတ် တွေမှာ ငွေရှင်းတာ၊ စက်မှာ ကော်ဖီ၊ ဆေးလိပ်ဝယ်တာ၊ စားသောက်ဆိုင်မှာ ငွေရှင်းတာမျိုးလဲ လုပ်လို့ ရပါတယ်။ကျွန်တော်တို့လို ခရီးတစ်ခု(အလုပ်) ကို အမြဲတမ်းသွားနေသူတွေအဖို့တော့ လပေး ကဒ်ကို အသုံးပြုပါတယ်။ လပေးစနစ်မှာ အားသာချက်က ကိုယ် ဝယ်ထားတဲ့ ဘူတာ တစ်ခုနဲ့ တစ်ခု ကြား ဘယ်နှစ်ခေါက်ပဲ စီးစီး၊ ကြားဘူတာ ဘယ်ဘူတာပဲ ထွက်ထွက် ငွေထပ်ပြီး မကုန် တော့ပါဘူး။အဲဒီ ကဒ်တွေ အားလုံးကို ကိုယ်မလုပ် တက်ရင်၊ ကိုယ်ကိုယ်တိုင် မလုပ်နိုင် ခဲ့ရင် အနီးနားမှာ ရှိတဲ့ ကောင်တာမှာ လုပ်ခိုင်းလို့ ရပါတယ်။အားနာရ အောင် ကို ဝန်ဆောင်မှု ပေးပါလိမ့်မယ်။(မြန်မာ ပြည်က ဝန်ထမ်းတွေ နီးနီး ပါပဲ)ကဒ်လုပ်ပုံ အဆင့်ဆင့် စိတ်ဝင်စားကြရင် လာကြတော့မယ် ညီငယ်၊ ညီမငယ်တွေကိုသတိပေးလိုတာက သူများရဲ့ လပေးကဒ်ကိုကိုယ့်လမ်းကြောင်း တည့်တယ်ဆိုပြီး ယူမသုံးကြဖို့ပါပဲ။လပေးကဒ်မှာ နံမည်ပါပါတယ်။တကယ်လို့ ရဲစစ်လို့ မိခဲ့ရင် အဖမ်းခံရပါမယ်။သူများကဒ် ကိုယ့်ဆီမှာ ရှိမနေတာ အကောင်းဆုံးပါပဲ။(ဆက်ပါဦး မည်)မင်းယျာ12418038_1702712576677268_3280514077487106792_n 12654269_1702712606677265_2199415562758070488_n 12661893_1702712556677270_5282289198172577396_n 12687771_1702712553343937_4502128219077967626_n12651384_1702712613343931_19443334166364922_n12654328_1702712583343934_3511238132074721658_n