(ဆ)ဂျပန်ဘုရားရှစ်ခိုးပုံ
နှစ်ခါဦးညွတ်၊ နှစ်ခါ လက်ဝါးတီးပြီး တစ်ခါ ဦးညွတ်ခြင်းပါ..ဂျပန်လိုဆိုရင်ဖြင့် `နီဟိုင်၊ နီ ဟက်ခုရှုး၊ အိ ဟိုင်` လို့ခေါ်ပါတယ်..။ ဒီလို ဂါရ၀ပြုခြင်း အဓိပ္ပာယ်ကတော့ ဦးစွာပထမ အရိုအသေပေးတဲ့အနေနဲ့ ဘုရား(သို့)နတ် ကို ဦးညွတ်ပြီး ဂါရ၀ပြုပါတယ်..။ နောက်တော့ မိမိရောက်ရှိကြောင်း ဘုရား(သို့)နတ် သိအောင် လက်ခုပ်တီးပြီး အသိပေးခြင်းပါ..။ အလှူငွေ အဖြစ် ဂျပန်ယန်း ၅ ယန်း စေ့ကို `ဂလောက်`ဆိုပြိး အသံမည်အောင် အလှူခံပုံးထဲပစ်ထည့်သူများရှိသလို ခေါင်းလောင်းဆွဲပြီး အသိပေးတာမျိုးလည်း ရှိပါတယ်။မိမိတောင်းလိုတဲ့ဆု၊ ပြောချင်တဲ့စကား၊ ပို့ချင်တဲ့မေတ္တာများပို့ပြီး ကျေးဇူးတင်တဲ့အနေနဲ့ နောက်ဆုံးပြန်ခါနီးမှာ တစ်ခါဦးညွတ်ပြီး ဂါရ၀ပြုနှုတ်ဆက်ခြင်းပါ..။အကယ်၍ သင်ဟာ ဂျပန်ဘုရား(သို့)နတ်ကျောင်းမှာ ဒီလို ဂါရ၀ပြုမယ်ဆိုရင် အနီးအနားမှာရှိတဲ့ ဂျပန်တွေက အလွန့်အလွန်ကို လေးလေးစားစားနဲ့ ပြုံးပြီးကြည်ခံရမှာဖြစ်ပါတယ်..။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားသားဖြစ်ပြီး သူတို့ရဲ့ ဘုရားရှစ်ခိုးပုံကို သိနေလိုပါ.. မြန်မာတွေ ဘုရားရှစ်ခိုးပုံကိုလည်း နှစ်သက်ကြပါတယ်..။`ကြာငုံအသွင် နဖူးပြင်၊ ဦးတင်ထားလိုက်ပါ..ခြေ လက် နဖူး တံတောင် ဒူး ငါးဦးညီညွှတ်စေ..` ဆိုတဲ့ ဆုံးမစကားအတိုင်းဖိနပ်ချွတ်ပြီး ရိုရိုသေသေနဲ့ ဦးချကန့်တော့တာကိုလည်း ကဲ့ရဲ့ခြင်း၊ ရှုံချခြင်းမရှိတဲ့အပြင် လေးလေးစားစားနဲ့ကို လေ့လာကြည့်ရှုပါတယ်..။ချစ်စရာ ဂျပန့်ဓလေ့ စရိုက်လေးပါ..။[caption id="attachment_2268" align="aligncenter" width="295"]

