
ဒီနေ့တော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မဖြစ်မနေသွားရောက်သင့်တယ်လို့ စာရေးသူ ယူဆတဲ့ နေရာ (၁၀) နေရာကို မိတ်ဆက်လမ်းညွန်ပေးမှာ ဖြစ်ပါတယ်။ တကယ်တမ်းက သွားရောက်လည်ပတ်စရာ နေရာ ရာချီရှိပါတယ်။ လောလောဆယ် ဒီနေရာလေးတွေကို အရင်လေ့လာထားရအောင်။
၁။ Tokyo National Museum (တိုကျို အမျိုးသား ပြတိုက်)
၁၉၃၈ နှစ်ကတည်းက ဖွင့်လှစ်ထားပြီး ၆ ရာစု ခေတ်ကတည်းကစပြီး ဂျပန် လူမျိုးများနှင့်သော်လည်းကောင်း တရုတ်နှင့် အရှေ့တိုင်းမှ နိုင်ငံများစွာ၏ အနုပညာနှင့် သမိုင်းဝင် ပစ္စည်း တစ်သိန်းကျော် ထိန်းသိမ်းပြသထားသော ပြတိုက်တစ်ခုဖြစ်ပါတယ်။[caption id="attachment_1947" align="alignnone" width="1570"]

credit:https://upload.wikimedia.org/wikipedia/commons/8/8f/Tokyo_National_Museum_Front.jpg[/caption]လိပ်စာ: 13-9 Ueno Park, Taito-ku, Tokyo, 110-8712ပြတိုက်၏တရားဝင် site: www.tnm.jp/?lang=en
၂. Tokyo Disneyland (တိုကျို ဒစ်စနေပန်းခြံ)
၁၉၈၃ နှစ်တွင် Walt Disneyက အမေရိကန်ပြင်ပနိုင်ငံများတွင် ပထမဆုံး တည်ဆောင်ဖွင့်လှစ်ထားသည့် ပန်းခြံကြီးဖြစ်ပြီး ၁၁၅ ဧက ကျယ်ဝန်းသည်။ Tokyo DisneySeaဟာ ကမ္ဘာပေါ်တွင် ဧည့်သည်လာရောက်မှု စတုထမြောက် အများဆုံး နေရာလည်းဖြစ်ပါတယ်။[caption id="attachment_1948" align="alignnone" width="1126"]

credit:https://upload.wikimedia.org/wikipedia/commons/6/62/SmallWorldTokyo.jpg[/caption]ဖွင့်လှစ်ချိန်။ မနက် ၈:၃၀ – ညနေ ၁၀:၀၀လမ်းညွန်။ Tokyo Metro : Yurakucho Line – Shin-kiba Station. Change to JR Line Train to Maihama Station.တရားဝင် site။ http://www.tokyodisneyresort.jp/en/tdl/
၃။ Tokyo Imperial Palace (တိုကျို ဘုရင့်နန်းတော်)
၁၄၅၇ကတည်းကတည်ဆောက်ထားသော ဘုရင့်နန်းတော်သည် ၁၇ ရာစုတွင် တည်ဆောက်ထာသည့် လှပသော အနုပညာလက်ရာများဖြင့် ပုံဖော်ထားသော ပန်းခြံများက ၀န်းရံထားသည်။ ထိုပန်းခြံမှ နန်းတော်ထဲသို့သွားသည့် Nijubashi Bridge (နှစ်ထပ်တည်ထားသော တံတား)က ခြားထားသည်။ ဘုရင့်နန်းတော်ထဲက ပန်းခြံတွင်မူ တစ်နှစ်တွင် ဇန်န၀ါရီ ၂ ရက်နေ့နဲ့ ဧပြီ ၂၉ရက်နေ့များတွင် (၂)ခါသာ ၀င်ခွင့်ရှိသည်။[caption id="attachment_1949" align="alignnone" width="3000"]

credit:https://upload.wikimedia.org/wikipedia/commons/c/c2/Kokyo0057.jpg[/caption]ဖွင့်လှစ်ချိန်။ မနက် ၉း၀၀ - ၄း၀၀ ညနေဘုရင့်နန်းတော်ဘက်သွားသည့် ရထားလိုင်း။ Marunouchi Line – Tokyo Statioတရားဝင် site။ http://sankan.kunaicho.go.jp/english/guide/koukyo.html
၎။ Shinjuku Gyoen Park (ရှင်ဂျိုကု ဂိုအင် ပန်းခြံ)
ဂျပန်နိုင်ငံ၏ အကြီးဆုံးနဲ့ နာမည်အကြီးဆုံးသော ပန်းခြံတစ်ခုဖြစ်သည်။ ရှင်ဂျုကုဘူတာမှ ၅ မိနစ်လောက်သာ လမ်းလျှောက်သွားရပြီး မြို့ပြဘ၀၏ ဆူညံရှုပ်ထွေးမှုမှ ခဏတာ အနားယူချင်ပါက မဖြစ်မနေ သွားရောက်သင့်ပါသည်။ မတ်လနှင့် ဧပြီလများတွင်လည်း ချယ်ရီးပန်းများ လှပစွာ ပွင့်လန်းလျက်ရှိသည်။[caption id="attachment_1950" align="alignnone" width="1280"]

