Kawamura အရည်အသွေးမြင့် ခိုဘီ အမဲသား

1,603

       အားလုံးပဲ မင်္ဂလာပါ။       ဒီနေ့တော့ ကျွန်မတို့အဖွဲ့က အကောင်းစား ခိုဘီ အမဲသားတွေကို သုံးဆောင်နိုင်ဖို့ Sannomiya မှာရှိတဲ့ KAWAMURA ဆိုင်ကို ခေါ်ဆောင်သွားပါရစေ။ မသုံးဆောင်ခင်မှာ ခိုဘီအမဲသားအကြောင်း နည်းနည်းပြောပြချင်ပါတယ်။1       ခိုဘီ အမဲသား (သို့) ခိုဘီနီကုဆိုတာ အရည်အသွေးမြင့် အမဲသားကို ခေါ်တာဖြစ်ပါတယ်။ ခိုဘီအမဲသားလို့ ခေါ်နိုင်ဖို့အတွက် Hyongo ဒေသက Tajima နွားမျိုးရဲ့အသားဖြစ်ရန်လိုအပ်ပြီး ဂျပန်ရဲ့ တင်းကြပ်တဲ့ အရည်အသွေးအကဲဖြတ်မှုအရ အသိအမှတ်ပြုထားပြီး ဖြစ်ရပါမယ်။       ခိုဘီအမဲသားဟာ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး အမဲသား (၃)မျိုးမှာ တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ အရည်အသွေးမြင့် အကောင်းစား အသားဖြစ်တာကြောင့် သာမန်အိမ်မှာ တွေ့ရလေ့မရှိပါဘူး။ အဆင့်မြင့်ကုန်ကြမ်းတွေ အသုံးပြုတဲ့ စားသောက်ဆိုင်တွေမှာသာ အတွေ့ရများပါတယ်။2       တချို့တွေကလည်း လက်ဆောင်အဖြစ် ပေးတတ်ကြပါတယ်။ အခုရာသီမျိုးမှာ ခိုဘီအမဲသား စားရတာက ကောင်းမွန်ထူးခြားတဲ့ အရာတစ်ခုပါဘဲ။       ခိုဘီအမဲသားက လူတိုင်းရဲ့ စိတ်ကူးထဲကအမဲသား ဖြစ်ပါတယ်။ အမဲသားမကြိုက်တဲ့သူတွေတောင် တစ်ခါလောက်တော့ စားကြည့်သင့်ပါတယ်။       အကောင်းစား ခိုဘီအမဲသားမှာဆိုရင် အဖြူရောင်အဆီတွေက ဖုံးလွှမ်းနေပြီး စကျင်ကျောက်လို ပုံစံကွက်လေးတွေ ပေါ်နေတတ်ပါတယ်။ အဲဒီအဆီတွေက အပူမှာ အလွယ်တကူ ပျော်ဝင်နိုင်စွမ်းရှိပါတယ်။       အဲဒါဟာ အနီရောင်အမဲသားကို ပိုနူးညံ့စေပြီး စားလိုက်တဲ့အခါ အရမ်းအရသာရှိစေပါတယ်။ ဒါကြောင့် ခိုဘီအမဲသားကို ဘယ်တော့မှ စားလို့မဝဘူးလို့တောင် ပြောစမှတ်ရှိကြပါတယ်။       ဒီဆိုင်နာမည်က Kawamura လို့ ခေါ်ပါတယ်။ Website က http://bifteck.co.jp/en/index.html ပါ။ဆိုင်ဖွင့်ချိန်များရုံးဖွင့်ရက်မျာ3းနေ့လည်စာ : ၁၁:၃၀ - ၁၅:၀၀ညစာ : ၁၇:၀၀ - ၂၁:၃၀ရုံးပိတ်ရက်နှင့် ပိတ်ရက်များ ၁၁:၃၀ - ၂၁:၃၀       Sannomiya ဆိုင်ခွဲကို ဘယ်လို ရက်ချိန်းယူရမလဲဆိုရင်(၁) http://bifteck.co.jp/en/hyogo_reserve.html မှာ အနည်းဆုံး ၃ ရက်ကြိုတင် ရက်ချိန်းယူနိုင်ပါတယ်။(၂) ဒါမှမဟုတ် ဂျပန်စကားပြောတတ်သူတစ်ယောက်ယောက် (သို့) ဟိုတယ်ဝန်ထမ်းကို ၀၇၈-၃၃၅-၀၃၉၉ ကို ဖုန်းဆက်ပြီး ရက်ချိန်းယူဖို့ အကူအညီတောင်းနိုင်ပါတယ်။       ဘယ်လိုသွားရမလဲဆိုရင်တော့ JR Sannomiya station ကိုရောက်ရင် အရှေ့ဂိတ်ကထွက်ပြီး ညာကွေ့လိုက်ပါ။4 5       ပြီးရင် ပုံမှာမြားပြထားတဲ့ မျက်နှာချင်းဆိုင်က