Select Language
Toggle navigation
Home
History
Food
Travel
Shopping
Hobby
Japan I Know
Search
close
Japan List
>
OSAKA
>
TOKYO
>
တိုကျိုမှာ အကောင်းဆုံး ဖက်ထုပ် , Osaka Ohsho
တိုကျိုမှာ အကောင်းဆုံး ဖက်ထုပ် , Osaka Ohsho
Tweet
3,135
ဂျပန်ကို လာလည်တဲ့အခါ လက်မလွတ်သင့်တာတစ်ခုကတော့ ဂိုဇာ (Gyoza) လို့ ခေါ်တဲ့ ဖက်ထုပ်ပါပဲ။ မူလတရုတ်အစားအစာကနေ ဂျပန်စတိုင်နဲ့ ပြောင်းလဲပြုလုပ်ထားလို့ ကလေးလူကြီးမရွေး နှစ်သက်တဲ့အစားအစာ တစ်ခုပါ။
ထိုင်းနိုင်ငံမှာလည်း နာမည်ကျော်ဖက်ထုပ်ဆိုင်တွေ အများအပြားရှိပါတယ်။
ဒီနေ့ ပြောပြချင်တဲ့နေရာကတော့ Osaka Ohsho လို့ခေါ်တဲ့ ဖက်ထုပ်ဆိုင်လေးပါ။ ဒီဆိုင်က ဂိုဇာ ဖက်ထုပ်က နာမည်ကျော်ကြား လူကြိုက်များပြီး ဆိုင်ခွဲတွေလည်း တစ်နိုင်ငံလုံးအနှံ့ ဖွင့်လှစ်ထားပါတယ်။
ဖက်ထုပ်တစ်မျိုးတည်း ရောင်းတဲ့ဆိုင်က ဒီလောက်ကြီးတယ်ဆိုတာ ယုံဖို့ခပ်ခက်ခက်ပါပဲ။ Osaka Ohsho မှာက ဖက်ထုပ်အပြင် ခေါက်ဆွဲ၊ ထမင်းကြော်၊ ကြက်ကြော် နှင့် ယမကာနဲ့ မြည်းလို့ကောင်းတဲ့ အခြား အစားအစာတွေလည်း ရပါသေးတယ်။
ဆိုင်အပြင်အဆင်က တရုတ်စားသောက်ဆိုင်ပုံစံပေမယ့် အရသာကတော့ ဂျပန်စတိုင် ဖြစ်တာကြောင့် ဖက်ထုပ်ချစ်သူများ အကြိုက်တွေ့မှာ သေချာပါတယ်။ ဆိုင်အတွင်းကို ၀င်လိုက်ရင်တော့ သန့်ရှင်းသပ်ရပ်နေပြီး မတူညီတဲ့ စားပွဲခုံတွေနဲ့ ခင်းကျင်းထားတာကို တွေ့နိုင်ပါတယ်။ ကောင်တာမှာ ထိုင်စားလို့ရသလို အဖွဲ့လိုက်ဝိုင်းနဲ့လည်း စားနိုင်ပါတယ်။
အရသာကလည်း ဖက်ထုပ်နဲ့ နာမည်ကြီးတဲ့ဆိုင်ဖြစ်တာကြောင့် ပေးရတာနဲ့တန်အောင် ကောင်းလှပါတယ်။ ဖက်ထုပ်ကြော်အပြင် နောက်ထပ် စားကြည့်စေချင်တာတစ်ခုက ဖက်ထုပ်ပြုတ်ပါ။ ဒီဟာကလည်း ကောင်းပေမယ့် ပင်လယ်စာဆော့(စ်)လေးတော့ လိုနေတယ်လို့ ထင်မိပါတယ်။
ဒေသတစ်ခုကိုရောက်ရင် ဒေသခံတွေစားသလို စားဖို့တော့ လိုပါတယ်။
ဖက်ထုပ်တစ်မျိုးတည်းဆို ဗိုက်မ၀တဲ့အတွက် ဒီဆိုင်ရဲ့ နောက်ထပ်နာမည်ကျော် မီနူးဖြစ်တဲ့ အမဲသားထမင်းကြော်ကိုလည်း စားခဲ့ပါတယ်။ အရသာက လေးလေးပင်ပင်နဲ့ ပြည့်ဝကောင်းမွန်ပြီး အခုရာသီနဲ့တော့ အံကိုက်ပါပဲ။
ဒါကိုကြည့်ပြီး ခေါက်ဆွဲနောက်တစ်ပန်းကန်တောင် စားချင်လာပြီ။ အရမ်းစားကောင်းတာပဲ။
ဒီဓာတ်ပုံတွေက Osaka Ohsho, Gotanda station ဆိုင်ခွဲကနေ ရိုက်လာခဲ့တာပါ။ ဘူတာရုံနဲ့ ၅ မိနစ်စာလောက်ပဲ ဝေးပါတယ်။ ဒီဆိုင်မှာက အချဉ်နဲ့ ဟင်းခတ်အမွှေအကြိုင်တွေကို စားပွဲပေါ်မှာ တင်ထားပေးပါတယ်။ ဖက်ထုပ်ဆော့(စ်)ကို မိမိစိတ်ကြိုက် ဖျော်စပ်နိုင်ပါတယ်။ ဆိုင်ကလည်း ဖျော်စပ်ပုံကို ပြောပြပေးပါတယ်။
ဒီဆိုင်က Shibuya, Shinjuku, Ikebukuro စတဲ့ ခရီးသွားတွေ အသွားများတဲ့ နေရာတွေမှာလည်း ဆိုင်ခွဲများဖွင့်ထားပါတယ်။ ကျွန်မအနေနဲ့တော့ ဒီဆိုင်က မသွားမဖြစ်ဆိုင်တစ်ခုပါလို့ ညွှန်းချင်ပါတယ်။ ဒီကဖက်ထုပ်အရမ်းကောင်းတာမို့ ဆိုင်းဘုတ်တွေ့ခဲ့ရင် ၀င်စားဖြစ်အောင်စားပါလို့ တိုက်တွန်းလိုက်ပါရစေ။
Tweet
Recommended Articles
View 6396
ဂျပန်နဲ့အရက်၊ ဂျပန်နဲ့ S-x(လိင်)
View 5657
ဂျပန်လူမျိုးတွေက crazy ဖြစ်တဲ့ 限定=Gentei
View 4168
ကြည့်ရင်လည်းလှတယ် စားရင်လည်းဝ
View 4546
ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာ...
View 5948
Shobu {ショウブ(菖蒲)}
Search
Area
တူနာဆူရှီ တစ်ဆက်လုံးကိုမှ ယန်း ၉၅၀ ပဲကျတဲ့ Machi no Minato
Osaka | view 3,207
TOKYO
KYOTO
OSAKA
HIROSHIMA
NARA
OKINAWA
KANAGAWA
CHIBA
WAKAYAMA