
တကယ်တော့ ဒီအကြောင်းကို မောင်ရှင်ရေးနေတဲ့ ``ဂျပန်ကိုလာမယ်ဆိုရင်ဖြင့် သင်ဒါတွေသိထားဖို့လိုပါတယ်`` ဆိုတဲ့ အပိုင်း(၇) ကျမှ ရေးမယ်လို့ တေးထားတာပါ..။သို့ပေမယ့် ခုတလော ဒီကိစ္စနဲ့ပါတ်သက်ရင် ဆရာတစ်ဆူလို့ ပြောရအောင် အူမချေးခါးသိနေတဲ့ မောင်ရှင့်ကို စိုးရိမ်တကြီးနဲ့ မေး မေး နေကြတဲ့ ညီငယ် ညီမငယ်များအတွက် ဒီ ခေါင်းစဉ်လေးနဲ့ ရေးပေးလိုက်ပါတယ်..။ဆရာတစ်ဆူလို့ ခုလိုရေးလိုက်လို့ ဒီတစ်ခါတော့ မောင်ရှင် ကိုယ်ရည်သွေးလှချည်လား..။ ၀င့်ဝါလှချည်းလား..။ ကြွားလှချည်လား လို့ တစ်ချို့က ထင်ကောင်းထင်နိုင်ဖွယ်ရှိပါတယ်..။ဟုတ်ပါတယ်။ မောင်ရှင် ဆရာတစ်ဆူပါ..။ဒီစကားကိုတော့ ယုံကြည်ချက်အပြည့်နဲ့ ပြောပါ ရေးပါတယ်..။မောင်ရှင်ရောက်ရှိနေသော ဒုတိယမိခင်နိုင်ငံတော်အကြောင်း အခန်းဆက်ဖြစ်တဲ့ မောင်ရှင်နှင့် ဂျပန်ပြည်ထဲရေး(လ ၀ က) အပိုင်း (၁၁) နှင့် (၁၂) ဖတ်ဖူးသူတိုင်း သိကြမယ်ထင်ပါတယ်..။ပြန်လည်ဖတ်ချင်ကြသူများအပိုင်း ၁၁ လင့်https://cp.japantourlist.com/my/mgshin-lwk-jp/
https://www.facebook.com/maungshin1/posts/1012805198779781အပိုင်း ၁၂ လင့်https://cp.japantourlist.com/my/mgshin-lwk-2-jp/
https://www.facebook.com/maungshin1/posts/1015807981812836တွေကို ကလစ်နှိပ်ပြီး ဖတ်ကြည့်ကြပါ နော်..။(၁)မေး- ဂျပန်မှာ ဒုက္ခသည်လျှောက်လို့ ရပါသေးသလား.. လက်ခံပါသေးသလား..ဖြေ- ခုလည်း ရပါတယ်.. နောင်လည်းရပါတယ်..။ နောက်နောင်လည်း လက်ခံနေဦးမှာပါ..။စကားကုန်ပြောရမယ်ဆိုရင် ဂျပန်ဟာ ဂျနီဗာကွန်ဗင်းရှင်းစာချုပ်ထဲမှာထိုးထားတဲ့ ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာ ပဋိ ဉာ ဉ်စာချုပ်ထဲမှာ လက်မှတ်ထိုးထားတာကို မရုပ်မသိမ်းသ၍ ဂျပန် လ ၀ က ထံမှာ မည်သူမဆို မည်သည့်နိုင်ငံသားမဆို ဒုက္ခသည်လျှောက်လို့ရပါတယ်..။ထို့အတူ ဂျပန်ရဲ့ "Convention Relating to the Status of Refugees," "Protocol Relating to the Status of Refugees" and Paragraphs 1 and 2, Article 61-2, Immigration Control and Refugee Recognition Act အရ လက်ခံနေဦးမှာ ဖြစ်ပါတယ်..။အပြည့်အစုံဖတ်ချင်တယ်ဆိုရင်ဖြင့်-
