ဂျပန်လူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှုအကြောင်း တစ်စေ့တစ်စောင်း (၂)

2,478

ခုတစ်လော မောင်ရှင်လည်း အမျိုးတွေကို တင်ဆက်နေကျြဖစ်တဲ့ မောင်ရှင်ရောက်ရှိနေသော ဒုတိယမိခင်နိုင်ငံတော်အကြောင်း မရေးဖြစ်တာ အတော့်ကိုကြာသွားနေတဲ့အတွက် ခွင့်လွှတ်ပေးကြပါလို့ ဦးစွာပထမ တောင်းပန်ပါတယ်နော်..။ ဂျပန်လူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှုအကြောင်း တစ်စေ့တစ်စောင်း(ပထမပိုင်းကို ဖတ်ဖူးကြမယ်ထင်ပါတယ်..။- https://cp.japantourlist.com/my/religion1-jp/-https://cp.japantourlist.com/my/religion2-jp/အကျဉ်းချုံးပြောရရင်ဖြင့် ဂျပန်လူမျိုးတွေဟာ ဗုဒဘာသာဝင်အများစုဖြစ်ပေမယ့် မောင်ရှင်တို့လို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ကြသူများမဟုတ်ပါဘူး..။တောင်တွင်းဆရာတော် ရှင်ဥက္ကဋ္ဌရေးတဲ့ လူသေ လူဖြစ် ၀ါဒထက် လူသေ နတ်ဖြစ်တယ်လို့ ယူဆသူများပါတယ်..။ ထို့အတူ ကွန်ဖြူးးရှပ်အတွေးအခေါ်လွှမ်းမိုးပြီး လက်တွေ့ဝါဒကိုပဲ သက်ဝင်ယုံကြည်တဲ့အတွက် သက်ရှိထင်ရှားရှိစဉ်မှာ လူပီသအောင်နေမယ်။ အရှိကို အရှိအတိုင်း လက်ခံကျင့်သုံးမယ်။ မလိမ်နဲ့ မညာနဲ့..။ နိဗ္ဗာန်ကို ပျော်ပျော်ပါးပါး သွားကြမယ်။ (ဒီလိုပျော်ပါးတယ်ဆိုပေမယ့် တခြားသူ အနှောက်အယှက်ဖြစ်အောင် အော်ဟစ်ရမ်းကားတာမျိုး မပြုလုပ်ရဘူး..)အဓိက အချက်ကတော့ လိမ်၊ညာ၊ ပြောဆိုတာကို အင်မတန်ရွံ့မုန်းကြပါတယ်။ထို့အတူ လုပ်နိုင်ရင်လုပ်နိုင်တယ်။ မလုပ်နိုင်ရင်မလုပ်နိုင်ဘူး.. ဆိုတာ အတိအကျပြောသလို အားနာတယ်ဆိုတာ ဂျပန်မှာမရှိပါဘူး။ ကာလာမသုတ်တော်အတိုင်း ကျင့်ကြံနေထိုင်လုပ်ဆောင်ကြသူ တော်တော်များပါတယ်..။ နိဂုံးပိုင်းမရေးခင်မှာ စကားခံချင်တာက ပထမပိုင်းမှာ ခင်းထားတဲ့ ခြေဆင်းစကားလေး ပြန်လည် ဖော်ပြရပါစေ.."ဒီအကြောင်းကို ရေးရမယ်ဆိုရင်ဖြင့် မောင်ရှင်တို့နဲ့ အယူဝါဒကွဲပြားတာကို တွေ့ရမှာဖြစ်ပါတယ်။ တူတာ မတူတာ အပထား..။ ဂျပန်ရောက်နေကြသူများရော ဂျပန်အကြောင်း စိတ်ဝင်စားသူများရော ဂျပန်လူမျိုးတွေ ကိုးကွယ်သက်ဝင်ယုံကြည်တဲ့ ဘာသာတရားအကြောင်းကို မောင်ရှင်သိသလောက်(ဂျပန်ဘုန်းတော်ကြီးများနှင့် ဂျပန်လူမျိုးတစ်ချို့ရှင်းပြချက်ကြောင့်)ရေးသားတင်ဆက်ခြင်းဖြစ်ပါတယ်။ ဒိအတွက် သူ့ဘာသာမကောင်းဘူး..။ ငါ့ဘာသာမှ ကောင်းတယ်.. ဆိုသလိုမျိုး ဝေဖန်အပြစ်ပြောသလို ဖတ်ရမှာမဟုတ်ပါဘူး..။ ဘာသာတရားတိုင်း ဘုရားတိုင်းဟာ လူသားတွေကို ကောင်းတာလုပ်ဖို့၊ လူပီသဖို့နဲ့ လူ့လောက အေးချမ်းသာယာဖို့အတွက်ပဲ ပြဋ္ဌာန်းသွန်သင်ခဲ့တာပဲ မဟုတ်လား..။ အရေးကြီးတာက ဘုရားဟောခဲ့တဲ့တရားများ ပါးစပ်ထဲမှာမရှိဘဲ ရင်ထဲမှာထားတတ် လက်တွေ့ကျင့်ကြံတတ်ဖို့က အရေးကြီးပါတယ်လို့ ပြောပါရစေ..``ကဲ နိဂုံးပိုင်း စလိုက်ကြရအောင်..

