မြန်မာလူမျိုးနှင့် မတူသော ဂျပန်လူမျိုးတို့ရဲ့ အမူအကျင့်များ...

2,513

၁။ စာအုပ် များ နောက်က စ ဖတ်ရခြင်း။ဂျပန်စာအုပ်တွေက နောက်ကနေစဖတ်ရပါတယ်...စာအုပ်ဆိုင်တွေ မှာ ကြည့်လို့ စာအုပ် စီထားရင်လည်း စာအုပ် အနှောင့်ကို ညာဘက်မှာ ထားပြီး စီထားကြပါတယ်။၂။ အိမ်သာ ပြောင်းပြန် တက်ခြင်း။ကျွန်တော်တို့တွေရဲ့ အိမ်သာတွေမှာ ကမုတ်ကို နောက်ကထားပြီး တက်ရပေမယ့် ဂျပန်အိမ်သာမှာတော့ ကမုတ်ကို ရှေ့က ထား ရပါတယ်။၃။ ဓါး အသွားကို ကိုင်၊ အရိုးအားကမ်းခြင်း။ကျွန်တော်တို့ အခြားလူတစ်ယောက်ကို ဓါး ပေးတဲ့ အခါ ကိုယ်က အရိုးကိုကိုင် အသွားဘက်ကို ပေးကြပါတယ်( အန္တရာယ် များပါတယ်)။ဂျပန်လူမျိုးတွေကတော့ အသွားဘက်ကို ကိုယ်ကကိုင်၊ အရိုး ဘက်ကို ကမ်းပါတယ်။[caption id="attachment_1861" align="alignnone" width="367"]credit:http://www.transpanish.biz/translation_blog/wp-content//japanese-valentines.jpg credit:http://www.transpanish.biz/translation_blog/wp-content//japanese-valentines.jpg[/caption]၄။ ဓါး အသွား အပေါ်ထောင်ပြီး လွယ်ခြင်း။ဆာမူရိုင်းတွေ ကြည့်တဲ့ အခါ ဓါးအသွားဘက်ကို အပေါ်ကထားပြီး ဓါးအိမ်ထဲ ထည့် လွယ်ပါတယ်။ကျွန်တော်တို့ ကတော့ ဓါးလွယ်ရင် အသွားကို အောက်က ထားပြီး လွယ်ကြတယ်။၎။ ချစ်သူများနေ့ ကောင်မလေးက ချောကလက်ကျွေး။ချစ်သူများနေ့ မြန်မာ ယောကျာ်းလေးများ ငွေကုန်ကြပေမယ့် ဂျပန်မှာတော့ ယောကျာ်းလေးတွေက အေးဆေး....အဲဒီနေ့မှာ ချောကလက်တွေ အများကြီးစားရပါတယ်။[caption id="attachment_1859" align="alignnone" width="1024"]credit:https://upload.wikimedia.org/wikipedia/commons/3/3d/Hikikomori_,_Hiasuki,_2004.jpg credit:https://upload.wikimedia.org/wikipedia/commons/3/3d/Hikikomori_,_Hiasuki,_2004.jpg[/caption]၅။ ကုန်ကျသမျှတဝက်စီ။ကိုယ့်အားကိုယ်ကိုး နိုင်ငံမှာ စားသောက်သမျှ အားလုံးက အချိုးကျပါပဲ...ယုတ်စွအဆုံး စုံတွဲတွေ ဟိုတယ်မှာ အိပ်ကြရင်တောင် တစ်ယောက်တစ်ဝက် ရှင်းကြပါသတဲ့။၆။ ရွံ စရာ တဲ့။အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ထားတဲ့သူ၊ အိမ်ယာမရှိ လျှောက်သွားနေတဲ့ သူတွေကို ရွံစရာလို့ မမြင်ကြပဲ...နှာခေါင်းမွှေး( နှာခေါင်း ထဲက အမွှေး)ရှည်တဲ့သူ ၊ လေချဉ်တက်တဲ့သူ ကို ရွံစရာလို့ မြင်ကြတယ်။၇။ ခြေအိတ် မဝတ်ရင် ရိုင်းတယ်။TV အစီစဉ်တွေမှာ...ဘစ်ကနီနဲ့၊ သတင်းစာတွေမှာ အပြာမယ်ပုံတွေ ထည့်၊ ရေနွေးစိမ်တဲ့ ကန်တွေမှာ ဂျပန်ရေချိုး...ဂျပန်မလေးတွေ စကပ်ပေါင်ရင်းထိ တို..ဆိုတာ ရိုင်းတယ် မမြင်ကြပေမယ့် အပြင်ထွက်လို့ ခြေအိတ်မပါရင် ရိုင်းပါသတဲ့။[caption id="attachment_1860" align="alignnone" width="480"]credit:https://i.ytimg.com/vi/3JuUQWWYwVo/hqdefault.jpg credit:https://i.ytimg.com/vi/3JuUQWWYwVo/hqdefault.jpg[/caption]၈။ ခေါက်ဆွဲ စားရင် တရှုးရှုး အသံထွက်မှ။ကျွန်တော်တို့ အစာ စားရင် အသံမည်လို့ အမေအဆူခံရပေမယ့် သူတို့က တော့ အသံမြည်မှ ကောင်းပါသတဲ့။၉။ ဘုရားကို လက်ခုပ်တီးပြီး ခေါ်။နတ်၊ ဘုရား တို့ကို ဝတ်ပြုတဲ့ အခါ ပထမဆုံး လက်ခုပ်နှစ်ချက်တီးပါတယ်...ဘုရားက ကြားအောင် ခေါ်လိုက်တာပါ ...အဲဒီနောက်လိုရာဆုတောင်းပြီး နောက်ထပ်လက်ခုပ် တစ်ချက်ထပ်ပြီး တီးပါတယ်...ဘာလို့လဲဗျ ...ဆိုတော့...ပြန်တော့ ရပြီ လို့ ပြောလိုက်တာပါ ...တဲ့။မင်းယျာ{လောလောဆယ် ကျွန်တော်သိသမျှကတော့ ဒါပါပဲ..}[caption id="attachment_1863" align="alignnone" width="480"]credit:http://i2.wp.com/www.japancrush.com/wp-content/uploads/2014/02/valentines-chocolate-menstrual-blood-Japan-03.jpg?resize=480%2C360 credit:http://i2.wp.com/www.japancrush.com/wp-valentines-chocolate-menstrual-blood-=480%2C360[/caption][caption id="attachment_1862" align="alignnone" width="641"]credit:https://upload.wikimedia.org/wikipedia/commons/f/fd/Loosesocks-sobuline2011.jpg credit:https://upload.wikimedia.org/wikipedia/commons/f/fd/Loosesocks-sobuline2011.jpg[/caption]