ဂျပန်လူငယ်တစ်စုက တိုကျိုမှာ အမိုက်စား ထိုင်းစားသောက်ဆိုင်တစ်ဆိုင် ဖွင့်လိုက်ကြတဲ့အခါ ဘာတွေများဖြစ်လာမှာပါလဲ

472

      အရမ်းတော့ မထူးဆန်းပါဘူး မဟုတ်လား ? ထိုင်းလူငယ်တွေလည်း ထိုင်းမှာဂျပန်စားသောက်ဆိုင်တွေ ဖွင့်နေကြတာပါပဲ။ ရှော့ပင်းမောတွေက ဂျပန်ဆိုင်အကြီးကြီးတွေတော့ မဟုတ်ဘူးပေါ့။ ထိုင်းအစားအစာက ဂျပန်မှာ လူကြိုက်များပြီး ထိုင်းစားသောက်ဆိုင်အသစ်တွေလည်း ပိုပိုများလာပါတယ်။ ဒါပေမယ့် ဂျပန်က ထိုင်းဆိုင်အများစုက ထိုင်းလူမျိုးပိုင် ဒါမှမဟုတ် ထိုင်းလူမျိုးပိုင်တဲ့ဆိုင်ရဲ့ ဆိုင်ခွဲကို ဂျပန်မန်နေဂျာက ကြီးကြပ်တာမျိုးတွေ ဖြစ်ပါတယ်။       ကျွန်မဘာလို့ ဒီခေါင်းစဉ်ကိုရေးလဲဆိုတာ စဉ်းစားနေကြလောက်ပါပြီ။ အဓိက အကြောင်းအရာကို သွားကြပါစို့။ ကျွန်မဒီနေ့ စားသောက်ဆိုင်တစ်ဆိုင်အကြောင်းရေးဖို့ အင်တာနက်မှာရှာနေရင်း စားသောက်ဆိုင်တွေစုစည်းထားတဲ့ website ကနေ အမှတ်မထင် တွေ့လိုက်တာပါ။ ဖျတ်ကနဲတွေ့လိုက်ရုံနဲ့ ဒီဆိုင်လေးကို သဘောကျမိသွားပါတယ်။1       ဘာကြောင့်လဲဆိုရင် ပထမဆုံးတွေ့တဲ့ပုံက ဂျပန်ဘောလုံးအသင်းအင်္ကျီဝတ်ထားတဲ့ လူငယ်တစ်စုရဲ့ ဓာတ်ပုံပါ။ ဒါဘာများ ထူးခြားလို့ပါလဲ ? ပုံထဲကလူတိုင်းက "ဝေ" လို့ခေါ်တဲ့ လက်အုပ်ချီနှုတ်ဆက်တဲ့ အမူအရာလုပ်ထားတာကြောင့် ဒီဆိုင်က တစ်ခုခုတော့ ထူးခြားလိမ့်မယ်လို့ ခံစားမိပါတယ်။2 3       ဆိုင်နာမည်က "999" ဖြစ်ပြီး ထိုင်းဘာသာနဲ့ "ကော-ကော-ကော" လို့ခေါ်ပါတယ်။ အီဆာကာရစတိုင်နဲ့ ဖွင့်လှစ်ထားတဲ့ ဒီထိုင်းဆိုင်လေးက တိုကျို၊ နာကာနိုမှာ တည်ရှိပါတယ်။ ဒီဆိုင်က ကျွန်မတို့ဂျပန်မှာတွေ့နေကျ ထိုင်းစားသောက်ဆိုင်တွေနဲ့ မတူပါဘူး။4       ကျွန်မနောက်ထပ်ဓာတ်ပုံတွေအများကြီး ကြည့်လိုက်တဲ့အခါမှာတော့ ဒီဆိုင်က လူငယ်တစ်စု ဖွင့်ထားတာလို့ သိလိုက်ရပါတယ်။ ဆံပင်ရွှေရောင်နဲ့ ကောင်မလေးက ခေါင်းဆောင်ဖြစ်ပါလိမ့်မယ်။5 6 7 8       ဒီမှာ ထိုင်းလက်ဝှေ့ပွဲတွေလည်း ကြည့်လို့ရပါတယ်။10 11       ဆိုင်အတွင်းကို ကြည့်လိုက်ရင်တော့ ဒီဂျပန်လူငယ်လေးတွေ ထိုင်းကို ဘယ်လောက်ချစ်ကြောင်း