credit:https://upload.wikimedia.org/wikipedia/commons/thumb/6/69/Shinjuku_Gyoen_National_Garden_-_sakura_4.JPG/1280px-Shinjuku_Gyoen_National_Garden_-_sakura_4.JPG[/caption]ပိတ်ရက်။ တင်္နလာနေ့အချိန်။ မနက် ၉း၀၀ - ညနေ ၄း၃၀တရားဝင် site။ https://www.env.go.jp/garden/shinjukugyoen/english/2_guide/guide.html
၅။ Tokyo Skytree
မီတာ ၆၃၄မြင့်သည့် Tokyo Skytree သည် ဂျပန်နိုင်ငံ၏ အမြင့်ဆုံးသော မိုးမျော်စင် တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ အမှတ်တင်္ကေသ တစ်ခုလည်းဖြစ်သည်။ Tokyo Skytreeပေါ်မှ တိုကျိုမြို့၏ အလှအပများကို တ၀ကြီး ကြည့်ရှုခံစားလို့ရသည်။[caption id="attachment_1951" align="aligncenter" width="500"]

credit:https://c2.staticflickr.com/4/3501/3208917147_38087b23f0.jpg[/caption]ဖွင့်လှစ်ချိန်။ မနက် ၀၈း၀၀ - ညနေ ၁၀း၀၀လမ်းညွန်။ Tokyo Metro Hanzomon Line & Toei Subway Asakusa Line : Oshiage Stationတရားဝင် site။ http://www.tokyo-skytree.jp/en/
၆။ Shibuya (ရှီဘူယာ)
တိုကျိုမြို့၏ လူအထူထပ်ဆုံး လမ်းဆုံတစ်ခုဖြစ်သည်။ အထူးသဖြင့် လူငယ်များအတွက်အထူး စိတ်ဝင်စား လာရောက်သည့် နေရာဖြစ်ပြီး နိုင်ငံတကာခေတ်မှီ ဖက်ရှင်များ ၀တ်ဆင်လျက် ကမ္ဘာ့ယဉ်ကျေးမှုများ ဖလှယ်ရာ နေရာတစ်ခုဖြစ်သည်။ ရှီဘူယာ ရထားဂိတ်နားတွင် နာမည်ကြီးသည့် ဟတ်ချီကို (Hachiko) ခွေးရုပ်လည်း တည်ထားသည်။[caption id="attachment_1952" align="aligncenter" width="640"]

credit:https://upload.wikimedia.org/wikipedia/commons/thumb/4/4e/Shibuya_Night_(HDR).jpg/640px-Shibuya_Night_(HDR).jpg[/caption]ရှီဘူယာ ဘူတာဖြတ်သည့် ရထားလိုင်းများ။JR Yamanote Line, JR Saikyo Line, JR Shonan Shinjuku Line, Hanzomon Subway Line, Ginza Subway Line, Fukutoshin Subway Line, Tokyu Toyoko Line, Tokyu Den-Entoshi Line, Keio Inokashira Line and the Narita Express.တရားဝင် site။ http://play-shibuya.com/
၇. Ginza (ဂင်ဇာ)
ကမ္ဘာ့ခတ်အမှီဆုံး၊ နောက်ဆုံးပေါ်၊ ခေတ်ပေါ် ဖက်ရှင် ဒီဇိုင်းများ၏ ဗဟို ဟုပင်ခေါ်ရမည့် နေရာတစ်မှာ ဂင်ဇာဖြစ်သည်။ ဂင်ဇာ ပတ်ဝန်းကျင်တွင် ဈေးကြီးသည့် ဖက်ရှင်အများအပြား ပြသရောင်းချထားပြီး နေ့လည်ပိုင်းတွင် အများသုံးကားများအား ၀င်ခွင့်မပေးပဲ ပိတ်ထားရသည်အထိ လူအများစိတ်ဝင်စားသောနေရာတစ်ခုဖြစ်သည်။ Kabuki-za Theatre နှင့် Shimbashi Enbujo Theatre ပြဇတ်ရုံများလည်း ဖွင့်လှစ်ထားသည်။[caption id="attachment_1953" align="alignnone" width="1024"]