လမ်းအသေးဆီကို သွားပါ။6 7       လမ်းထဲရောက်ပြီဆို ညာဘက်ကို ထပ်ကွေ့ပြီး ၅၀ မီတာလောက် လျှောက်ပါ။8       ဆိုင်ရှေ့တည့်တည့်က တွေ့ရတဲ့ပုံပါ။9 10       ဆိုင်ထဲက အပြင်အဆင်ပါ။11       ခိုဘီအမဲသားကို မမြည်းကြည့်ခင် ဒီဆိုင်ရဲ့ အမဲသားအရည်အသွေးကို အာမခံနိုင်မယ့်အရာကို ကြည့်ကြရအောင်။       ဆိုင်ပိုင်ရှင် Mr. Haruji KAWAMURA ပါ။121413       ဗိုက်ဆာနေပြီလား? သွားစားကြစို့။       ဒီနေ့ ကျွန်မတို့အဖွဲ့က တိုက်တွန်းချင်တာက Good Award Kobe Beef Steak Course ကို Foie gras or goose's liver မပါတဲ့ ၁၄၀ ဂရမ် အမဲသား မီနူးပါ။ မီနူးထဲက ဈေးနှုန်းက အခွန်မပါပါဘူး။15       ခိုဘီအမဲသားကို Medium Rare Style အပြင်ဘက်အသားကို အကျက်ကင်ထားတာနဲ့ စပြီးသုံးဆောင်ကြည့်ကြရအောင်။ အနံ့ကမွှေးပြီး အသားကလည်း နူးညံ့ပါတယ်။16       နောက်တစ်ခုက နွားမြီးစွပ်ပြုတ်ပါ။ အရသာက တော်တော်ကို ကောင်းတာကြောင့် နှစ်သက်စရာပါပဲ။17       နောက်ထပ်သုံးဆောင်မှာက ဧည့်သည်တွေရှေ့မှာ ပြင်ဆင်ချက်ပြုတ်တဲ့ Tepanyaki style အမဲသားကင် ဖြစ်ပါတယ်။       အမဲသားရဲ့ အရသာက နူးညံ့ကောင်းမွန်ပြီး ပါးစပ်ထဲမှာ ပျော်ဝင်သွားသလို ခံစားရပါတယ်။       ဒီအသားတုံးက နှစ်ယောက်စာပါ။18 19 20       ကျွန်မတို့ စားနေတုန်းမှာ စာဖိုမှူးက အသီးအရွက်တွေ ကြော်ပေးပါတယ်။ Hyogo ဒေသက ကြက်သွန်တွေမို့ တော်တော် စားကောင်းပါတယ်။21 22       Mr. Haruji Kawamura က ထိုင်းနိုင်ငံကို အကြိမ်အတော်များများ ရောက်ဖူးပြီး ထိုင်းအစားအစာတွေကိုလည်း ကောင်းကောင်းစားခဲ့ဖူးပုံရပါတယ်။ ထိုင်းလူမျိုးတွေအကြိုက် Sriracha ငရုတ်ဆီကိုတောင် ပြင်ဆင်ထားပေးပါတယ်။ သင်စားချင်ရင် မှာလို့ရပါတယ်။23       ဒါက ဟင်းသီးဟင်းရွက်အသုပ်ပါ။24       ထမင်းမီနူးမှာတော့ ပေါင်မုန့်၊ ထမင်းဖြူ နဲ့ ကြက်သွန်ဖြူထမင်းကြော်တွေကို ရွေးချယ်နိုင်ပါတယ်။ ကျွန်မကတော့ ကြက်သွန်ဖြူထမင်းကြော်စားဖို့ တိုက်တွန်းချင်ပါတယ်။ အရမ်းကောင်းပါတယ်။25 26       အဆုံးပိတ်က အချိုပွဲ၊ ကော်ဖီ (သို့) လက်ဖက်ရည်ပါ။27       ကျွန်မအနေနဲ့တော့ ခိုဘီအမဲသားရဲ့ စစ်မှန်တဲ့အရသာကို စားသုံးရတာကြောင့် ပေးရတာနဲ့တန်တယ်လို့ ထင်ပါတယ်။28       ဒီမီနူးကို ထိုင်းခရီးသွားဧည့်သည်တွေ လာရောက်သုံးဆောင်မယ်ဆိုရင် passport ပြပြီး အအေး(သို့) ဝိုင် အခမဲ့ သောက်သုံးခွင့်ရမယ်လို့ Mr. Haruji Kawamura က ပြောပါတယ်။29       နိဂုံးချုပ်အနေနဲ့ အမဲသားကောင်းကောင်း စားချင်ပြီး ငွေကြေးလည်း တတ်နိုင်တယ်ဆိုရင် Kawamura ဆိုင်ကို လှမ်းခဲ့စေချင်ပါတယ်။ပြန်လည်ဆုံတွေ့ကြမယ်နော်။