http://www.immi-moj.go.jp/english/tetuduki/…/shyorui/07.htmlကို ကလစ်နှိပ်ပြီး လေ့လာနိုင်ပါတယ်..။(၂)မေး- ဒုက္ခသည်လျှောက်လွှာကို ဘယ်မှာယူလို့ရပါသလဲ..ဖြေ- သက်ဆိုင်ရာ ဂျပန် လ ၀ က ရုံးမှာ(ဥပမာ တိုကျိုဆိုရင်ဖြင့် ရှင်နာဂါဝါ မြို့မှာ အခြေစိုက်ထားတဲ့ လ ၀ က ရုံး၊ နာဂိုယာ အိုဆာကာ ဆိုရင်လည်း အဆိုပါမြို့တွေမှာ အခြေစိုက်ထားသည့် လ ၀ က ရုံးများတွင်) တောင်းယူလို့ရပါတယ်။အင်တာနက်ကနေ Download သို့မဟုတ် Print ထုတ်ယူလိုသူများအနေဖြင့် အောက်ပါလင့်ကို ကလစ်နှိပ်ပြီး ထုတ်ယူနိုင်ပါတယ်..။
http://www.moj.go.jp/content/000100527.pdfဒုက္ခသည်လျှောက်လွှာကို မြန်မာလိုရေးထားတဲ့အတွက် လေ့လာလိုသူများလည်း အလွယ်တကူလေ့လာနိုင်ပါတယ်..။(၃)မေး- ကျောင်း(သို့) ထရိန်နင်(သို့)အခြားသောဗီဇာရှိသူများ လျှောက်လို့ရပါသလား..ဖြေ- ဂျပန်နိုင်ငံအတွင်းသို့ ၀င်ရောက်လာသူမှန်သမျှ(ကုန်းလမ်းမှဖြစ်စေ၊ ရေလမ်း သင်္ဘောခိုးစီး၊ သဘောင်္ခုန်ဆင်း)မည်သည့်ဗီဇာအမျိုးအစားမဆို လျှောက်လို့ရပါတယ်..။(၄)မေး- ယာယီအခြေချ နေထိုင်ခွင့်လို့ပြောတဲ့ ကာလီထိုင်းဆိုင်း နဲ့ ကာလီဖိုးမင့် ဆိုတာ နဲ့ တော့ခုတေးဗီဇာဆိုပြီး (၆)လ ဗီဇာ ဆိုတာတွေဟာ ဘာကွာပါသလဲ..ဖြေ- တစ်လောက ရှေ့နေကြီး ၀ါတာနာဘဲ ရှိုးဂိုး ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်လေး မောင်ရှင်ပိုစ့်မှာ တင်ထားတာကို ဖွင့်ကြည့်မိမယ်ထင်ပါတယ်။အလွယ်ဆုံး ပြန်ရှင်းပြရမယ်ဆိုရင်ဖြင့်(က)ဂျပန်သို့ တရားဝင်ရောက်ရှိလာသူ(ကျောင်းနှင့်ဖြစ်စေ၊ အလုပ်သင်နှင့်ဖြစ်စေ၊ Work Visa နှင့်ဖြစ်စေ၊ လက်ထပ်ဗီဇာနှင့်ဖြစ်စေ)များဟာ မိမိဗီဇာသက်တမ်း မကုန်ဆုံးခင်အချိန်မှာ ဒုက္ခသည်လျှောက်မယ်ဆိုရင်ဖြင့် တော့ခုတေးဗီဇာလို့ ယနေ့မြန်မာတွေကြား ပြောနေကြတဲ့ အထူးယာယီနေထိုင်ခွင့် ၆ လ ဗီဇာ ရရှိမှာဖြစ်ပါတယ်။(ခ)ဂျပန်သို့ တရားဝင်ရောက်ရှိတာမှန်ပေမယ့် ဗီဇာသက်တမ်းကျော်မှ ဒုက္ခသည်လျှောက်သူများကိုတော့ ပထဦးဆုံး ကာလီထိုင်းဆိုင် လို့ လူသိများတဲ့ ယာယီအခြေချနေထိုင်ခွင့်ဗီဇာ ထုတ်ပေးမှာဖြစ်ပါတယ်..