Kanda Myoujin, အာကီဘာရှိ နည်းပညာချစ်မြတ်နိုးသော ပြည်သူများနှင့် စီးပွားရေးသမားများ မြတ်နိုးတန်ဖိုးထားရာနေရာ/

406

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ကံကြမ္မာနှင့် စစ်သည်များကို ပိုင်စိုးသော နတ်ဘုရားများကိုရည်ရွယ်၍ တည်ဆောက်ခဲ့သည့် Akihabara ရှိ Kanda Myojin ဘုရားကျောင်းကို CNN ခရီးသွားရုပ်သံလှိုင်းက ကမ္ဘာ့စိတ်လှုပ်ရှာစရာအကောင်းဆုံး ဘုရားကျောင်းအဖြစ် သတ်မှတ်ခဲ့သည်။ ယခုအချိန်အထိ ကံကောင်းမှုများနှင့် ကာကွယ်စောင့်ရှောက်ပေးသော အဆောင်များကို လိုချင်သော စီးပွားရေးသမားများနှင့် နည်းပညာချစ်မြတ်နိုးသော Akiba အရပ်သားများအတွက် အချက်အချာနေရာတစ်ခုအဖြစ် ရပ်တည်ဆဲရှိသည်။kandamyozin4SE 10 - Kanda MyoujinSE 9 - Kanda Myoujinသမိုင်းအကျဉ်းထိုအထွဋ်အမြတ်ထားရာ ဘုရားကျောင်းကို ဘုန်းတန်ခိုးနှင့်ပြည့်စုံသော နတ်ဘုရားသုံးပါးဖြစ်သည့် စစ်သည် Taira no Masakado, Ebisu (ကုန်သည်များနှင့် တံငါသည်များ၏ နတ်ဘုရား)နှင့် Daikokuten (ကုန်သွယ်ရေးနှင့်စီးပွားရေးကို ပိုင်ဆိုးသော နတ်ဘုရား)တို့ကို ရည်ရွယ်ဆောက်လုပ်လှူဒါန်းခဲ့သည်။ Ebisu နှင့် Daikokuten တို့ကို တွဲ၍ တည်ထားခြင်းဖြင့် ကံကြမ္မာနှင့် ကံကောင်းမှုများကို ပိုမိုစေခဲ့သည်။ စီးပွားရေးကောင်းစေရန်နှင့် ကိုယ်ပိုင်ငွေကြေးပြည့်စုံမှုရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်အလုပ်သမားများ၊ သာမန်ဝန်ထမ်းများ၊ ကြေးစား အလုပ်သမားများသည် လာရောက်ဝတ်ပြုလေ့ရှိကြသည်။SE 8 - Kanda MyoujinSE 4 - Kanda Myoujinအချိန်ကြာညောင်းလာသည်နှင့်အမျှ တိုကျိုမြို့၏ တိုးတက်လာသော နည်းပညာနယ်ပယ်တွင် တည်ရှိသည့်အလျှောက် မြို့သူမြို့သားများ၏ လိုအပ်ချက်များကြောင့် စစ်သည်များ၏ ဘုရားကျောင်းအဖြစ်မှ နည်းပညာချစ်မြတ်နိုးသူတို့၏ ဘုရားကျောင်းအဖြစ် ပြောင်းလဲလာခဲ့သည်။ ထို့ကြောင့်များစွာသော နည်းပညာချစ်မြတ်နိုးသည့် ဒေသခံများအတွက် သူတို့၏ နည်းပညာပစ္စည်းများကို သူခိုးရန်မှ ကာကွယ်ပေးရန်နှင့် မတော်တဆ ထိခိုက်မှုများမှ ကာကွယ်ပေးရန်၊ သူတို့၏ ကွန်ပျူတာများအား ဗိုင်းရပ်(စ်)၀င်ရောက်မှုများမှ ကာကွယ်ပေးရန် လာရောက် ဆုတောင်းရာနေရာဖြစ်လာခဲ့ သည်။SE 5 - Kanda MyoujinSE 3 - Kanda MyoujinKanda Myojin သည် ဂျပန်လူမျိုးများမှ “irimoya”ဟု ခေါ်လေ့ရှိသည့် ဂျပန်ရိုးရာ အရှေ့တိုင်း ဘုရားကျောင်းမျက်နှာစာနှင့် ရွှေရောင်များနှင့် ယွန်းရောင်ဆေးများဖြင့် အတွင်းပိုင်းတွင် အလှဆင်ထားသည့် နှစ်လိုဖွယ်ကောင်းသည့် ဘုရားကျောင်းတစ်ခုဖြစ်သည်။ ယနေ့ခေတ်တွင် အာကီဟာဘာရာ၌ ဘုရားကျောင်းတည်ရှိမှုကြောင့် ပုံမှန် အာကီဟာဘာရာ ၏ အလုပ်ရှုပ်မှုများနှင့် ဆန်းပြားစွာ ပြည့်နက်နေသည့် ပုံရိပ်များမှ ကွဲပြားစွာဖြင့် ဒေသံခံများနှင့် ကမ္ဘလှည့်ခရီးသွားများအတွက် ငြိမ်းချမ်းမှုနှင့် အေးချမ်းမှုများကို ပေးစွမ်းနေသော နေရာတစ်ခုအဖြစ် တည်ရှိနေသည်။ သမိုင်းဝင် ဒုတိယကမ္ဘာစစ်အပါအ၀င် ဂျပန်နိုင်ငံ၏ ကံဆိုးမိုးမှောင်ကျမှုများနှင့် ဘေးအန္တရာယ်များကြောင့် ၁၂၇၀ နှစ်ကြာညောင်းပြီဖြစ်ဖြစ်သည့် ဘုရားကျောင်းအား ကြိမ်ဖန်များစွာပြုပြင်ခြင်း၊ တည်ဆောက်ခြင်း၊ နေရာပြောင်းရွှေ့ရမှုများရှိခဲ့သည်။kandamyozin3လမ်းညွှန်Kanda Myojin သည် အာကီဟာဘာရာ ဘူတာ၏ တစ်ဘူတာအကွာတွင်တည်ရှိသော Chiyoda Line ပေါ်တွင် တည်ရှိသည့် Ochanimizu ဘူတာမှ မီတာ ၆၅၀ အကွာတွင် တည်ရှိသည်။ B1 ဂိတ်ပေါက်မှ ထွက်၍ မြစ်ကူးတံတားကို ဖြတ်ပြီး နောက်ထပ်မီးပွိုင့်တစ်ခုရောက်သည်အထိ တည့်တည့်လျှောက်ပါ၊ ပြီးနောက် ညာဖက်လမ်းသို့ဝင်ပါ။ သင်သည် ဘုရားကျောင်းကို ဘယ်ဘက်တွင် တွေ့လိမ့်မည်။ သင်သည် ချွေးထုတ်ချင်ပါက JR Akihabara ဘူတာမှ ၁၃ မိနစ်ကြာ လမ်းလျှောက်ခြင်းဖြင့်လည်း ရောက်ရှိနိုင်သည်။သူတို့၏ ဖွင့်ချိန်ပိတ်ချိန်များကို သိရှိရန် ဂျပန်ဘာသာဖြင့် ရေးသားထားသော သူတို့၏ ၀က်ဆိုက်ဖြစ်သည့် http://www.kandamyoujin.or.jp/ (သို့မဟုတ်) ဖုန်းနံပါတ် 03-3254-0753 သို့ ဆက်သွယ်နိုင်သည်။ သင်သည် Chiyoda ရှိ Soto-Kanda, 2-16-2 တွင် ရှိသော အထွဋ်အမြတ်ထားရာနေရာသို့လည်း လည်ပတ်နိုင်သည်။