တိုကျိုရဲ့ Hipster မြို့တော်လို့ ခေါ်တဲ့ Shimokitazawa သို့ သွားလည်ကြည့်ပါ

1,661

Hipster စတိုင်ကတော့ အခုအရမ်းခေတ်စားနေပါတယ်။ ထိုင်း hipster တွေလိုပဲ ဂျပန်hipster တွေလည်း စတိုင်တူကြပါတယ်။ ဒီနေ့တော့ ကျွန်မအနေနဲ့ hipster မြို့တော်လေးကို အလည်သွားရင်း သူတို့ ဘယ်မှာ ဈေးဝယ်လေ့ရှိလဲဆိုတာပါ သိရှိခဲ့ရပါတယ်။ အဲဒီမြို့လေးကတော့ “Shimokitazawa” ဆိုတဲ့ Hipster မြို့ လေးဖြစ်ပါတယ်။2ကျွန်မတို့အနေနဲ့ ဆယ်ကျော်သက်လေးတွေက မဂ္ဂဇင်းထဲက အတိုင်း ၀တ်ဆင်ကြတာကို မြင်ရတဲ့အခါမှာ သူတို့ ဒီလိုစတိုင်ကျတဲ့ second hand(၀တ်ပြီးသား) အင်္ကျီလေးတွေ ဘယ်က၀ယ်လဲဆိုပြီး သိချင်ကြမှာပါ။ ကျွန်မမှာ အဲဒီမေးခွန်းအတွက် အဖြေရှိပါတယ်။ Shimokitazawa ဆိုတဲ့ hipster တွေအတွက် မြို့လေးပါ။ ကျွန်မတို့လို ကျောင်းသူတွေအတွက် သင့်တင့်လျောက်ပတ်တဲ့ဈေးနှုန်းနဲ့ second hand အင်္ကျီလေးတွေ ၀ယ်လို့ရတဲ့နေရာကောင်းလေးတခုပေါ့ရှင်။Second hand ဆိုင် (ဘေထုပ်ဆိုင်) တွေကတော့ အင်္ကျီတွေကို ဈေးသက်သက်သာသာနဲ့ရောင်းကြပါတယ်။ အားလုံးကို ယမ် ၅၀၀ ဒါမှမဟုတ် တချို့နေရာမှာ ယမ်၁၀၀ နဲ့တောင် ရနိုင်တယ်။ သင်ကံကောင်းရင် အမျိုးအစားကောင်းတာတွေပါ ရနိုင်တယ်။3 4“Shimokitazawa” လေးကတော့ ချစ်ဖို့ကောင်းတဲ့ ကော်ဖီဆိုင်နဲ့ hipster အင်္ကျီဆိုင်တွေ များတဲ့မြို့လေးပါ။ ကျွန်မတို့လို အနုပညာဘက်ဆိုင်ရာ ကျောင်းသူတွေအတွက်လည်း ဈေးသက်သာတဲ့ ဘေထုပ်ဆိုင်တွေ၊ အနုပညာလက်ရာမြောက်တဲ့ vintage ဆိုင်တွေပါ ရှိတယ်လေ။ နောက်ပြီးတော့ အရသာရှိတဲ့ အစားအစာတွေကိုလည်း သင့်တင့်တဲ့ဈေးနဲ့ရနိုင်တယ်။ ကျွန်မတို့ လျှောက်လည်ရင် လုံးဝမပျင်းစေမယ့် နေရာလေးပါ။5 6ကျွန်မတကယ်ပြောချင်တာကတော့ ဒီနေရာလေးက hipster အစစ်တွေအတွက်ပါ။ မြို့ထဲက ကော်ဖီဆိုင်လေးတွေကလည်း အေးမြလန်းဆန်းစေတဲ့ ပတ်ဝန်းကျင်အငွေ့အသက်လေးတွေ ပေးလို့ စီးပွားရေးမြို့တော်နဲ့ လုံးဝကွာခြားစေပါတယ်။ နောက်ပြီး ဘေထုပ်ဆိုင်တွေမှာလည်း နာမည်ကြီးတံဆိပ်နဲ့ အင်္ကျီတွေကအစ အမေရိကန်နိုင်ငံကတင်သွင်းတဲ့ အင်္ကျီတွေပါ ယမ် ၁၀၀၀ ထက်နည်းတဲ့ ဈေးနှုန်းနဲ့ ရနိုင်တယ်။7သုံးပြီးသား အိမ်သုံးပစ္စည်းလေးတွေ ရောင်းချတဲ့ဆိုင်လည်း ရှိသေးတယ်နော်။ နောက်ပြီး ပိုစိတ်ဝင်စားစရာ ကောင်းစေတာက နာမည်ကြီးကော်ဖီဆိုင်တွေဖြစ်တဲ့ cat cafe, drift coffee shop, healthy shop တွေကြောင့်လည်း ဖြစ်ပါတယ်။8 9သင် ဒီကိုလာလည်ရင် “ ဒီနေရာက hipster တွေရဲ့ မူလအစ ပေါ်ပေါက်တဲ့နေရာလား” ဆိုပြီး မေးမိမှာပါ။ နောက်တစ်ခုပြောချင်တာက  သင်ဒီကို လာလည်ရင် နေ့ခင်းပိုင်းလောက်မှ လာတာပိုကောင်းပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဆိုင်အများစုက နေ့လယ် ၁၁နာရီ နောက်ပိုင်းမှ ဖွင့်ကြလို့ပါ။ လူအများစုကတော့ ညနေပိုင်းလောက်မှ လာကြပါလိမ့်မယ်။10ဒီကို လာဖို့လမ်းညွှန်ရတာတော့ လွယ်ပါတယ်။ Shinjuku မှတ်တိုင်ကနေ Odakyu line ရထားစီးပြီး Shimokitazawa မှတ်တိုင်မှာ ဆင်းပါ။ သို့မဟုတ် Shibuya မှတ်တိုင်ကနေ Keio line ကို စီးပြီး Shimokitazawa မှတ်တိုင်မှာ ဆင်းပါ။11တစ်ရက်လောက် Hipster ဖြစ်ကြရအောင် ။
Name *
Email *
Message *