credit:https://upload.wikimedia.org/wikipedia/commons/thumb/4/4c/Street_at_Ginza_Tokyo.jpg/1024px-Street_at_Ginza_Tokyo.jpg[/caption]ဖွင့်လှစ်ချိန် မနက် ၁၀း၀၀ - ည ၁၀း၀၀တရားဝင် site။ https://www.gotokyo.org/en/tourists/areas/areamap/ginza.html
၈. Akihabara (အကီဟာဘရာ လျှပ်စစ်မြို့တော်)
ကမ္ဘာပေါ်တွင် လျပ်စစ်ပစ္စည်းနှင့်ပတ်သက်သမျှ စုံလင်စွာ ရှာဖွေလို့ရသည့် ကမ္ဘာ့လျပ်စစ်မြို့တော်တစ်ခုပင်ဖြစ်သည်။ နိုင်ငံတကာမှ ခရီးသွားများလည်း မဖြစ်မနေသွားရောက် လည်ပတ်ကြပြီး ဘာသာစကားပေါင်း ၃၀ခန့် စုံစည်းရာနေရာတစ်ခုလည်းဖြစ်သည်။[caption id="attachment_1954" align="alignnone" width="3200"]

credit:https://upload.wikimedia.org/wikipedia/commons/f/fe/Akihabara_Car-free_Zone.jpg[/caption]ဖွင့်လှစ်ချိန်။ မနက် ၁၁း၀၀ - ညနေ ၉း၀၀ (နေ့တိုင်း)လမ်းညွန်။ Hibiya Line – Akihabara Stationတရားဝင် site။ http://akiba.or.jp/english/
၉။ Tsukiji Market (ဆူကီဂျီ ဈေး)
ဆူကီဂျီ ဈေးသည် ကမ္ဘာ့အကြီးဆုံးသော ငါးနှင့်ပင်လယ်အစားအစာများ လက်လီလက်ကားရောင်းချထားသည့် ဈေးတစ်ဖြစ်သည်။ ဝေလငါးမှအစ ပင်လယ်အစာမျိုးပေါင်း ၄၀၀ကျော် ရောင်းချထားပြီး ဈေးဝယ်ခြင်းမဟုတ်ပဲ လေ့လာရုံသက်သက်လာရောက်သူ အနည်းဆုံး ၁၅၀ခန့် နေ့တိုင်း လာရောက်သည့် ဈေးတစ်ခုဖြစ်သည်။[caption id="attachment_1955" align="alignnone" width="3072"]

credit:https://upload.wikimedia.org/wikipedia/commons/c/c9/Tsukiji_fish_market_7.jpg[/caption]ဖွင့်လှစ်ချိန်။ မနက် ၉း၀၀ - မနက် ၁၁း၀၀
၁၀။ Meiji Shrine (မေဂျီ နတ်စင်/ဘုရားကျောင်း)
မေဂျီဘုရားကျောင်းသည် ၁၉၁၅တွင်တည်ဆောက်ပြီး ၁၉၂၆ပြီးစီးသည့် မေဂျီ အင်ပါယာဘုရင်နှင့် သူ၏မိသားစုအား ရည်စူးကာ တည်ဆောက်ထားသည်။ ကျောင်းဝန်းထဲတွင် မေဂျီခေတ်က အသုံးအဆောင်ပစ္စည်းများနင့် ပန်းချီများ၊ ရုပ်ပုံများအားလည်း စုံလင်စွာပြသထားသည်။ လေးစားမှုပြသသည့် အနေဖြင့် ကျောင်း၏ ဂိတ်တွင် အ၀င်နှင့် အထွက်တိုင်းတွင် ဦးညွတ်ရသည်။[caption id="attachment_1956" align="alignnone" width="1200"]

credit:https://upload.wikimedia.org/wikipedia/commons/2/21/Meiji-Jingu-Shrine-01.jpg[/caption]ဖွင့်လှစ်ချိန်။ မနက် ၆း၃၀ - ညနေ ၄း၃၀ (နေ့တိုင်း)လိပ်စာ။ 1-1 Yoyogikamizonocho, Shibuya, Tokyo 151-8557တရားဝင် site။ www.meijijingu.or.jp/english/လမ်းညွန်။ - Tokyo Metro : Chiyoda Line – Meiji Jingu Mae Station- Tokyo Metro : Fukutoshin Line – Meiji Jingu Mae Station