Select Language
Toggle navigation
Home
History
Food
Travel
Shopping
Hobby
Japan I Know
Search
close
Japan List
>
Shinjuku Gyoen( 新宿御苑 )ဂျိုးအန်းအမျိုးသားဥယျာဉ်
Shinjuku Gyoen( 新宿御苑 )ဂျိုးအန်းအမျိုးသားဥယျာဉ်
Tweet
6,602
ဂျပန်နိုင်ငံမှာ လူရှုပ်လူပွေ လူရမ်းကားနဲ့ ဂျပန် လူမိုက် ယာကူဇာတွေက ကျင်လည်နေခဲ့တဲ့ နေရာလို့ ပြောရင် Shinjuku( ရှင်ဂျုကု )ဆိုတာ ဂျပန်နိုင်ငံကို မရောက်ဖူးတဲ့ သူတွေတောင် သိကြပါတယ်...။နာမည်ကြီးတဲ့ ယာကူဇာ ရုပ်ရှင်တချို့ က Shinjuku က Kabukicho (歌舞伎町)ဆိုတဲ့ နေရာမှာ ယာကူဇာရုပ်ရှင် ဇာတ်လမ်းတွေ ရိုက်တာက များတယ် ခင်ဗျ။ တချိန်တုန်းက ဒါးနဲ့ ခုတ် သေနတ်တွေနဲ့ ပစ်ပြီး ကြမ်းတမ်းခဲ့တဲ့ နယ်မြေဖြစ် ခဲ့ဖူး ပါတယ်။ယ္ခုလည်း ယာကူဇာတွေက ရှိနေပေမဲ့  အရင်ကလောက်တော့ မကြမ်းတော့ပါဘူး။ဒီလိုနေရာမျိုးမှာပဲ တိုကျိုမြို့ ရဲ့ အိုအေစစ် လို့ ပြောလို့ ရတဲ့ နေရာတခုရှိတယ်လို့ ပြောရင် ခင်ဗျားတို့ တတွေယုံကြပါ့မလား .....။တိုကျိုမှာနေနေရဲ့ သားနဲ့ သတိ မထားမိတာလည်းရှိမယ်၊မကြုံ ကြိုက်တာလည်း ဖြစ်မယ်။[caption id="attachment_2543" align="aligncenter" width="533"]
credit:http://blogimg.goo.ne.jp/[/caption][caption id="attachment_2537" align="aligncenter" width="599"]
credit:https://retrip.s3.amazonaws.com[/caption]ခင်ဗျားတို့ ကိုလည်း အပြစ် မမြင်ပါဘူး ။ ကျွန်တော်သိတဲ့ ဂျပန်လူမျိုးတချို့ ကလည်း အဲဒီနေ ရာမှာရှိတာ သိပေမဲ့ တခါမှအထဲ အထိမဝင်ဖူးတဲ့ သူကတော်တော် များပါတယ်။ရှင်ဂျုးကု ဆိုတဲ့ ဘူတာ ကနေ ထွက်ရင် ၁၀မိနစ်ဆိုတဲ့ နေရာမှာ ရှိပါတယ်။အမေရိကန်နိုင်ငံက Central Park လိုပဲဂျပန်နိုင်ငံရဲ့  မြို့လယ်ခေါင် မှာရှိတဲ့ အရမ်းကြီး အရမ်းလှပတဲ့ ပန်းခြံကြီးက Shinjuku Gyoen( 新宿御苑 )ဂျိုးအန်းအမျိုးသားဥယျာဉ်လို့ ခေါ်ပါတယ်။Shinjuku Gyoen (新宿御苑 )ဆိုတဲ့ပန်းခြံဟာ Edo ခေတ် (၁၆၀၃-၁၈၆၇ ) မှာ ဘုရင်အားထား ရတဲ့အမူထမ်း Naito{ 内藤=ないとう }ဆိုတဲ့သူရဲ့အိမ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပန်းခြံရဲ့လိပ်စာ က ယ္ခုထိNaito( 内藤=ないとう )ဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ အမျိုးမျိုးပြောင်းပြီး ဂျပန်နိုင်ငံက ဘုရင်နဲ့ဘုရင့်ဆွေမျိုး ဆက်တွေ ကလည်း ချယ်ရီပန်းကြည့် ပွဲနဲ့ အမျိုးမျိုးအသုံးချခဲ့ပါတယ်။ ၁၉၄၉ ၅လပိုင်း၂၁ရက်နေ့မှာ တော့ Shinjuku Gyoen ကို အမျိုး သားဥယျာဉ် 「国民公園新宿御苑」အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ယ္ခုခေတ်မှာလည်း (4)လ ပိုင်းအစရောက်ရင် ဂျပန်ဝန်ကြီးကပဲ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့အစိုးရ ဝန်ထမ်း အနုပညာရှင် အားက စားထူးချွန်သူနဲ့ နိုင်ငံအတွက် အဓိ ကကျတဲ့ လူ၁သောင်းနီးပါးကို ဖိတ်ခေါ်ပြီး ပန်းကြည့် ပွဲတော်ကို လုပ်တာဟာ အစဉ်အလာလို ဖြစ်လို့ နိုင်ငံရဲ့အဓိကပန်းခြံတခုလည်း ဖြစ်နေပါပြီ။[caption id="attachment_2547" align="aligncenter" width="600"]
credit:http://i.samurai-japan.co/[/caption]အထဲကအကျယ်က 583,000m2အထိ တောင်ရှိပါတယ်။Gyoen ရဲ့ပန်းခြံထဲမှာပဲ ဂျပန် style ၊အင်္ဂလိပ် style ၊ပြင်သစ် style ၊ထိုင်ဝမ် style ဆိုပြီးမရိုးရအောင် သူ့နိုင်ငံနဲ့သူ့  style လေးတွေနဲ့ သပ်သပ်ဆီခွဲပြီးလုပ်ထားတဲ့ ပန်းခြံလေးတွေ တွေ့ရမှာပါ။ကျွန်တော်ကတော့ ထိုင်ဝမ် styleပန်းခြံကို ကြိုက်လို့ ရောက်တိုင်း အဲဒီနေရာမှာခပ်ကြာကြာ နေတတ်တယ်ခင်ဗျ။ တခါတလေများဆို မြက်ခင်းပေါ်မှာအခင်း ခင်း ပြီးအိပ်လိုက်တာ ခဏခဏပါပဲ...။အော် ဒါနဲ့မမေ့ခင်ပြောရ အုန်းမယ် ခင်ဗျ၊အဲဒီကိုသွားမယ်ဆိုရင်တော့ တစ်ရာတန်ဆိုင်က အခင်းနဲ့ အထဲ မှာစားမဲ့ အစားအစာ တော့ယူသွားဖို့ မမေ့ပါနဲ့။အရက် Beer မျိုးတော့ အဝင်ဝမှာ စစ်လို့တွေ့ရင် အသိမ်းခံရမှာဖြစ်ပါတယ်။ သောက်တတ်ရင်တော့ အထဲကျမှဝယ်ပါ ဈေးတော့ကြီးတယ်ဗျ။ဂျိုးအန်းအမျိုးသားဥယျာဉ်ဟာ ၁၉၅၈ မှာတော့ အွန်းရှိစု温室=おんしつ ( green house )ကို ပါဖွင့်လှစ်လိုက်ပါတယ်။အဲဒီခေတ်မှာတော့ အာရှနဲ့အနောက်နိုင်ငံတွေက ဒီ green house ကို အကောင်းဆုံးအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ လူတတ်ကြီးလုပ်တယ်တော့ မထင်ပါနဲ့ green house ဆိုတာကို ရှင်းပြချင်ပါတယ်။အကြမ်း အား ဖြင့်ပြောရရင်တော့ အခန်းတခုကို နွေးနေအောင်လုပ်ထားပြီး အပင် များ ကို စိုက်ပျိုးခြင်းကို ခေါ်ပါ တယ်။Shinjuku Gyoen မှာရှိတဲ့ green house ကတော့နွေရာသီ မှာပဲပေါက်တဲ့ အပင်တွေကို အဆောက်အဦးကြီးတခုလုံးကို အပူပေးပြီးစိုက်ထားပါတယ်။ဆောင်းတွင်းဖြစ်နေသည့်တိုင်အောင် နွေရာသီပင်တွကို အဆောက်အဦးကြီးအကြီးထဲမှာ စိုက်ပျိုးထားတာ တွေ့ရမှာပါ။ အွန်းရှိစု ( green house )က ညနေ ၁၅:၃၀ ထိပဲ ဖွင့်လို့ အထဲရောက်ရင်ပထမ ဦးစာပေးအနေဲ့ကြည့်စေချင်ပါ တယ်။