(က)ဂျပန်ဘုန်းတော်ကြီးများရဲ့အခန်းကဏ္ဍ

မောင်ရှင်တို့နဲ့ တူတဲ့အချက်က နာရေးကိစ္စများကို ဂျပန်ဘုန်းတော်ကြီးများဟာ စီစဉ်ဆောင်ရွက်ပေးပါတယ်။ မတူတာကတော့-(က) အရက်သောက်ခွင့်(ခ) မိန်းမယူခွင့်(ဂ) ညစာစားခွင့်(ဃ) ကိုယ်ပိုင်စီးပွားရေး ကုမ္ပဏီ တည်ထောင်ခွင့်နှင့်(င) အပျော်အပါး လိုက်စားခွင့်တို့ ရှိပါတယ်။ဒါဟာလည်း အပိုင်း(က)မှာရေးခဲ့သလို နိဗ္ဗာန်ကို ပျော်ပျော်ပါးပါးပဲ သွားမယ်။ ဘုန်းကြီးဟာ သူ့ခြေထောက်ပေါ်သူရပ်သလို လူတွေကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားကြပါတယ်။ ဒါကြောင့် ဆွမ်းခံမစားပါဘူး..။ ကိုယ်ရှိမှ ကိုယ်စားရမယ်..၊ ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့ အယူဝါဒ ရှိသူများဖြစ်ပါတယ်။[caption id="attachment_2263" align="aligncenter" width="430"]credit:http://www.findingdulcinea.com/ credit:http://www.findingdulcinea.com/[/caption]