သိနိုင်ပါတယ်။ သူတို့က ထိုင်းနိုင်ငံမှာ အတော်ကြာနေထိုင်ခဲ့တာ၊ ဒါမှမဟုတ် ထိုင်းနိုင်ငံကို အကြိမ်ကြိမ်ရောက်ဖူးပုံပေါ်ပါတယ်။ ထိုင်းလမ်းဘေးစားသောက်ဆိုင်တွေ ပုံစံအတိုင်း အသေးစိတ်ပြင်ဆင်ထားလို့ပါပဲ။12       ဆိုင်ရှေ့က မီနူးကိုလည်းကြည့်ပါအုံး။ ထိုင်းလူမျိုးတွေတွေ့ရင်တော့ သဘောကျပြီး ပြုံးမိမှာ သေချာပါတယ်။13       မီနူးတွေကို လက်ရေးနဲ့ရေးထားတာ အရမ်းချစ်စရာကောင်းပါတယ်။14       နေရာကပဲ သဘောကျစရာကောင်းတာ မဟုတ်ပါဘူး၊ အစားအစာတွေကလည်း ထိုင်းရိုးရာစစ်စစ် တုန်ယမ်းဟင်းချို၊ ပတ်ထိုင်း၊ ကြက်ကြော်နှင့် အရွက်သုပ်စတာတွေ စုံစုံလင်လင်ရရှိနိုင်ပါတယ်။15 16       အံ့သြစရာကောင်းတာက ကြက်သားနဲ့ ထမင်းတစ်ပွဲကို ၉၉ ယန်းပဲ ကျတာပါပဲ။17       နံနံပင်တစ်ပုံးလုံးက ယန်း ၅၀၀ ပါ။ ဂျပန်မှာက နံနံပင်ကြိုက်တဲ့သူတွေက အများကြီးစားကြသလောက် မကြိုက်တဲ့သူကိုတော့ ဟင်းပေါ်မှာအလှဆင်ဖို့တောင် ထည့်ပေးလို့မရပါဘူး။18 19       မဖြစ်မနေမှာသင့်တာက ထိုင်းဘီယာပါ။20       အာ! ဒီဆိုင်ကို ဘာကြောင့် ၉၉၉ လို့ခေါ်လဲသိသွားပြီ၊ ၉ လပိုင်း ၉ ရက်နေ့မှာ စဖွင့်ခဲ့တာကြောင့်ပါ။21 22       အရသာကောင်းမွန်မှုကို အာမခံနိုင်ကြောင်း ဒီကစားဖိုမှူးရရှိထားတဲ့ ဆုလက်မှတ်က သက်သေပြနေပါတယ်။       ဒီပုံတွေကြည့်ပြီး သင်ဘယ်လိုခံစားရပါသလဲ? ကျွန်မလိုပဲ သဘောကျသွားပြီလား? မီးတွေလင်းထိန်ပြီး ရှုပ်ရှက်ခတ်နေတဲ့မြို့ကြီးမှာ ထိုင်းလူမျိုးတွေအနေနဲ့ တခါတရံ ကိုယ့်ဒေသကပတ်ဝန်းကျင်မျိုး လိုချင်ကြမှာပါပဲ။ ဒီနေရာက ညဘက်မှာ ကြက်ဆီထမင်းလေးစားရင်း ဘတ် ၂၀ တန် ထိုင်းကော်ဖီလေးကို သတိရစေမယ့် နေရာမျိုးပါပဲ။ တိုကျိုရဲ့ရှုပ်ထွေးမှုတွေကို ခဏတာ မေ့ပျောက်စေမှာပါ။       အခုက ဓာတ်ပုံတွေပဲ ကြည့်ရသေးတာပါ။ ကျွန်မ ဒီဆိုင်ကို မရောက်ဖူးပါဘူး၊ ဒါပေမယ့် ခဏနေ သွားစားတော့မှာပါ၊ ဟားဟား။       စိတ်ဝင်စားလို့ သွားချင်တဲ့သူများအတွက် နာကာနိုဘူတာမှာဆင်း၊ မြောက်ဘက်ထွက်ပေါက်ကနေ ၅ မိနစ်လောက် လျှောက်သွားရင် ရောက်ပါပြီ။လိပ်စာက ၅-၅၃-၁၀၊ နာကာနိုကု၊ တိုကျို၊ ဂျပန် ပါ။