ပန်းခြံထဲမှာတော့ အဖြူအနီအဝါ အရောင်ပေါင်းစုံနဲ့ ပေါက်နေတဲ့ သူ့ရာသီပန်းတွေက ဝေဝေဆာဆာနဲ့ပွင့်နေတာမြင်ရမှာပါ။Sakura အပင်တခုထဲတင် ၆၅မျိုးရှိပြီး အပင်ပေါင်း၁၁၀၀ကျော်ရှိပါတယ်။ ဒီလို အမျိုးပေါင်းစုံလို့ လည်း ၂လပိုင်းကနေ ၄လပိုင်းထိ ချယ်ရီပန်းအလှကြည့်တာကို အချိန်ကြာကြာ ကြည့်ခွင့် ရပါတယ်။ပန်းပေါင်းစုံ စိုက်ထားတဲ့ ဒီပန်းခြံဟာ ဘယ်အချိန်သွားသွား သူ့ ရာသီပန်းက အမျိုးပေါင်းစုံ ပွင့် နေပါတယ်။၅ လပိုင်းဒီအချိန်ဆို ရင် အဂျီးစိုင် (アジサイ) ဆိုတဲ့ ဂျပန် လူမျိုးအကြိုက်ပန်းနဲ့バラrose、サツキazalea、ホオノキMagnolia နှင့်တခြားပန်းများက ဝေဝေဆာဆာ ပွင့်နေပါတယ်။
ပန်းခြံထဲရောက်သွားရင် စားတာသောက်တာ မြက်ခင်းပေါ်မှာ အခင်းခင်းပြီး (သတ်မှတ်တဲ့ နေရာ)ထိုင်တာ မျိုးမှာ ဘယ်သူမှ ဘာမှ လာမပြောပါဘူး။ဒါပေမဲ့လည်း ကိုယ်ယူသွားတဲ့ အမှိုက်များကိုတော့ အပြန်လမ်းမှာရှိတဲ့ အမှိုက်ပုံးတွေထဲကို ခွဲပြီးထည့် ပေးစေချင်ပါတယ်။နောက်တခု သတိထားရမှာက ကိုယ်ဝင်ခဲ့တဲ့ အပေါက်ကို မှတ်ထားပါ။ အရမ်းကြီးတဲ့ ပန်းခြံဖြစ်လို့ ထွက်ပေါက် တချက်မှားသွားတာနဲ့ ဘူတာတခုစာလောက်( နာရီဝက်ခန့် )ပိုပြီး လှမ်းလျှောက်ရမှာဖြစ် ပါတယ်။ပိတ်ရက်။ တနင်္လာနေ့ ( တနင်္လာ နေ့  က တနိုင်ငံလုံးပိတ်ရက်ဖြစ်ရင် ၊အဲဒီနေ့ကဖွင့်ပြီးနောက်ရက် ပိတ် ပါတယ်။)ဝင်ကြေး=အလယ်တန်းကျောင်းသားအထိကို ယမ်း၅၀ ပဲပေးရပြီး။အထက်တန်းကျောင်းသားနဲ့လူကြီးများက ယမ်း၂၀၀ပေးရပါတယ်။အချိန်။ မနက် ၉း၀၀ – ညနေ ၄း၃၀လိပ်စာ=〒160-0014 Tokyoto shinjuku ku Naito machi No.11■所在地〒160-0014 東京都新宿区内藤町11番地Myo Tint.
Tweet
Recommended Articles
View 5620
ဂျပန်နိုင်ငံက ရုပ်ရှင်ရိုက်ကူးသည့် နာမည်အကြီးဆုံးနေရာ (၅)ခု
View 4173
တိုကျိုမှာ အကောင်းဆုံး ကာရာအိုကေဆိုင် (၅)ဆိုင်
View 6706
ဗိုလ်ချုပ်အောင်ဆန်း တို့ ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့တဲ့ အိုးခုစ တောင်ပေါ်(ōkusa yama) အလည်သွားကြမလား....
View 5102
Tokyo Bay Aqua Line
View 6603
Shinjuku Gyoen( 新宿御苑 )ဂျိုးအန်းအမျိုးသားဥယျာဉ်
Search
Area
TOKYO
KYOTO
OSAKA
HIROSHIMA
NARA
OKINAWA
KANAGAWA
CHIBA
WAKAYAMA