ခိုဘီ (Kobe) က တံငါသည်ဈေး ပင်လယ်စာဘူဖေး

322

ကျွန်မတို့သိကြတဲ့ ကဏန်းဘူဖေးဆိုင်ကောင်းကောင်းတွေက တိုကျို ဒါမှမဟုတ် ဆာပိုယိုက ဆိုင်တွေပါ။ ကန်ဆိုင်း (Kansai) မှာတော့ ရှာရခက်ပါလိမ့်မယ်။ကန်ဆိုင်းက နာမည်ကြီးဆိုင်က Dontonbori, Osaka မှာရှိပေမယ့် တော်တော်ဈေးကြီးပါတယ်။ အ၀စားမယ်ဆို တစ်ယောက်ကို ယန်း ၅၀၀၀ - ၆၀၀၀ လောက်တောင် ကျနိုင်ပါတယ်။ ကျွန်မတို့အဖွဲ့ဟာ ခိုဘီမှာရှိတဲ့ တံငါသည်ဈေး လို့ခေါ်တဲ့ ဈေးသက်သာ ကဏန်းဘူဖေးဆိုင်ကို ရောက်ခဲ့ကြပါတယ်။1နေရာကတော့ JR Kobe မှာဆင်းပြီး ကမ်းနားကို ၁၀ မိနစ်ခန့် လမ်းလျှောက်လိုက်ရင် စားသောက်ဆိုင်တွေ၊ အမှတ်တရလက်ဆောင်ဆိုင်တွေရှိတဲ့ mosaic ကိုရောက်ပါလိမ့်မယ်။ အဲဒီမှာ ရဟတ်ကြီးရှိတာကြောင့် ရှာရလွယ်ပါတယ်။မျက်နှာချင်းဆိုင်မှာတော့ ခိုဘီတာဝါနဲ့အတူ လှပတဲ့ရှုခင်းကို တွေ့နိုင်ပါတယ်။2ဒီဆိုင်က အပေါ်ထပ်က Kiddy Land အရုပ်ဆိုင်နားမှာပါ။3 4 5 6ဒါကတော့ ဈေးနှုန်းတွေပါ။7 8ဒီက အစားအစာတွေ ဖြစ်ပါတယ်။ တကယ်ကို စားချင်စရာပဲနော်။9 10 11 12