credit:http://www.tokyo-foreigners.com/[/caption]
(ဇ)ဂျပန်မှာ ဘာသာရေးအစွန်းရောက်မှုများရှိသလား..
မှတ်မိကြဦးမလားမသိဘူး..၂၀၁၁ ခုနှစ် ဇူလိုင်လ(၂၂)ရက် သောကြာနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ လူပေါင်း ၉၁ ယောက်ကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ်ရှိ နော်ဝေလူမျိုး `အန်းဒါးစ်ဘဲရင်း ဘရီဗစ်` က ဂျပန်သည် လူမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံစနစ်ကိုငြင်းပယ်ပြီး အစွန်းရောက်မွတ်စလင်ဝါဒ ပျံ့နှံ့နေမှုကို ထိန်းချုပ်ထားနိုင်ခြင်းအတွက် လေးစားကြောင်း ချီးကျူးစကားပြောဆိုခဲ့ဖူးတဲ့ ကိစ္စလေးပါ..။ ဟုတ်ပါတယ်..ဂျပန်မှာ မူစလင်ဝါဒသာမက ထေရ၀ါဒလည်းမရသလို ခရစ်ယာန်လည်း အစွန်းရောက်လို့ မရပါဘူး..။ မရအောင်လည်း အစိုးရက ပညာသားပါပါနဲ့ ထိန်းချုပ်ထားသလို(ဆိုလိုတာက အများပြည်သူ အနှောက်အယှက်ဖြစ်အောင် အသံကျယ်ကျယ်ဖြင့် ၀တ်ပြုဆုတောင်းခြင်း၊ မေတ္တာပို့ အမျှဝေခြင်း၊ ကောင်းချီးပေးခြင်း အစရှိသည်ဖြင့်) ဂျပန်ပြည်သူအများစုကလည်း ဘာသာတရားအပေါ် အလွန်အကျွံ သက်ဝင်ယုံကြည်ခြင်းမရှိကြလို့ပါ..။[caption id="attachment_2261" align="aligncenter" width="591"]

credit:http://nameberry.com/[/caption][caption id="attachment_2260" align="aligncenter" width="600"]

credit:http://3.bp.blogspot.com/[/caption][caption id="attachment_2262" align="aligncenter" width="600"]

credit:http://cdn.tokyotimes.com/[/caption]
(ဈ)ဗေဒင်၊ ယတြာ တွေ အပေါ်မှာရော..
ပိုတောင်ဆိုးပါသေးတယ်..။ ဗေဒင်ဆရာများရှိပေမယ့် စိတ်အပျော်သဘောမျိုး မေးကြ မြန်းကြတာပါပဲရှိပါတယ်..။ ဂျပန်မှာ ဗေဒင်ဆရာလည်း အလုပ်လုပ်ကြသလို မိမိအားလပ်တဲ့အချိန်မှာ အပျင်းပြေသဘောမျိုး ဟောခြင်း ပြောခြင်းလုပ်ကြတာများပါတယ်..။ ဗေဒင်ဟောပြီး ရပ်တည်မယ်ဆိုရင်ဖြင့် သင် ငတ်သွားမှာဖြစ်ပါတယ်..။
(ည) ဘာကြောင့် ဒီလိုဖြစ်ရတာလဲ..
ဒါလည်းရှင်းပါတယ်..။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကိုယ်အလုပ်လုပ်မှ ကိုယ်အသက်ရှင်ရမယ်ဆိုတဲ့ `အတ္တာဟိ အတ္တနော နာထော `စိတ်ဓါတ်ကို ငယ်ငယ်ကလေးကတည်းက ပြုစုပျိုးထောင် ကျင့်ကြံပေးထားမှုကြောင့်ပါ..။ နောက်တစ်ခုက တိုင်းပြည် စနစ်ကောင်းလို့ပါ..။ဆိုလိုတာက အုပ်ချုပ်မှုစနစ်ကောင်းတော့ တိုင်းပြည်ဟာလည်း ခေတ်ကောင်းတယ်။ ခေတ်ကောင်းတော့ တိုင်းသူပြည်သားတွေဘ၀ဟာလည်း ပြည့်စုံကောင်းမွန်တယ်..။ ဆင်းရဲ ချမ်းသာ ကွာခြားမှုသိပ်မရှိသလို အလုပ်အကိုင်တွေကလည်း ပေါများတော့ ကိုယ်လုပ်ရင် လုပ်သလောက် ၀င်ငွေရတယ်..။ ဒါကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်..။ဘယ်ကယ်တင်ရှင်၊ ဘယ်ဖန်တီးရှင်၊ ဘယ်တန်ခိုးရှင်ကိုမှ အားကိုးစရာ၊ မျှော့်လင့်စရာမရှိဘူးဆိုတဲ့ အခြေအနေကြောင့်ပါ။ အကယ်၍များ ဂျပန်ဟာလည်း မောင်ရှင်တို့နိုင်ငံလိုမျိုး အုပ်ချုပ်သူများဟာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ပြီး တိုင်းသူပြည်သားတွေလည်း ဆင်းရဲငတ်မွတ်နေကြမယ်ဆိုရင်ဖြင့် ဗေဒင်တို့ ယတြာတို့ ကယ်တင်ရှင်တို့ တန်ခိုးရှင်တို့ ဖန်ဆင်းရှင်တို့ကို ယုံကြည်သက်ဝင်မိမှာပဲလို့ ဂျပန်လူမျိုးအတော်များများက ဖြေကြားပြောဆိုပါတယ်.[caption id="attachment_2269" align="aligncenter" width="675"]

