Select Language
Toggle navigation
Home
History
Food
Travel
Shopping
Hobby
Japan I Know
Search
close
Japan List
>
MIE
>
မီ(Mie)မြို့က သာယာလှပတဲ့ ဆန်ပိုကကု(Senpokaku) ဟိုတယ်အကြောင်း
မီ(Mie)မြို့က သာယာလှပတဲ့ ဆန်ပိုကကု(Senpokaku) ဟိုတယ်အကြောင်း
Tweet
2,095
မင်္ဂလာပါ။
ဒီနေ့ ကျွန်မတို့အဖွဲ့က မီမြို့က ဟိုတယ်လေးတစ်ခုမှာ အနားယူ အပန်းဖြေနိုင်ဖို့ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဟိုတယ်ကို မသွားခင်မှာ ဒီမြို့ရဲ့နာမည်ကျော် ဘုရားကျောင်းကို အရင်ဝင်ပြီး ဖူးမျှော်ကြရအောင်။
Ise Grand ဘုရားကျောင်း
လမ်းညွှန် - Ise-shi မှတ်တိုင်မှ ဘတ်စ်ကားဖြင့် ၁၀ မိနစ်ခန့်သွားလျှင် ရောက်ပါပြီ။
Ise-jingu ဘုရားကျောင်းဟာ ရှင်းတိုဘာသာဘုရားကျောင်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်တည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။ တန်ခိုးကြီးမားပြီး ထူးခြားဆန်းကြယ်တဲ့ နေရာတစ်ခု အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဘုရားကျောင်းအတွင်းဘက်မှာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ခွင့်မရှိပါဘူး။ ဂျပန်လူမျိုးတွေမှာ ဒီဘုရားကိုလာရောက်ပြီး နေနတ်ဘုရားလို့ ခေါ်ဆိုတဲ့ Amaterasu နတ်ဘုရားကို ပူဇော်လေ့ရှိကြပါတယ်။ တော်ဝင်မိသားစုတွေက ဒီနတ်ဘုရားကနေ ဆင်းသက်လာတယ်လို့လည်း ယုံကြည်ကြပါတယ်။
နှစ်ပေါင်း ၂၀ ပြည့်တဲ့အခါတိုင်း ဒီဘုရားကျောင်းကို ပြန်လည်မွမ်းမံပြီး မူလပုံစံမပျက်စီးရလေအောင် ထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ်။ လက်မှုပညာသည်မျိုးဆက်သစ်တွေအတွက် ပညာအမွေ လက်ဆင့်ကမ်းရာနေရာလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားကျောင်းရဲ့ တည်နေရာက နှစ် ၂၀ ကြာတိုင်း ပြောင်းလဲလေ့ရှိပါတယ်။ မြေနေရာ ၂ ခုရှိတယ်လို့ သိရပြီး အနှစ် ၂၀ ကို တစ်နေရာ အသုံးပြုပါတယ်။ လာရောက်ဖူးမြော်သူများကတော့ ဘယ်အချိန်မဆို လာရောက်နိုင်ပါတယ်။ ဘုရားကျောင်းရဲ့ ဖွဲ့စည်းပုံက အမြဲတစ်ပုံစံထဲပါပဲ။ အီဒိုခေတ်တုန်းက ဂျပန်လူမျိုးတွေရဲ့ ၃ ပုံ ၁ ပုံခန့်က ဒီဘုရားကျောင်းမှာ လာရောက်ပူဇော်ကြတယ်လို့လည်း သိရပါတယ်။ ယခုအချိန်အထိ ဂျပန်လူမျိုးတွေက တသက်မှာ တစ်ကြိမ်တော့ Ise ဘုရားကျောင်းကို ရောက်အောင်သွားရမယ်လို့ ယုံကြည်ချက်ရှိကြပါတယ်။
အဲဒီနောက်မှာတော့ ကျွန်မတို့ဟာ တိုဘာက Senpokaku ဟိုတယ်မှာ တည်းခိုဖို့ သွားခဲ့ကြပါတယ်။
လမ်းညွှန် - မြေအောက်ရထားစီးပြီး တိုဘာဘူတာမှာဆင်းပါ။ ဟိုတယ်မှ အကြိုအပို့ဘတ်စ်ကားများက မိနစ် ၂၀ ကို ၁ စီးလာပါတယ်။ တိုဘာဘူတာ၊ ကင်တက်ဆုလိုင်းမှာ စောင့်စီးရုံပါပဲ။
ဟိုတယ်ဘိုကင်ပြုလုပ်ရန် အောက်ပါဓာတ်ပုံကို နှိပ်ပါ။
ဈေးနှုန်းနမူနာတွေ ဖြစ်ပါတယ်။
Check in ဝင်ကြစို့။ ဒီဟိုတယ်က တောင်ကုန်းပေါ်မှာရှိတာကြောင့် ကျွန်မတို့ အခန်းကနေ တိုဘာပင်လယ်ကွေ့ကို လှမ်းမြင်နိုင်ပါတယ်။
အခန်းပုံစံ
ညစာ
မီမြို့ရဲ့ နာမည်ကျော်အစားအစာကတော့ ဧရာမရေချိုပုစွန်တွေ ဖြစ်ပါတယ်။
ပုစွန်တွေက set မီနူးမှာ မပါတာကြောင့် ပိုက်ဆံထပ်ပေးဖို့ လိုပါတယ်။
ညစာစားဖို့ ကြိုတင်ဘိုကင်ယူထားသူများအတွက် ရေပန်းအကနှင့် ဖျော်ဖြေပေးပါတယ်။
မနက်စာ
ရေပူစမ်းလည်း ရှိပါတယ်။
ဟိုတယ်ရဲ့ ၇ ထပ်မှာ ပန်းခြံလေးတစ်ခု ရှိပါတယ်။ ညိမ့်ညောင်းတဲ့ ဂီတသံလေးတွေနဲ့ ရေပူစမ်းမှာ ခြေထောက်စိမ်ရင်း ပင်လယ်ရှုခင်းကို ခံစားနိုင်မယ့် ချစ်စဖွယ်ဥယျာဉ်လေး ဖြစ်ပါတယ်။ ဧပြီလဆို ဆာကူရာပန်း၊ မေလမှာဆို ကြက်တူရွေးပန်း အစရှိတဲ့ ရာသီအလိုက် လှပတဲ့ ပန်းမျိုးစုံရှိပါတယ်။
အမှတ်တရပစည်းဆိုင်
ပုလဲရတနာဆိုင်
နောက်ထပ်ပြန်လည်ဆုံတွေ့ကြပါစို့။
Tweet
Recommended Articles
View 5519
ဂျပန်နိုင်ငံက ရုပ်ရှင်ရိုက်ကူးသည့် နာမည်အကြီးဆုံးနေရာ (၅)ခု
View 4087
တိုကျိုမှာ အကောင်းဆုံး ကာရာအိုကေဆိုင် (၅)ဆိုင်
View 6606
ဗိုလ်ချုပ်အောင်ဆန်း တို့ ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့တဲ့ အိုးခုစ တောင်ပေါ်(ōkusa yama) အလည်သွားကြမလား....
View 4999
Tokyo Bay Aqua Line
View 6498
Shinjuku Gyoen( 新宿御苑 )ဂျိုးအန်းအမျိုးသားဥယျာဉ်
Search
Area
TOKYO
KYOTO
OSAKA
HIROSHIMA
NARA
OKINAWA
KANAGAWA
CHIBA
WAKAYAMA