ဂျပန်ဘုရားဆိုတာ ဘာလဲ..?

1,907

ဂျပန်တို့ရဲ့ အယူအဆရ သူတို့ဘုရားဟာ ကြီးမားမြင့်မြတ်ပါတယ်။ ဒါကြောင့် Dai ဆိုတဲ့ စကား မြန်မာလို `အကြီးမားဆုံး`ဆိုတဲ့ စကားကို ရှေ့မှာ အရင်ခံထားပါတယ်။Daibutsu- ကြီးမားတဲ့ဘုရားရှင်ဂျပန်ဘုရားအောက်မှာ ခုနက ပြောသလို နတ်ဘုရားငယ်လေးတွေ ရှိပါတယ်။ ဆိုလိုတာက ဘုရားသားတော်ပါ။ ယေရှုလည်း ဘုရားသားတော်ဖြစ်သလို ဂေါတမလည်း အတူတူပါဘဲ။ ထို့အတူ မိုဟာမက်လည်း ထိုနည်းလည်းကောင်းပါ။ သို့ပေမယ့် ဂျပန်တွေဟာ ကိုးကွယ်တဲ့အယူဝါဒနဲ့ပတ်သက်ပြီး အစွန်းရောက်တာတို့၊ အငြင်းပွားတာတို့ ဘယ်တော့မှ မပြုလုပ်ပါဘူး။ဘာကြောင့်လည်းဆိုတော့ သင်လည်း သေရင် နတ်ဘုရားဖြစ်နိုင်တာပဲလေ။ လက်ရှိ အသက်ရှင်နေတဲ့အချိန်မှာ ကိုယ့်အားကိုယ့်ကိုး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ကြိုးစားပါ၊  ကိုယ်ရှိမှ ကိုယ်စားရမှာ..။ ကိုယ့်ကံကြမ္မာကို ဘယ်ဘုရားကမှ မဖန်တီးပေးနိုင်ဘူး။ ကိုယ့်ဘာသာကိုယ် ဖန်တီးယူပါ ဆိုတဲ့ ကွန်ဖြူးရှပ်အယူဝါဒကြောင့်ပါ။ ဒါ့ကြောင့် ဂျပန်တွေပြောတာ ကြားဖူးမယ်ထင်ပါတယ်။`ခ မိ ဆန်း မ၊ ဟို တို ကေး ဆန်း မ``ဘုရားကြီးအောက်မှာ နတ်ဘုရားလေးများ..`အချိန်မရွေး နတ်ဘုရားဖြစ်နိုင်တဲ့ သင့်အနေနဲ့ ဂျပန်မှာရှိတဲ့ ဘုရားတွေကို ဖူးမယ်ဆိုရင် ဘုရားလည်းဖူးနိုင်သလို ယောကျာ်း မိန်းမ မရွေး ဘုရားကိုယ်တော်ထဲဝင်ရောက်ခွင့်၊ ဦးတော်အထိ ခြေချခွင့်ရရှိတာဖြစ်ပါတယ်။ ဒါဆို နောက်ပွင့်မယ့် ဂျပန်ဘုရားက ဘယ်သူလဲ..?[caption id="attachment_1234" align="alignnone" width="300"]credit:http://jp-hotnow.com/en/coolthings/item/daibutsu.jpg credit:http://jp-hotnow.com/en/coolthings/item/daibutsu.jpg[/caption]သူရဿတီမယ်တော်ပါ..။ဒါကြောင့် ဂျပန်ဘုရားများရဲ့ မျက်နှာကျဟာ သူရဿတီမယ်တော် မျက်နှာကျများပါတယ်။ဂျပန်နတ်ဘုရားဆိုတာ ဘာလုပ်ပေးနိုင်သလဲ..?