credit:https://files.tofugu.com[/caption]
နှလုံးသားမှာ ဘုရားတည်နိုင်ကြပါစေ..
ပထမပိုင်းရေးတော့ အဲဒီ့ပိုစ်အောက်မှာ မိတ်ဆွေတစ်ဦးက ဒီလိုမေးပါတယ်..``Kaung Myat Tun ဗဟုသုတ အများကြီး ရပါတယ်.. အူးရှင်ကြီး ဒါနဲ့စကားမစပ် အုရှင်ကြီး က ထေရဝါဒ. ကိုသက်ဝင်ယုံကြည်သူလား မဟာယန အယူဝါဒ ကိုလက်ခံ ကိုးကွယ်သူလား ..တားတားကမသိလို့မေးဒါနော် ..အုအု ``တဲ့။မောင်ရှင်က ဒီလိုပြန်ဖြေပါတယ်..။``Maung Shin လူပီသအောင်ပဲ နေထိုင်ကျင့်ကြံပါတယ်..``လို့။ နောက်ပြီးတော့ မောင်ရှင့်ဆရာတင်မိုး ရေးခဲ့တဲ့ ကဗျာလေးအတိုင်း ကျင့်ကြံနေထိုင်ပါတယ်..။ ဒါကြောင့် ဆရာ့ကဗျာလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်ဗျာ...နှလုံးသားမှာဘုရားတည်နှလုံးသားမှာဘုရားတဆူတည်ရအောင်။အကြင်ငါသည်အကြင်နာတရားနှင့်ပြည့်စုံသူငါမှတပါး၊အများသူငါတို့၏စိတ်ချမ်းသာကိုယ်ချမ်းသာရေးကိုအလေးပေး၍စဉ်းစားသူမမှန်မကန်သောအတွေးအကြံအပြောအဆိုကိုယ်လုပ်ဆောင်မှုကိုမပြုဘဲ ရှောင်ရှားနိုင်သူငါ့ထက်သာလည်းနာလိုဝမ်းမြောက်ချီးမြှောက်ပျော်ရွှင်နှလုံးသားယဉ်ကျေးသူကိုယ်ကျိုးစီးပွားငဲ့သောအားဖြင့်တရားသည်ကိုမတရားမတရားသည်ကိုတရားဟူ၍လှည့်စားမပြောတတ်သူသူတော်ကောင်းစိတ်မြင့်မြတ်စိတ်တို့လျှံဖိတ်နေသူဖြစ်လို၏။တင်မိုး၁၁၊၁၀၊၂၀၀၄တနင်းလာ နံက်ခင်းကျန်းမာ ချမ်းသာကြပါစေ..မေတ္တာများစွာဖြင့်Maung Shin[caption id="attachment_2258" align="aligncenter" width="600"]

credit:http://history-of-japan.weebly.com/[/caption]