ကလေးငယ်များ KIDDY LAND တွင် ပျော်ရွှင်စေရမည်

1,359

ကလေးငယ်များရဲ့ ဒီလိုမေးခွန်းတွေကို သင်ဘယ်လိုဖြေမလဲ? “မိဘတွေ ဈေးဝယ်ထွက်ချိန်မှာ ဘာလုပ်ရမှာလဲဟင်?”“လူကြီးတွေ ဈေးဝယ်ထွက်နေရင် အရမ်းပျင်းတာပဲ”“သားတို့သမီးတို့အတွက် ကစားဖို့နေရာ မရှိဘူးလားဟင်”အဲလိုမေးခွန်းတွေအတွက် အဖြေလေးကတော့ ဒီနေရာလေးပါ။ ဒီဆိုင်လေးကတော့ နှစ်၆၀ကြာပြီဖြစ်တဲ့ ဒဏ္ဍာရီဆိုင်လေးပါ။ ကမ္ဘာလှည့်ခရီးသွားအုပ်စုတွေလာတိုင်း Harajuku ကို သွားလှည့်ပတ်ပြီး Kiddyland ကို လေ့လာတဲ့ အစီအစဉ်ပါလေ့ ရှိတယ်။ ကျွန်မတို့ မရောက်ဖူးဘူးဆိုရင် ဒီ Kiddyland ကို ကစားစရာပန်းခြံဟုတ်မဟုတ် စဉ်းစားနေရမှာပါ။အမှန်တော့ မဟုတ်ပါဘူး။ Kiddyland က Sario, Ririkuma, Disney စတဲ့ ကလေးတွေကြိုက်တဲ့ နာမည်ကြီးကာတွန်းအရုပ်လေးတွေ ရောင်းတဲ့ နေရာပါ။ ဆက်ကြည့်ကြရအောင်။ Kiddlyland က Meijijingu လမ်းပေါ်မှာ တည်ရှိပါတယ်။ Harajuku မှတ်တိုင်ကနေဆင်းပြီး Omotesando ဘက်ကို ဆက်လျှောက်ရင် လမ်းဆုံကြီးကို တွေ့မှာပါ။ အဲမှာ ဆက်သွားရင် Kiddyland ကို တွေ့ရမှာနော်။2Photo credit from http://goo.gl/pxGv0CKiddyland မှာ မြေညီထပ်အပါအ၀င် အထပ်၅ထပ် ရှိပါတယ်။ မြေညီထပ်ကတော့ Snoopy ကမ္ဘာလေးပါ။ Snoopy နဲ့ ပတ်သက်တာ မှန်သမျှ ဒီမှာရနိုင်တယ်လေ။ ပထမထပ် ဒါမှမဟုတ် ၀င်ပေါက်နဲ့ဆက်နေတဲ့ အထပ်မှာတော့ K-spot သို့မဟုတ် Kiddyland ရဲ့ ဆွဲဆောင်ဖို့ကောင်းတဲ့ အရုပ်လေးတွေ မြင်ရမှာနော်။3 4ဒုတိယအထပ်မှာတော့ Disney နဲ့သူ့ဇာတ်ကောင်လေးတွေ အစုံရှိတဲ့အပြင် Kapibara, Ojiburi studio က ကာတွန်းဇာတ်ကောင်လေးတွေပါ ထားထားတယ်နော်။5တတိယအထပ်မှာတော့ Toy Wonderland နဲ့ Star wars galaxy အရုပ်တွေ Lego အရုပ်တွေ ရှိလို့ ယောင်္ကျားလေးတွေနှစ်သက်မယ့်နေရာလေးပါ။6စတုတ္ထထပ်မှာတော့ Rilakkuma store နဲ့ Hello Kitty ဆိုင်လေးဖွင့်ထားတာမို့ ပြောမပြတတ်လောက်အောင် အရုပ်လေးတွေက ချစ်စရာကောင်းလွန်းပါတယ်။7 8ဒီဆိုင်မှာ ရောင်းတဲ့ အရုပ်အားလုံးက original တွေမို့လို့ သင်ယုံကြည်စိတ်ချစွာ ၀ယ်နိုင်တယ်လေ။ နောက်ပြီးရွေးချယ်စရာ စာရေးကိရိယာ မျိုးစုံလည်း ရှိသေးတယ်နော်။ ဒီနေရာလေးက ချစ်စရာကောင်းတဲ့ ပစ္စည်းမျိုးစုံ စုဆောင်းထားတာမို့လို့ ကမ္ဘာလှည့်ခရီးသွားတွေ မလာဘဲမနေနိုင်တာ မဆန်းပါဘူး။ တချို့ဆို ဒီနေရာလေးကို မဖြစ်မနေသွားဖို့ ပြောကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တစ်နေရာ လည်ရုံနဲ့ ချစ်စရာကောင်းတဲ့ ပစ္စည်းလေးတွေ အစုံရှိပြီး သူငယ်ချင်းတွေအတွက် လက်ဆောင်လေးတွေလည်း ၀ယ်နိုင်လို့ပါပဲ။ ကလေးတွေသာမက လူကြီးတွေပါ မလွဲမသေ သွားချင်မယ့်နေရာလေးပါ။  ဒီဆိုင်လေးက ပစ္စည်းလေးတွေအားလုံး အရမ်းချစ်စရာကောင်းလို့ အချိန်တိုင်း သွားသွားကြည့်နေရတဲ့ Landmark လေးတခုပါပဲ။ဆိုင်ဖွင့်ချိန်။  ။ တနင်္လာနေ့မှ သောကြာနေ့ မနက် ၁၁နာရီမှ ည၉နာရီထိ                       စနေနှင့် တနင်္ဂနွေ မနက် ၁၀နာရီခွဲမှ ည၉နာရီထိနေရာလေးကတော့ ရှာဖို့ မခက်ခဲပါဘူး။ ကျွန်မအထင် ဂျပန်လူမျိုးတိုင်းကို မေးရင် ကောင်းကောင်းဖြေနိုင်မှာပါ။Admay Yamapi
Name *
Email *
Message *