ရွှေနန်းတော်လို့ အဓိပါယ်ရတဲ့ ကင်ကာကူဂျီ (Kinkakuji) ကျောင်းဆောင်

1,856

   ရွှေနန်းတော်လို့ အဓိါယ်ရတဲ့ ကင်ကာကူဂျီ (Kinkakuji) ကျောင်းဆောင်ဟာ ကျိုတိုမြောက်ပိုင်းမှာ တည်ရှိပါတယ်။ဖန်တီးသူ ဗိသုကာဧ။်စိတ်ကူး       အထပ်တိုင်းကို မတူညီတဲ့ ဗိသုကာလက်ရာမျိုးစုံနဲ့ တည်ဆောက်ထားခြင်းက အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ အဆောက်အဦးတစ်ခု ဖြစ်စေခဲ့ပါတယ်။ မြေညီထပ်ကို ဟီအန်းခေတ်က နန်းတော်တွေ ဆောက်လုပ်နေကျပုံစံဖြစ်တဲ့ ရှင်းဒန်းစတိုင်နဲ့ တည်ဆောက်ထားပါတယ်။ ဒီပုံစံရဲ့ ထင်ရှားတဲ့အချက်ကတော့ သဘာဝကျကျ သစ်သားတိုင်လုံးတွေနှင့် အဖြူရောင်နံရံတွေကို အချိုးကျ ပေါင်းစပ်ထားတာပါ။ ဆာမူရိုင်းအိမ်တွေမှာ တွေ့နေကျပုံစံဖြစ်တဲ့ ဘက်ကီစတိုင်နဲ့ ဆောက်လုပ်ထားပြီး အပြင်ပိုင်းကို ရွှေကနုတ်များနှင့် အလှဆင်ထားတာကတော့ ဒုတိယထပ် ဖြစ်ပါတယ်။ အပေါ်ဆုံးထပ်ဖြစ်တဲ့ တတိယထပ်ကို တရုတ်ဘုံကျောင်းပုံစံ ဆောက်လုပ်ထားပါတယ်။ အပြင်ပိုင်းကိုတော့ ရွှေကနုတ်များနဲ့ အလှဆင်ထားပါတယ်။ဖျက်ဆီးခံရလည်းပဲ အကြိမ်ကြိမ်ပြန်လည် တည်ဆောက်ခဲ့ပါတယ်       ဒီအဆောက်အအုံဟာ အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရပေမယ့် အကြိမ်တိုင်းမှာ ပြန်လည်ပြုပြင်ခဲ့ပါတယ်။ Onin စစ်ပွဲဖြစ်ပွားခဲ့ချိန်မှာ အခြားကန်တိုပြည်နယ်က ဒေသများနဲ့အတူ နှစ်ကြိမ်တိုင် ဖျက်ဆီးခံခဲ့ရပါတယ်။ နောက်ဆုံးဖျက်ဆီးခံခဲ့ရတာကတော့ ၁၉၅၀ ခုနှစ်မှာ အစွန်းရောက် ဘုန်းကြီးတစ်ပါးက မီးရှို့ဖျက်ဆီးခဲ့တာပါ။ ထို့နောက် ၁၉၅၅ ခုနှစ်မှာ ပြန်ပြင်ဆင်ခဲ့ပါတယ်။ ဒီကျောင်းဆောင်ကြီးကို စတင်တည်ဆောက်သူ စစ်ဗိုလ်ချုပ်ကြီး ယိုရှီမီဆုဟာ ကျိုတိုက လူကုန်ထံ အထက်တန်းလွှာတွေရဲ့ ဓလေ့ထုံးစံနဲ့ ကိုက်ညီအောင် ငွေကြေးမြောက်မြားစွာ ကုန်ကျခံပြီး ဒီဇိုင်းထုတ်တည်ဆောက်ခဲ့ပါတယ်။ ၁၄၀၈ ခုနှစ်၊ သူကွယ်လွန်တဲ့အချိန်မှာတော့ ဒီကျောင်းဆောင်ကြီးကို Rinzai လူမျိုးစုတွေကို လွှဲပြောင်းပေးခဲ့ပါတယ်။ ၁၉၈၇ မှာ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ကျောင်းဆောင်အမည်တွင်ခဲ့ပုံနှင့် သမိုင်းကြောင်း       ကင်ကာကူဂျီကျောင်းဆောင်ရဲ့ နာမည်က သူရဲ့အသွင်အပြင်ကြောင့် ရရှိလာတာဖြစ်ပါတယ်။ ရွှေနန်းတော်ဟု အဓိပယ်ရတဲ့အမည်ဟာ ကျောင်းဆောင်အပေါ်နှစ်ထပ်မှာ အလှဆင်ထားတဲ့ ရွှေကနုတ်တွေကို မှီငြမ်းပြီး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။ မူလက စစ်ဗိုလ်ချုပ်ကြီး ယိုရှီမီဆုရဲ့ အပန်းဖြေစံအိမ်ဖြစ်ခဲ့ပြီး ယိုကုအွန်ဂျီအမည်နဲ့ သိခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ်ကြီးရဲ့ မြေးဖြစ်သူက ဒီကျောင်းဆောင်နှင့် ပုံစံတူနန်းဆောင်တစ်ခုကို ဆောက်လုပ်ခဲ့ပါတယ်။ အမည်က ဂျင်ကာကုဂျီဖြစ်ပြီး ငွေနန်းတော်ဟု အဓိပယ်ရပါတယ်။ ဂျင်ကာကုဂျီကိုတော့ ဆယ်စုနှစ်များ ကြာမြင့်ပြီးမှ မြို့ရဲ့ အခြားတစ်ဖက်မှာ တည်ဆောက်ခဲ့တာပါ။ သူ့ရဲ့ သမိုင်းတွင် ထင်ရှားမှုကြောင့် ဒီကျောင်းဆောင်ဟာ UNESCO ကနေ သမိုင်းဝင် အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ကင်ကာကူဂျီကို ဘယ်လိုသွားကြမလဲ       JR ကျိုတိုဘူတာသို့ ရထားစီးပါ။ ထိုမှတဆင့် Kinkakuji-michi မှတ်တိုင်ကို မိနစ် ၃၀ ခန့် ဘတ်စ်ကားနှင့် သွားပါ။ ကားမှတ်တိုင်ကနေ ၃ မိနစ်လောက် လျှောက်လိုက်ရင် ရောက်ပါပြီ။ ဒါမှမဟုတ် Kamasura မြေအောက်လိုင်းမှ Kitaoji station ကို စီးပါ။ အဲဒီကနေ တက်စီ (သို့) ဘတ်စ်နဲ့ ထပ်သွားရင် ၁၀ မိနစ်ပဲ ကြာပါတယ်။အချက်အလက်များ
  •         ဖွင့်ချိန် - ၉ နာရီ မှ ၁၇ နာရီ
  •         တည်နေရာ - 1 Kinkakuji-cho, Kita-ku, Kyoto-shi, Kyoto
  •         Phone – 075-461-0013
  •         URL – http://kyoto.travel/en/shrine_temple/132