(ခ)ဘုန်းကြီးကျောင်းနှင့် နတ်ကျောင်းကွာခြားချက်

ဂျပန်ဘုန်းကြီးကျောင်းတွေကို အလွယ်ဆုံးကောက်ချက်ချရမယ်ဆိုရင်ဖြင့် သချို င်္င်း လို့ ဆိုရမလိုပါပဲ..မောင်ရှင်တို့နိုင်ငံမှာရှိတဲ့ ဘုန်တော်ကြီးကျောင်းတွေလိုမျိုး ကျောင်းဝင်းထဲမှာ ကိုရင်တွေ သံဃာတွေ သီလရှင်တွေ သီတင်းသုံးတာ မရှိလှပါဘူး..။ ကျောင်းထိုင်ဘုန်းကြီးနဲ့ ဘုန်းကြီးရဲ့ မိသားစုနေအိမ်ရှိမယ်..။ ဘုရားရှိမယ်..။ သချို င်္င်းရှိမယ်..။ ပထမပိုင်းမှာ မောင်ရှင်ရေးတာ မှတ်မိကြလားမသိဘူး..။ ဂျပန်ဘုရားတွေဟာ သချို င်္င်းပါပဲ လို့ ရေးခဲ့တာလေးကို..။ဂျပန်ရောက် မြန်မာတွေ တန်ခိုးကြီးတယ်ပြောတဲ့ ကမာကုရ ဘုရားပဲဖြစ်ဖြစ်၊ မတ်တက်ရပ်ကိုယ်တော် အိုးရှိခုဘုရားပဲဖြစ်ဖြစ် အားလုံးဟာ သေဆုံးသွားသူရဲ့ အရိုး(သို့မဟုတ်)ပြာကို ထည့်သွင်းထားတဲ့အတွက် သချို င်္င်း လိုဖြစ်နေပါတယ်။ လူသေ နတ်ဖြစ်ဝါဒဖြစ်တဲ့အတွက် `ဘုရားကြီး အောက်က နတ်ဘုရားလေးများ..` ဂျပန်လိုဆိုရင်ဖြစ် `ဒိုင်းဘုစု ရှောဘုစု` အဲဒီလို ခေါ်ဝေါ်ပါတယ်။ ဒီ ဒိုင်းဘုစု(ဘုရားကြီး)တွေကို ဂျပန်ဘုန်းတော်ကြီးတွေက ပိုင်ဆိုင်ပါတယ်..။ဒါကြောင့် နာရေးကိစ္စအများစုကို ဘုန်ကြီးကျောင်းတွေ၊ ဘုန်းတော်ကြီးတွေဆီမှာပဲ လုပ်ကြပါတယ်..။ သာရေးကိစ္စ ဥပမာ ကလေးမွေးပြီး တစ်လပြည့်တဲ့အခါမျိုး၊ သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ်ပြည့်တဲ့အခါမျိုးများဆိုရင်တော့ နတ်ကျောင်းမှာပြုလုပ်ကြပါတယ်..။ ဂျပန်လို ဆိုရင်တော့ ရှိချိ၊ ဂေါ်၊ ဆန်း (၇, ၅, ၃ ) မိမိရင်သွေး ခုနစ်နှစ်၊ ငါးနှစ်၊ သုံးနှစ်ပြည့်တဲ့ အခါမျိုးမှာ နတ်ကျောင်းသွားပြီး နတ်ပြရမယ်ဆိုတဲ့ အတိုကောက် စကားလုံးပါ..။မနှစ်က မောင်ရှင့်တူ ၅ နှစ်ပြည့်တော့ ဂျပန်ထုံးစံအတိုင်း နတ်ကျောင်းမှာ နတ်ပြတဲ့အနေနဲ့ သွားလုပ်ကြပါတယ်..။ ယုံကြည်ခြင်း မယုံကြည်ခြင်းမဟုတ်ဘဲ ဂျပန့်ဓလေ့ကို သိချင်တာနဲ့ မောင်ရှင်တူကလည်း သူ့ငယ်ချင်းများနည်းတူ ဂျပန့်ရိုးရာဝတ်စုံဝတ်ပြီး ဓါတ်ပုံအရိုက်ခံချင်လို့ပါ..။ ဈေးကြီးပါတယ်..။ ကလေးဝတ်စုံငှားခပဲ ၃ သောင်းကနေ ၅ သောင်းအထက်ကျော်အောင်ပေးရတဲ့ကီမိုနိုဝတ်စုံများရှိသလို မိဘတွေကလည်း ကလေးနဲ့အတူတွဲပြီး နတ်ပြ ဓါတ်ပုံရိုက်ဖို့အတွက် ကီမိုနိုဝတ်စုံ ငှားဝတ်မယ်ဆိုရင် သောင်းနှစ်ဆယ်ကျော်(မြန်မာငွေ သိန်းနှစ်ဆယ်ကျော်)ကုန်ကျမှာဖြစ်ပါတယ်..။ ဓါတ်ပုံရိုက်ခကလည်း ဈေးကြီးပါတယ်..။မောင်ရှင်ကတော့ ဒီလိုလုပ်ခိုင်းလုပ်ပါတယ်..။ တူတော်မောင်စိတ်ကြိုက် ကလေးကီမိုနိုရွေးခိုင်း၊ ၀တ်ဖို့ငှားပြီး လူကြီးတွေက မြန်မာရိုးရာဝတ်စုံဝတ်ပြီး ဓါတ်ပုံအရိုက်ခံ၊ နတ်ပြတာ လုပ်ခိုင်းပါတယ်..။ လုံးဝ ပေါက် တယ်လို့ ဆိုရမှာပါ..။ ဂျပန်တွေ တအံတသြ တလေးတစားနဲ့ အတူလာပြီး အမှတ်တရ ဓါတ်ပုံတွဲရိုက်ကြပါတယ်..။[caption id="attachment_2266" align="aligncenter" width="533"]credit:d1udmfvw0p7cd2.cloudfront.ne credit:d1udmfvw0p7cd2.cloudfront.ne[/caption][caption id="attachment_2265" align="aligncenter" width="710"]credit:https://files.tofugu.com credit:https://files.tofugu.com[/caption]

(ဂ)ဘုန်းတော်ကြီးတွေ ဘယ်လိုရပ်တည်ကြသလဲ..

ဆွမ်းခံမစားတဲ့အတွက် ကိုယ်ပိုင်စီးပွားရေးထူထောင်ပြီး ရပ်တည်ပါတယ်..။ ပထမပိုင်းမှာပြောသလို ဂျပန်ဘုန်းတော်ကြီးတွေဟာ ဒိတ်ဒိတ်ကျဲ လူချမ်းသာစာရင်းဝင်တွေပါ..။ ဘုရားတွေ၊ သချို င်္င်းတွေဆီက နှစ်စဉ်ဝင်ငွေရသလို ကိုယ်ပိုင်ကုမ္ပဏီထူထောင်ထားမှုများ၊ လုပ်ငန်းများ၊ အစုရှယ်ယာပိုင်ဆိုင်မှုများမှ သောက်သောက်လဲ ၀င်ငွေရပါတယ်..။

(ဃ)ဘုန်းတော်ကြီးတွေရဲ့ကုမ္ပဏီဆိုတာ..