ဘယ်နတ်မဆို ကောင်းကျိုးမပေးချင်နေပါ.. ဆိုးကျိုးမပေးပါနဲ့လို့ပဲ ဂျပန်တွေက အယူရှိပါတယ်။ လမ်းစောင့်နတ်ရှိသလို၊ အိမ်သာစောင့်နတ်လည်းရှိပါတယ်။ အထင်ရှားဆုံးကတော့ `က မိ ခါ ဆေး` လို့ပြောတဲ့ ဂျပန်ကျွန်းကို တခြားနိုင်ငံတွေက သိမ်းပိုက်ဖို့ လာတဲ့အခါမှာ လေနတ်သားက ကျူးကျော်သူတွေရဲ့ သဘောင်္တွေ၊ စစ်သည်တော်တွေကို တိုက်ထုတ်ပစ်လိုက်တယ်ဆိုတဲ့ ဒဏ္ဍာရီ ဆန်ဆန် ရာဇ၀င်ပါ။ဒါကြောင့် နတ်ဘုရားတွေကို အလွန်အကျွံ ပူဇော်ပတာတာမျိုး၊ သက်ဝင်ယုံကြည်အားကိုးတာမျိုး မလုပ်ကြပဲ သေဆုံးသွားလို့ နတ်ဘုရားငယ်လေးဖြစ်သွားတဲ့ မိမိဆွေမျိုးညာတိတွေကို တစ်နှစ်တစ်ခါ စားကောင်းသောက်ဖွယ်ကျွေးတာတို့၊ ဦးချဂါရ၀ပြုတာတို့ပဲ ရိုးရာမပျက်လုပ်ကြပါတယ်။ ဂျပန်မှာ နတ်ကွန်း(ဂျင်းဂျာ)ဆိုတာတွေ နေရာတိုင်းမှာ အများအပြားရှိပါတယ်။ဂျပန်တွေ ငရဲဆိုတာ ယုံကြည်ပါသလား..?လက်တွေ့ဝါဒကိုပဲ သက်ဝင်ယုံကြည်တဲ့အတွက် အများစုဟာ မယုံကြည်ပါဘူး။ သက်ရှိထင်ရှားရှိစဉ်မှာ လူပီသအောင်နေမယ်။ အရှိကို အရှိအတိုင်း လက်ခံကျင့်သုံးမယ်။ မလိမ်နဲ့ မညာနဲ့..။ နိဗ္ဗာန်ကို ပျော်ပျော်ပါးပါး သွားကြမယ်။ဒီလိုပျော်ပါးတယ်ဆိုပေမယ့် တခြားသူ အနှောင့်အယှက်ဖြစ်အောင် အော်ရစ် ရမ်းကားတာမျိုး မပြုလုပ်ရဘူး..။ အဓိက အချက်ကတော့ လိမ် ညာ ပြောဆိုတာကို အင်မတန်ရွံ့မုန်းကြပါတယ်။ ထို့အတူ လုပ်နိုင်ရင်လုပ်နိုင်တယ်။ မလုပ်နိုင်ရင်မလုပ်နိုင်ဘူး.. ဆိုတာ အတိအကျပြောသလို အားနာတယ်ဆိုတာ ဂျပန်မှာမရှိပါဘူး။ ငရဲကြီးတာတွေ သေးတာတွေဆိုတာလည်း အယူမရှိပါဘူး..။[caption id="attachment_1235" align="alignnone" width="300"]credit:http://www.chinadaily.com.cn/photo/images/attachement/jpg/site1/20120515/0013729e4809111bd17601.jpg credit:http://www.chinadaily.com.cn/photo/images/attachement/jpg/site1/20120515/0013729e4809111bd17601.jpg[/caption]ဒါဆို ဂျပန်တွေဟာ မိစ္ဆာဒိဋ္ဌိ တွေလား..?