။(ဂ)ကာလီဖိုးမင့်ဆိုတာက သင့်ကို ဂျပန် လ ၀ က က ဒုက္ခသည်အဖြစ် အသိအမှတ်မပြုတော့ဘူး..။သင်ဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရလောက်အောင် ဘာအချက်အလက်မှမညီညွတ်ဘူးဆိုရင်ဖြင့် အဖမ်းခံရနိုင်ပါတယ်..။အဖမ်းခံရလို့ ပြန်လည်လွတ်မြောက်အောင် ကာလီဖိုးမင့်တင်မှ ကာလီဖိုးမင့် စာရွက်ကိုင်ပြီး အပြင်လောက မှာ တရားဝင်နေထိုင်နိုင်မှာဖြစ်ပါတယ်။ကာလီဖိုးမင့် တင်နည်းအကြောင်းကို သီးသန့်ရေးပေးပါဦးမယ်…နောက်တစ်ဆင့်က Deportation order( ပြည်နှင်ဒဏ် သို့မဟုတ် အမိနိုင်ငံသို့ ပြန်ပို့ခွင့်အမိန့်)ကျထားသူဆိုရင် တော့ခုတေးဗီဇာနဲ့ ကာလီထိုင်းဆိုင်းကို ရုပ်သိမ်းခံရပြီး ကာလီဖိုးမင့် သမားဖြစ်သွားပါပြီ..။(၅)ဘယ်ဗီဇာအမျိုးအစားဟာ တရားဝင်အလုပ်လုပ်ခွင့်ရှိပြီး ဘယ်ဗီဇာအမျိုးအစားဟာ တရားဝင် အလုပ်လုပ်ခွင့် မရှိဘူးလဲ..။ဖြေ- ပြောင်းလဲနေတဲ့ ဂျပန် ဒုက္ခသည်ဥပဒေအရ ဗီဇာသက်တမ်းရှိလို့ ဒုက္ခသည်လျှောက်သည်ဖြစ်စေ၊ သက်တမ်းကုန်မှ လျှောက်သည်ဖြစ်စေ အစပထမပိုင်း ၆ လ မှာ လုံးဝ အလုပ်လုပ်ခွင့်ရရှိမှာမဟုတ်ပါဘူး..။တော့တေးဗီဇာ (၆)လ လက်ဝယ်ရရှိထားသူများကတော့ ဒုတိယ သက်တမ်းထပ်တိုးမယ့် ကာလမှာ အလုပ်လုပ်ခွင့်ပါမစ် တောင်းယူရင် ထုတ်ပေးပါတယ်..။ကာလီထိုင်းဆိုင် အထိက အလုပ်လုပ်ခွင့် ရနိုင်သေးပေမယ့် ကာလီဖိုးမင့်အဆင့်ဆိုရင်တော့ လုံးဝ အလုပ်လုပ်ခွင့်မရရှိတော့ပါဘူး..။သင့်ကို အာမခံပြီး လ ၀ က ထိန်းသိမ်းရေးစခန်းထဲကနေထုတ်ပေးထားတဲ့သူက အစစ အရာရာ တာဝန်ယူရမှာဖြစ်ပါတယ်..။(၆)မေး- ဒုက္ခသည်အဖြစ် မည်သို့သောကိစ္စမျိုးကို အသိအမှတ်ပြုတာဖြစ်ပြီး..၊ မည်သို့သောကိစ္စများကို အသိအမှတ်မပြု(ငြင်းပယ်)တာဖြစ်ပါသလဲ..။ဖြေ- ဒုက္ခသည်လျှောက်လွှာ(Form)ရဲ့ ပထမဦးဆုံး မေးခွန်းနံပါတ်(၁)မှာ အောက်ပါအတိုင်း ရေးထားပါတယ်..။၁။ သင့်တိုင်းပြည်သို့ ပြန်သွားပါက မည်သည့်အကြောင်းပြချက်ဖြင့် သင့်အား ဖိနှိပ်ချုပ်ချယ်နိုင်သနည်း။ သင့်လျော်ရာအကွက်တွင် အမှတ်ခြစ်ပါ..လူမျိုးရေးဘာသာရေးနိုင်ငံသားသီးခြားလူမှုအဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်ခြင်းနိုင်ငံရေးထင်မြင်မှုသီးခြားအကြောင်းပြချက်များ .. တဲ့။အဆိုပါ ခြောက်ခုမှာ အမှတ်ခြစ်ရမှာဖြစ်ပါတယ်..