Kyoto, Nara စတဲ့ ဒေသတွေမှာ နေတဲ့သူများ ပိုသိမယ်ထင်ပါတယ်..။ မောင်ရှင်ကတော့ ၂၀၀၉ ခုနှစ် G 20 အစည်းအဝေးမှာ အင်္ဂလန်ကဆရာတော် ဦးဥတ္တရအတွက် ဘုန်းကြီးကျောင်းသားလုပ်ပြီး ဂျပန်ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံခွင့်ရလို့ သိရခြင်းဖြစ်ပါတယ်..။ ဘုန်းတော်ကြီးများပိုင်ဆိုင်တဲ့ မြေ၊ ဘုန်းကြီးမြေမှာ ဟိုတယ်တွေဆောက်ထားပါတယ်..။ အဲဒီ့ကနေ ၀င်ငွေရသလို ခုနကပြောသလို ဘုရားတွေ၊ သချို င်္င်းတွေနဲ့ အစုစပ်ရှယ်ယာတွေဆီက ၀င်ငွေရပါတယ်..။

(င)အစိုးရက အခွန်ကောက်ပါသလား..

အခွန်ကိစ္စဆိုရင် အလွန့်အလွန်ကို တင်းကျပ်တဲ့ ဂျပန်အစိုးရဖြစ်ပေမယ့် ဘုန်းတော်ကြီးများထံမှ လုံးဝ လုံးဝ လုံးဝကို မကောက်ပါ..။ ဘုန်းတော်ကြီးများအားလုံးဟာ အခွန်ကင်းလွှတ်ခွင့်ရရှိထားသူများဖြစ်ပါတယ်.။ ၀င်ငွေခွန်သာမက မြေခွန်လည်း ကောက်ခွင့်မရှိပါ..။ ဒါကြောင့် ဂျပန်ဘုန်းတော်ကြီးတွေဟာ မိမိတို့ပိုင်ဆိုင်တဲ့မြေမှာ တည်းခိုရာဇရပ် လို့ ပြောပြီး ဟော်တယ်တွေ ဆောက်ထားခြင်းဖြစ်ပါတယ်..။ Kyoto, Nara မှာရှိတဲ့ ဘုန်းကြီးကျောင်းဆိုရင် မြို့နယ်ရုံးလားလို့ ထင်ရလောက်အောင် စည်းစနစ်တကျနဲ့ ၀င်ငွေထွက်ငွေကိစ္စသာမက၊ နာရေးကိစ္စတွေကို ဆောင်ရွက်လုပ်ဆောင်နေတာ သင် မြင်တွေ့ရမှာဖြစ်ပါတယ်..။

(စ) ဂျပန်မှာ တစ္ဆေ၊ သရဲ ရှိသလား..

ရှိပါတယ်။ အလွန့်အလွန်ကို ပေါပေါများများရှိပါတယ်..။ ပေါများလွန်းလို့ အကြောက်အလန့်သိပ်မရှိကြပါဘူး..။ သရဲ တစ္ဆေရုပ်ရုင်ကားတွေလည်း ပေါများပါတယ်..။ တစ်ခုရှိတာက အစိမ်းသေ (ဥပမာ အိမ်(သို့)တိုက်ခန်းမှာ မိမိကိုယ်ကိုယ်သတ်သေတဲ့ အိမ်(သို့)တိုက်ခန်း)သေတဲ့ အခန်းများဆိုရင်တော့ မနေကြတာ များပါတယ်..။ ဒီလို တိုက်ခန်းတွေလည်း အတော့်ကိုပေါများပါတယ်..။ အဆိုပါအခန်းတွေမှာ နေချင်လို့ မြို့နယ်ရုံးမှာလျှောက်မယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူများက ပွင့်ပွင့်လင်းလင်းပြောပါတယ်..။ အရင်လူက ဘယ်လိုပုံစံနဲ့ သတ်သေ(ဂျပန်လိုဆိုရင်ဖြင့် `ဂျီဆပ်ဆု`)သွားခဲ့ကြောင်း အသေးစိပ်ရှင်းလင်းပြောပြပါတယ်..။ နေရဲတယ်ဆိုရင် အလကားနီးပါး နေခွင့်ရမှာဖြစ်ပါတယ်..။ ဂျပန် တစ္ဆေ၊ သရဲတွေမြင်ရင် ဆိုရမယ့် ဂျပန်ဘုရားစာက `နမုဒ္ဒာမိ တဘုစု` ပါ..။မောင်ရှင်(ဆက်ရန်)အပိုင်း (၃) သို့ https://cp.japantourlist.com/my/religion4-jp/[caption id="attachment_2257" align="aligncenter" width="599"]credit:http://www.gjsentinel.com/ credit:http://www.gjsentinel.com/[/caption]