ဂျပန်တီဗွီအစီအစဉ်တွေမှာပဲဖြစ်ဖြစ်၊ ပျော်ပွဲရွင်ပွဲ ပြုလုပ်တဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် ဘုရားမျက်နှာတော်ကို မျက်နှာဖုံးလုပ်ပြီး ဟာသလုပ်တာတို့၊ စတာ နောက်တာတို့လုပ်တာ သင် မြင်တွေ့မိပါလိမ့်မယ်။ အထူးသဖြင့် ဂျပန်ရောက်မြန်မာတွေ တန်ခိုးကြီးတယ်..။ ဆုတောင်းပြည့်တယ်..။ အန္တရာယ်ကင်းစင်တယ်ဆိုပြီး သွားရောက်ဝတ်ပြုတဲ့ ကမာကုရာ ဒိုင်းဘုစု မျက်နှာတော်ကို အသုံးပြုကြတာ များပါတယ်။ နေရာတိုင်းမှာ ၀ယ်ယူအသုံးပြုလို့ ရနိုင်ပါတယ်။ထေရ၀ါဒအမြင်မှာတော့ ဒါဟာ မလုပ်သင့် မလုပ်အပ်သော အပြုအမှုလို့ သတ်မှတ်စရာပါ။ ဒိဋ္ဌိ တွေပေါ့။ ဂျပန်ကတော့ ဘုရားဟာ သူတို့ကို စိတ်ပျော်ရွှင်အောင်ပေးသူ..၊ စိတ်ချမ်းသာအောင်ထားသူ..၊ ဘုရားလည်း လူ၊ ငါတို့လည်းလူ၊ ဒါကြောင့် လူ လူ ချင်း ပျော်ပျော်ရွင်ရွင်နဲ့ ဆက်ဆံကြမယ်..။ အဲဒီ့သဘောရှိကြသူပါ..။ဘုရားမျက်နှာတော်ကို မျက်နှာဖုံးပုံပဲလုပ်လုပ်၊ ယုတ်စွအဆုံး မဟုတ်မဟပ်နေရာမှာပဲ သုံးသုံး၊ သင့်ကို အထင်မသေးပါဘူး။ သူတို့စိတ်ပျော်ရွင်အောင် ဖန်တီးပေးလို့ ကျေးဇူးတောင်တင်ဦးမှာပါ။ သို့ပေမယ့် ဂျပန်တွေဟာ လူကျင့်ဝတ်ကိုတော့ အတော်လေးစားလိုက်နာတန်ဖိုးထားသူပါ..။ဘုန်းကြီးဟာ သူ့ခြေထောက်ပေါ်သူရပ်သလို လူတွေကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားကြပါတယ်။ ဆိုလိုတာက နာမည်ကြီးဘုန်းတော်ကြီးမို့လို့ ဘာစွမ်းလို့ ညာစွမ်းလို့ဆိုပြီး မကိုးကွယ်ပါဘူး။  ဘုန်းကြီးလည်း ဘုန်းကြီးလိုနေ၊ လူလည်း လူလိုနေ။ အားလုံးဟာ လူသားအခြေခံဝါဒ၊ လူပီသဖို့ပဲ အဓိကထားကြသူတွေပါ။ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်တဲ့ မောင်ရှင်တို့ မွေးဋ္ဌာနီမှာ ၂၀၀၇ ခုနှစ်တုန်းက ထေရ၀ါဒ ဘုရားသားတော်တွေကို ထေရ၀ါဒလို့ပြောတဲ့ အုပ်ချုပ်မင်းလုပ်သူများက မင်းမိန့်၊ စစ်တပ်အမိန့်ဆိုပြီး ရိုက်နှက်သတ်ဖြတ်တော့ ဂျပန်ဘုန်းတော်ကြီးတွေကိုယ်တိုင် ကန့်ကွက်ရှုတ်ချသလို၊ မြန်မာသံရုံးရှေ့မှာလည်း လာရောက် ဆန္ဒပြကြပါတယ်။``ထေရ၀ါဒ ကိုးကွယ်တယ်ဆိုပြီး ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာ နားမလည်ဘူး.. ``တဲ့..
  •  မောင်ရှင်