။ဒီအစမေးခွန်းကို သေချာနားလည်ဖို့လိုပါတယ်..။သင့်တိုင်းပြည်သို့ ပြန်သွားပါက မည်သည့်အကြောင်းပြချက်ဖြင့် သင့်အား ဖိနှိပ်ချုပ်ချယ်နိုင်သနည်း..?အများစုဟာ မိသားစုစီးပွားရေးအဆင်မပြေလို့..ဂျပန်ကိုပို့ပေးတဲ့ အေးဂျင့်(ပွဲစား)လိမ်တာ ညာတာ ခံရလို့အလုပ်ရှင်က မတရားခိုင်းလို့..အကြွေးမကျေသေးလို့ အစရှိသဖြင့် မိမိခံစားမှုတွေ ခံစားချက်တွေကို ရေးနေကြတာကို ကြား သိ မြင် တွေ့နေရပါတယ်..။မေးခွန်းရဲ့အနက်အဓိပ္ပာယ်က ``သင့်တိုင်းပြည်သို့ ပြန်သွားပါက မည်သည့်အကြောင်းပြချက်ဖြင့် သင့်အား ဖိနှိပ်ချုပ်ချယ်နိုင်သနည်း ..``ပါ။သင်နိုင်ငံပြန်ရောက်လျင် ဘယ်လို အသက်အန္တရာယ်တွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာလဲ..သင်ဟာ ဘာမို့လို့လဲ..မောင်ရှင်ကနိုင်ငံရေးထင်မြင်မှု နဲ့သီးခြားလူမှုအဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်ခြင်းကိုပဲ အမှတ်ခြစ်ပြီး အဲဒီ့အကြောင်းကိုပဲ အဓိကထားရေးပါတယ်။ဖြေပါတယ်။ဒီလောက်ဆို သဘောပေါက်ကြမယ်ထင်ပါတယ်။ဂျပန်ကို တိုက်မယ်ဆိုရင် မူနဲ့ဘောင်ထဲက တိုက်ပါ..။ထိပ်ပုတ်မယ်ဆိုရင်လည်း မူနဲ့ ဘောင်ထဲကနေ ထိပ်ပုတ်ပါ..။ယုတ်စွအဆုံး လိမ်မယ်ဆိုရင်လည်း မူ ဘောင်ထဲကနေ ပိပိရိရိလိမ်ပါ..။(၇)မေး- ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရခြင်း မခံရခြင်း အဓိက အချက် (Main Point)က ဘာလဲ..ဖြေ- လို တို ရှင်း ရေးရမယ်ဆိုရင်ဖြင့်(က)သင်ရေးတင်တဲ့ သင့်ရဲ့ကိုယ်ရေး အတ္ထုပ္ပတ္တိ(Statement)(ခ) သင်ဖြည့်လိုက်တဲ့ ဒုက္ခသည်လျှောက်လွှာ(Form)နဲ့(ဂ) လ ၀ က အရာရှိက ခေါ်မေးလို့ လူတွေ့ဖြေတဲ့ သင့်ရဲ့အဖြေထွက်ဆိုချက်ဟာ(Your Answer)ဒီအချက် ၃ ချက်ဟာ အဓိက အကျဆုံးဖြစ်ပါတယ်။(က) Statementခုခေတ် ညီငယ် ညီမငယ်တွေ မဖတ်ဖူးပေမယ့် မောင်ရှင့် Statement ကို အရင်လူဟောင်းတွေ ဖတ်ဖူးကြပါတယ်..။ကိုယ့်လိုမျိုး တခြားသူတွေကို ရစေချင်လွန်းလို့..လူတကာကို ဝေဿန္တ ရာလို ပေးလွန်းလို့ ဂျပန် လ ၀ က ကတောင် တားယူရတဲ့အထိ လိုချင်သူများကို ပေးခဲ့ဖူးပါတယ်။အရိုးဆုံးဟာ အရှင်းဆုံးဆိုတဲ့အတိုင်း A 4 စာမျက်နှာ ၂ မျက်နှာပဲရှိပါတယ်..