Mizu Taki 水炊き(みずたき)ရေလုံပြုတ်

1,290

အခုလိုအရမ်းအေးတဲ့ရာသီ မှာဂျပန်သူငယ်ချင်းတယောက်သင်ပေးတဲ့ ဟင်းကို အမြဲချက်စားလေ့ ရှိပါတယ်။အရမ်းစားလို့ ကောင်းသလို အရမ်းလည်းလွယ်ပါတယ်။ဟင်းရဲ့ နာမည်က အစ လွယ်တယ် Mizu Taki 水炊き(みずたき)ရေလုံပြုတ်တဲ့။ဒီဟင်းက 九州ကျုးရှုးနဲ့ ၊ခန်းစိုက် 関西 လို့ခေါ်တဲ့ နယ်ကနာမည်ကြီး အစားအစာ တခုပါ။ချက်ပုံချက်နည်းက တော့ဟင်းချိုချက်သလောက်ရှိတဲ့ ရေကို ထည့်ပါ။ကြက်ရည်ရဲ့ အရသာရှိဖို့ အရိုးပါတဲ့ကြက်သားကို သုံးပါ၊ကျွန်တော်ကတော့ ဂျပန်ဈေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ ရတဲ့ Tebamoto (drumette) ကိုသုံးပါတယ်။ရေနွေးဆူတာနဲ့ အသားကိုထည့်လိုက်ပြီးခဏစောင့်ပါ။သိပ်မကြာခင် အမြှုတ်များနှင့်အတူ အနီရောင် ခပ်ညစ်ညစ်တွေက ရေပေါ်မှာပေါ်လာမှာပါ၊အဲ့ဒါတွေကို ခပ်ထုတ်ပစ်ပါ။ အဲ့ဒီအမြှုပ်တွေ[caption id="attachment_1572" align="alignnone" width="300"]credit;http://www.jidori.com/mizutaki2.jpg credit;http://www.jidori.com/mizutaki2.jpg[/caption]ကို ဂျပန်လို အာ့ခု လို့ ခေါ်ပြီး ဟင်းကိုနံစေပါတယ်။(ထုတ်ပစ်ဘို့ အရမ်းအဓိက ကျပါတယ် ။)ဟင်းအိုးထဲကို အရက် ကြွေဇွန်း၁ဇွန်းလောက် ထည့်ပြီး ဂျင်းကို ၂ပြားလောက် ထည့်ပါ ငရုတ် ကောင်းမှုန့် အနည်းငယ် ကြက်သားမှုန့် အနည်းငယ်ထည့်ပါ။ဂျပန်အရသာကြိုက်တဲ့ ကျွန်တော်က ( အနံ့ အတွက် ပင်လယ်အရွက်တခြု ဖစ်တဲ့ Konbu(kelp)ကိုလက်နှစ်စစ် စာလောက် ထည့်ပါတယ်။)မရှိလျှင်လည်း အကြောင်းမဟုတ်ပါ။12795557_581253922025310_7702920113450519753_n 11059447_581253955358640_5688040511052713454_n 7364_581253942025308_8071694398513496081_nနာရီဝက်ခန့် ပြုတ်ပြီးတဲ့အခါမှာ ကြွေဇွန်းနဲ့ ဆားကို ၁ဇွန်းခန့် ထည့်ပါ။ပြီးလျှင်အဆင်သင့်ပြင်ထားတဲ့ မုန်လာဥဖြူ နဲ့ ဟကုစိုက် ( はくさい Chinese cabbag ကို အရွယ်တော်ဖြတ်ြပီးထည့်ပါ။)မရှိလျှင် ဂေါ်ဖီရွက်နှင့်လည်း အဆင်ပြေပါသည်။အရွက်ကတော့ ကိုယ်ကြိုက်နှစ်သက်ရာ ထည့်လို့ ရပါတယ်။\အရွက်များကို ထည့်ပြီး ၅~၈မိနစ်ခန့် ကျလျှင်စားလို့ ရပါပြီး။ဟင်းနာမည်က ရေလုံပြုတ် Mizu Taki 水炊き(みずたき)ဖြစ်လို့ အရသာက ပေါ့နေမှာပါ။ဒီဟင်းနဲ့ တိုပြီးစားရမဲ့ အာဂျီးပုန့်  あじぽん( 味ぽん)ကို ဂျပန်က ဈေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ ရပါတယ်။ဈေးကလည်းသိပ်မကြီးပါဘူး။အစပ်ကြိုက်တဲ့ကျွန်တော်ကတော့ တိုပန်ဂျန်း (トウパンジャン )ဆိုတဲ့ အစပ်နဲ့ တွဲစားပါတယ်။[caption id="attachment_1575" align="alignleft" width="225"]credit:http://www.kanagawa-kankou.or.jp/eat/images/kako_12.jpg credit:http://www.kanagawa-kankou.or.jp/eat/images/kako_12.jpg[/caption]12794395_581253915358644_6682373839151138474_nမြန်မာပါးစပ်နဲ့ တွေပြီး အခုလို ချမ်းတဲ့ ရာသီမှာ အရမ်းစားလို့ ကောင်းတဲ့ hotpot နဲ့ ဆင်တဲ့ ဟင်းတမျိုးပါ....။Myo Tint