ကျွန်တော်ကသိတဲ့ မြန်မာနှစ်သစ်နဲ့ ဂျပန်နှစ်သစ်......

993

ဒီလဟာမြန်မာလူမျိုးတွေရဲ့ နှစ်သစ်ဖြစ်သလို ဂျပန်လူမျိုးတွေရဲ့ နှစ်သစ်ဖြစ်တယ်လို့ ပြောရင် သင်္ကြန် နှစ်သစ်မှာအသောက် လွန်းပြီး ဘာတွေလာပြောနေ တာလည်းလို့ ကျွန်တော်ကို ဝိုင်းပြောကြမှာသေချာပါတယ်…။အဟောင်းတွေ ကပြီးသွားလို့  အသစ် အသစ် တွေ ကိုစတင်ခြင်း ဆိုတာက အသစ် ဆိုတာကို လက်ခံမယ် ဆိုရင် ဂျပန် နိုင်ငံရဲ့  နှစ်သစ်ဆိုတာ ကလည်း ကျွန်တော်တို့ မြန်မာလို ပိတောက်တွေ စပွင့်တဲ့ ရာသီ Sakura တွေစပွင့်တဲ့ ရာသီဖြစ်တဲ့ ၄လပိုင်းမှာ စတယ်လို့ ပြောရင် လည်း ခင်ဗျာက ညှင်းပါလိမ့်မယ်။12910753_599825140168188_2020796864_n 12910830_599825130168189_1012869178_n 12922229_599825120168190_2019810298_oဂျပန်လူမျိုးတွေမှာ 正月( しょうがつ )ဆိုတာရှိပြီး နှစ်သစ်ဆို တာက ၁လပိုင်းကစတယ်လို့ ပြောမှာပါ။ဒါကတော့လူတိုင်းကသိ တဲ့ နှစ်သစ်ပါ။ အမှန်တကယ်က ဂျပန်နှစ်သစ်က ၁လပိုင်းဆိုရင် ကျောင်းတွေရော အစိုးရ လုပ်ငန်းတွေရော အလုပ်တွေရဲ့ အစကို နောက်ကျ တယ် ဆိုရင်တောင် ၂လပိုင်း လောက် မှာ စရမယ်လို့  မထင်ဘူးလား ခင်ဗျာ။တရုတ်နှစ်သစ်ကူးက ၂လပိုင်းမှာရှိပြီးတရုတ်နိုင်ငံရဲ့ ကျောင်းတွေစဖွင့်ချိန်က ၃လပိုင်းဖြစ်ပါတယ်။တချိန်တုန်းက ဂျပန် လူမျိုး တောင် သူ လယ်သမား တွေဟာ ချယ်ရီဆို တဲ့ Sakura တွေပွင့်တဲ့ အချိန် ကျ တော့မှ နွေဦးရာသီရောက်ပြီး လို့ သတ်မှတ်ပြီး မျိုးချတာတို တောင်ယာအလုပ်ကို စတင်လုပ်ခဲ့တာ တွေရဲ့ အဆွဲများရှိခဲ့ပါတယ်...။ဒါကြောင့်ပဲလားမသိပါဘူး ကျောင်းတွေ ရော အစိုးရလုပ် ငန်းတွေရောကုမ္ပဏီ အကြီးစားတွပါ ၄လ ပိုင်းမှာစကြပါတယ်။နှစ်ချုပ်စာရင်းတောင် ၃လပိုင်းရဲ့ လကုန်က မနှစ်ရဲ့ နှစ်ချုပ်စာရင်းကို လုပ်တာဖြစ်လို့ အဲ့ ဒီအချိန်ကိုတောင်ဂျပန်တွေက 年末=ねんまつ( နှစ်ကုန်တယ် ဆိုတာထက် )面倒末=めんとうまつ( အလုပ်ရှုပ်တဲ့ စာရင်းပိတ်) လို့ ပြောလေ့ရှိပါတယ်။ဒါကြောင့်အသစ်အသစ်တွေစတဲ့ အချိန်ကို နှစ်သစ်လို့ သတ်မှတ်မယ် ဆိုရင် ဂျပန်ရဲ့ နှစ်သစ်ဟာ အခုအချိန်ဖြစ်တယ်လို့ ပြောတဲ့ ကျွန်တော်ပြောတာ မမှားဘူးလို့ စာဖတ်သူတို့ လက်ခံကြမှာပါ။ ဒီလိုအပြောင်းအလည်းတွေများတဲ့ အချိန်မှာ အိမ်ခန်းပြောင်းသူတွေက လည်းများလို့ ဒီလိုရာသီမှာ အိမ်ခန်းအသစ်ရှာတာတော့ သိပ်အားမပေးပါ။ အသစ်အသစ်တွေစတဲ့ အခါတိုင်းမှာ ပန်းတွေနဲ့ ဂုဏ်ပြုတဲ့ အလေ့ရှိတဲ့နိုင်ငံဖြစ်လို့ ပန်းဆိုင် တွေက၃-၄လပိုင်းက ရောင်းရငွေ အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်။ဒီရာသီမှာမိတ်ဆက်ပေးချင်တဲ့ ပန်းကတော့ Reeves spirea ဂျပန်လိုတော့ 小手鞠 ( コデマリ )လို့  ခေါ်တဲ့ အရမ်းချစ်စ ရာ ကောင်းတဲ့ ပန်းတမျိုးပါ။ Reeves spireaရဲ့ ပန်းစကားက အခုအချိန် နဲ့ လည်း အလိုက်ဖက်ဆုံး ဖြစ်တဲ့ ချစ်ကြည့်ရင်နှီးမှု့ ( ဂျပန်လိုတော့ ( 友情 =ゆうじょう )ပေါ့ခင်ဗျာ။နှစ်သစ်တွေရဲ့ အစမှာ သူငယ်ချင်း တွေနဲ့ ရောလုပ်ဖော်ကိုင်ဖက်တွေနဲ့  ပါ ချစ်ကြင်ရင်နှီးမှု့ တွေနဲ့ ရှိနေမယ် ဆိုရင် အရာအရာ တိုင်းဟာ ပျော်ရွှင်စွာနဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်.........။Myo Tint.