။လို တို ရှင်း ပဲရေးပါတယ်။ပြန်ရင် ဘာကြောင့်အသက်အန္တရာယ်ဖြစ်ပြီး၊ ဘယ်လိုအချက်ကြောင့် ဖမ်းဆီးနှိပ်စက်ခံရနိုင်ဖွယ်ရှိတယ်.. ဆိုတဲ့ အချက် တစ်ချက်ကိုပဲရေးတင်ပါတယ်။(ခ) Formအပေါ်က အပိုင်း ၆ မှာရေးထားသလိုနိုင်ငံရေးထင်မြင်မှု နဲ့သီးခြားလူမှုအဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်ခြင်း ကိုပဲ စွဲကိုင်ပြီး မူနဲ့ ဘောင်နဲ့ ရေးပါတယ်။(ဂ) Your Answer၃ လက္မသာရှိသောလျှာသည် ၆ ပေ ရှည်သောလူကို သေစေနိုင်သည် ဆိုတဲ့ ဂျပန်စကားပုံလေးပါ..။အများစုဟာ ဂျပန် လ ၀ က အရာရှိမေးတဲ့မေးခွန်းထက် ကိုယ်ပြောချင်၊ ကိုယ်ဖြေချင်၊ ပိုပြောချင်၊ ပိုဖြေချင်ကြပါတယ်..။အဲဒီမှာတင် ဖောင်း ကုန်တော့တာပါ..။ကိုယ်ပြောတာကို သူ(ဂျပန် လ ၀ က အရာရှိ)က ပြုံးပြုံးလေးနဲ့ နားထောင်နေတာပဲ..။ဒါဆို ငါပြောတာကို သူယုံကြည်တယ်ဆိုတဲ့ သဘောပေါ့နော်..။သူယုံကြည်အောင် ဒါလေးပါ အဆစ်ထည့်ပြော ထည့်ဖြေလိုက်ဦးမှပဲ.. ဆိုပြီး မေးတာကတခြား အဖြေတွေက တလွဲတွေဖြစ်လို့..။အဲဒီမှာတင် ကျ တာပါ..။သိထားဖို့က ဂျပန် လ ၀ က အရာရှိ တွေဆိုတာ မြန်မာအကြောင်းကို နောကျေနေသူ၊ မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်ကို အရေကျိုသောက်ထားသူတွေပါ..။ဒီအကြောင်းကို `ဂျပန်ရဖြူဂျီနှင့် မြန်မာဒုက္ခသည်များ`ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးတင်ထားပါတယ်..။
https://www.facebook.com/maungshin1/posts/1042291585831142ကိုကလစ်နှိပ်ပြီး ဖွင့်ဖတ်ကြည့်နိုင်ပါတယ်..။ထပ်မံပြီး သတိပေးချင်တာက ဂျပန် လ ၀ က အရာရှိ များဟာ psychology နဲ့ ကျောင်းပြီးထားသူများပါ..။သင်ရွှီးသမျှ၊ သင်ဖြီးသမျှ၊ သင်ကြွားသမျှ၊ သင်ကားသမျှကို ပြုံးပြုံးလေးနဲ့ ကြွင်းတူးပြီး စောင့်နေသူပါ။ဘာကြွင်းလဲဆိုတော့ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုပဲ ငြင်းပယ်ပြီး လ ၀ က ထိန်းသိမ်းရေးစခန်းထဲကို ခေါ်ယူဂူအောင်းခိုင်းမယ့် ကြွင်းပါ..