ကမာကူရ(Kamakura)ကို သွားလည်ရင်း စာရေးသူမေနှင့်အတူ ဈေးသက်သာပြီး အရသာရှိတာတွေ စားကြရအောင် ’

3,543

      ကမာကူရကိုသွားလည်တဲ့အခါ မလွတ်သင့်တာကဘာတွေလဲသိပါသလား? လူတိုင်းက ဘုရားဆင်းတုကြီးကိုပဲ စဉ်းစားမိကြတယ်မဟုတ်လား? ဒီနေရာကိုစဉ်းစားလိုက်ရင် စဉ်းစားမိတာက ဒီတစ်ခုထဲပါပဲ။ ဒါဆို တခြားဘာတွေရှိပါသေးလဲ? ရှေးဟောင်းမြို့တော်လိုနေရာတွေလား? ဒါဆိုရင်တော့ လူငယ်တွေက မသွားချင်ဘူးလို့ ပြောမယ်ထင်ပါတယ်။                                      1       ကမာကူရဟာ ခရီးသွားတွေနှစ်သက်ပြီး လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမာကူရမှာရှိတဲ့ ကိုမာချီလမ်း(Komachi Road)ဟာ တစ်လမ်းလုံး ဈေးဆိုင်မျိုးစုံရှိပြီး လူသိများနာမည်ကျော်ကြားပါတယ်။ ဒီလမ်းရဲ့ ဆွဲဆောင်မှုကတော့ မုန့်ဆိုင်တွေဆီက မုန့်တွေဝယ်၊ လမ်းမှာစားသွားရင်းနဲ့ တခြားဆိုင်တွေ လျှောက်ကြည့်ရတာပါပဲ။ ဒါကလည်း တခြားနေရာတွေမှာ လမ်းလျှောက်ရင်း မုန့်စားသွားရတာနဲ့ မတူပါဘူး။ တချို့ဆိုင်တွေမှာဆို စားစရာကုန်တဲ့အထိ ငေးမောနေလို့ မပြီးနိုင်လောက်အောင် သင့်ကိုစွဲဆောင်နိုင်စွမ်းရှိပါတယ်။2 3       ဒီနေရာက ထူးခြားပါတယ်။ လူတိုင်းမုန့်ဝယ်စားပြီး လမ်းလျှောက်ကြတာက သာမန်ကိစ္စပေမယ့် ဒီလမ်းမှာတော့  ဆိုင်တွေက Tsurugaoka Hachimangu ကျောင်းဆောင်ထိအောင် လမ်းတလျှောက်လုံး အပြည့်ပါပဲ။ ကမာကုရရဲ့ နာမည်ကြီးမုန့်မျိုးစုံ၊ ရေခဲမုန့် ၊ လက်ဆောင်ပစ္စည်းဆိုင်တွေနဲ့ တခြားချစ်စဖွယ် ဆိုင်သေးသေးလေးတွေအပြင် စားသောက်ဆိုင်တွေလည်း အများကြီးရှိပါတယ်။ မသွားလိုက်မိရင် နောင်တရနေမယ့် နေရာမျိုးပါပဲ။ ဂျပန်ရုပ်သံအစီအစဉ် အများစုကလည်း ဒီနေရာမှာလာရောက် ရိုက်ကူးကြပါတယ်။             4         လမ်းကြားလေးတွေထဲမှာလည်း ချစ်စရာကော်ဖီဆိုင်လေးတွေ ရှိပါသေးတယ်။ မုန့်ဆိုင်နဲ့ စားသောက်ဆိုင်တွေအပြင် ကမာကူရရဲ့ ထင်ရှားတဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေလည်းရှိတာကြောင့် Chatujak ဈေးထဲ လမ်းလျှောက်နေရတယ်လို့တောင် ထင်မိပါတယ်။ Kusamochuya ဆိုင်က ပဲနီဆန်မုန့်၊ ငါးကတ်တလိတ်နဲ့ ရေခဲမုန့်တွေစားကြည့်ဖို့တော့ မမေ့ပါနဲ့နော်။                     5 6       နာမည်ကြီးအစားအစာတွေအကြောင်းပြောရမယ်ဆိုရင် Chirasu ငါးထမင်းကို မဖြစ်မနေ စားကြည့်သင့် ပါတယ်။ ဒါမစားခဲ့ဘူးဆိုရင် ကမာကူရရောက်ခဲ့တယ်လို့တောင် မဆိုနိုင်ပါဘူး။  7       ကမာကူရ၊ ကိုမာချီလမ်းကိုသွားရတာ မခက်ပါဘူး။ ဘုရားဆင်းတုတော်ကြီးဆီကိုသွားတဲ့ လမ်းအတိုင်းပါပဲ။ ကမာကူရဘူတာမှာဆင်း၊ အရှေ့ပေါက်ကထွက်လိုက်တာနဲ့ တိုင်အနီကြီးနဲ့ ဂိတ်ပေါက်ဝကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အဲ့ဒါ ကိုမာချီလမ်းရဲ့ အစပါပဲ။  8       ဒီကိုမလာခင် ပြင်ဆင်ခဲ့ရမှာကတော့ သင့်ရဲ့ဗိုက်ကို ဟောင်းလောင်းထားပြီး လာခဲ့ဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ အစားကောင်းတွေ ပြည့်နှက်နေတဲ့ ဒီလမ်းကိုလျှောက်ကြည့်ရင်း ဗိုက်ပြည့်သွားမှာ သေချာတာကြောင့်ဖြစ်ပါတယ်။Photo Cr.http://macaro-ni.jp/items/4400http://macaro-ni.jp/items/4402http://s3-ap-northeast-1.amazonaws.com/static.kita-colle.com/ebs/service/public/event/61/05/12/d8/12/42/45/6e/94/72/4b/0e/3c/7a/c4/b2/contents_3_imageurl.jpghttp://blogs.c.yimg.jp/res/blog-d3-82/lab2010papa/folder/71262/17/6487817/img_14?1292201713