။(၈)မေး-တိုင်းပြည်ပြောင်းလဲနေလို့၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူတွေ မြန်မာပြည်ပြန်လည်နေကြလို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီ အာဏာရလို့ မြန်မာဆိုရင် ဒုက္ခသည်အဖြစ် အသိအမှတ်မပြုချင်တော့ဘူးဆိုတာ ဟုတ်ပါသလား..ဖြေ- တစ်စိတ်တစ်ဒေသ အားဖြင့် ဟုတ်ပေမယ့် အပြည့်အ၀ မဟုတ်ပါဘူး..။ရာခိုင်နှုန်းအရ ပြောရရင် ၂၅% လောက်သာ သက်ရောက်မှုရှိပေမယ့် ၇၅%ဟာ သင့်အပေါ်မှာ မူတည်နေပါတယ်..။ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ချုပ်စာရင်းအရ မြန်မာ ၃ ဦးကို ဒုက္ခသည်အဖြစ်(Refugee)အဖြစ် အသိအမှတ်ပြုခဲ့သလို ဆယ်ကဏန်းအထက်ကိုလည်း လူသားချင်စာနာတယ်ဆိုတဲ့ အထူးနေထိုင်ခွင့်(Special Status)အဖြစ် အသိအမှတ်ပြုပေးခဲ့ပါတယ်။ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီးမှ ပြန်လျင် အန္တရာယ်ရှိပါတယ်လို့ ပြောဆိုလျှောက်တင်ပြီးမှ ပြန်ကြ လည်ကြ သူတွေကို ဂျပန် အစိုးရက သီးသန့်ကိုင်တွယ်မှာပါ..။ဒီအတွက်ကိုလည်း လူကြီးလူကောင်းဆန်ကြောင်း ပြသတဲ့အနေနဲ့ ၂၀၁၅ ခုနှစ် နှစ်စပိုင်းလောက်က UNHCR ကို အစီရင်ခံစာတင်သွင်းခဲ့တဲ့ ``ဒုက္ခသည်အသိအမှတ်ပြုစောင့်ရှောက်ရေးနှင့် အယောင်ဆောင်တို့အကြား အထူးကောက်နှုတ်ချက်`` စာတမ်းကိုဖတ်ဖူးသူတိုင်း သတိထားမိကြမှာပါ။နိဂုံးချုပ်အနေဖြင့် မောင်ရှင်ပြောချင်တာကတော့ဂျပန်မှာ ရဖြူဂျီတင်ရတာ အင်မတန်ရင်ခုန်စရာပါ..ခေတ်မှီသူတိုင်း ဒုက္ခသည်တင်ကြသလို..အသိအမှတ်ပြုခံခြင်း မခံရခြင်းဟာလည်း သင့်အပေါ်မှာသာ မူတည်နေပါကြောင်း နှင့်သတိပေးချင်တာကတော့(က)မူ ဘောင် ၀င်အောင် ရေးပါ..။ခ)မေးတာကိုပဲ ဖြေပါ..။မရွီးနဲ့ မဖြီးပါနဲ့၊ အပိုမပြောပါနဲ့(ဂ)ခပ်လွယ်လွယ် မတွေးစေချင်သလို ခံစားချက်နဲ့ မလုပ်ပါနဲ့(ဃ)သူ့နေရာ(ဂျပန် လ ၀ က အရာရှိ)ကနေ ၀င်ပြီး စဉ်းစားကြည့်ပါ..။ဥပမာ သင်ဟာ ဂျပန် လ ၀ က သို့မဟုတ် ဂျပန်အစိုးရ၀န်ထမ်းဆိုပါစို့..။ကျွန်းနိုင်ငံလေးသာသာရှိတဲ့ ဂျပန်ကျွန်းမှာ ဒုက္ခသည်တင်သမျှ လျှောက်သမျှကို လက်ခံမလား..။ လက်မခံဘူးလား..။လက်ခံလာအောင် ဘယ်လိုရေးသင့် ဖြေသင့်သလဲ..(င) ရှေ့စကား နောက်စကား ညီပါစေ..ဒါဆို သင် အဆင်ပြေပါပြီ..အားလုံးအဆင်ပြေကြပါစေ..မေတ္တာများစွာဖြင့်
Maung Shin