ဂျပန်နဲ့အရက်၊ ဂျပန်နဲ့ S-x(လိင်)

2,652

တစ်ခါက စာရေးဆရာတစ်ယောက်နဲ့ ကားဒရိုင်ဘာတစ်ယောက် လူ့သက်တမ်းကုန်လို့ သေမင်းထံပါးမှာ စစ်ဆေးခံကြပါတယ်..စာရေးဆရာကသူဟာ လူ့ပြည်မှာရှိတုန်းက ပြည်သူ့အကျိုးပြုစာပေတွေရေးခဲ့လို့ ကောင်းကင်ဘုံရောက်မယ်လို့ ယုံကြည်နေပြီး ဟို ငနာ ဒရိုင်ဘာဆိုတဲ့ကောင်က အများပြည်သူ စိတ်မချမ်းမသာဖြစ်အောင် ကားမောင်းကြမ်းခဲ့လို့ ငရဲပြည်ရောက်မယ့်ကောင်ဆိုပြီး ပြုံးပြုံးကြီး ကြည့်နေပါရော..စီရင်ချက်ကျတော့ စာရေးဆရာက ငရဲပြည်ရောက်သွားပြီး ကားဒရိုင်ဘာကိုတော့ နတ်ပြည်ပို့လိုက်ပါသတဲ့..။`ငင်` ကနဲဖြစ်သွားတဲ့ စာရေးဆရာက``ယမမင်းကြီးဆုံးဖြတ်တာ လွဲမှားနေပါတယ်လို့ ပြောပါရစေ..တကယ်တော့ ကျနော်မျိုးသာလျင် နတ်ပြည်သွားရမှာဖြစ်ပြီး လူတကာစိတ်ဆင်းရဲအောင်လုပ်တဲ့ ဟိုငနာ ကားဒရိုင်ဘာကို ငရဲပြည်ပို့ရမှာ.. ပါ`` လို့ အထွန့်တက်လိုက်ပါတယ်။ဒီတော့ယမင်းကြီးက-``မောင်မင်းပြောတာ မှန်ပါတယ်..။သို့ပေမယ့် သေချာစဉ်းစားကြည့်တော့ ဟိုကားဒရိုင်ဘာဟာ လူ့ပြည်မှာရှိနေစဉ်တုန်းက ကားမောင်းကြမ်းလို့ သူ့ကားကိုစီးမိတဲ့သူတွေအားလုံးဟာ `ဘုရား` `ဘုရား`ဆိုပြီး `ဘုရား`ကိုသတိရအောင် ကုသိုလ်လုပ်ပေးတဲ့အတွက် နတ်ပြည်ပို့လိုက်တာပါ..``မောင်မင်းကတော့ ပြည်သူ့အကျိုးပြုစာပေတွေရေးတယ်လို့ သင့်ကိုယ်သင်ထင်နေပေမယ့် ..မောင်မင်းအရေးအသားကို အဟုတ်ထင်ပြီး လိုက်လုပ်မိကြလို့ စိတ်ဓါတ်တွေ၊ အကျင့်စာရိတ္တတွေသာမက ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လှောင်ပြောင်သရော်ကုန်ကြပြီး ကောင်းမွန်တဲ့ လူ့အသိုက်အမြုံကလေးတွေကို တစ်စစီကွဲပြားအောင်၊ ကိုယ်ကျင့်တရားနဲ့ အိမ်ထောင်မှုစည်းကမ်းတွေ ဗရုတ်သုတ်ခဖြစ်ကုန်တဲ့ မောင်မင်းရဲ့ စာပေအဆိပ်အတောက်တွေကြောင့် ငရဲပြည်ပို့ခြင်းဖြစ်တယ်..``လို့ ရှင်းပြလိုက်သတဲ့..။မောင်ရှင်က စာရေးဆရာလို့တော့ မခံယူထားပါဘူး..။ဖတ်မိသူအားလုံး `ဘုရား… ဘုရား `ဆိုပြီး အံ့သြတကြီးနဲ့ `ဘုရား` တ ရလောက်အောင် ရေးနေတဲ့ ငါရေးဆရာလို့ပြောထားပါတယ်..။ဒါမှ စော်ကြည် ထီပေါက် နတ်ပြည်ရောက်ပြီး နတ်စမီးလေးတွေ တစ်ဖက် လေး ငါးရာနဲ့ …ငိ ငိ ငိ လုပ်နိုင်မှာ..။xxxxxxxxxxxxxxxတကယ်တော့ ဒီပိုစ့်ရေးရတာ ခေါင်းဆင်နင်းသလို ခံစားရတယ်ဗျာ..ဘာကြောင့်လည်းဆိုတော့ မောင်ရှင့်အရေးအသားတွေကြောင့် မျိုးဆက်သစ်လေးတွေ အတုယူမှားမှာ၊ လမ်းမှားလိုက်မိမှာတော့ စိုးရိမ်တာအမှန်။သို့ပေမယ့်လည်း ဆိုရေးရှိက ဆိုရမည်ဆိုတဲ့အတိုင်း ပေးခဲ့တဲ့ ကတိ၊ ရေးခဲ့တဲ့ စာကြောင့် ရှေ့မျက်နှာ ရှေ့မှာထားပြီး ရေးသားတင်ဆက်လိုက်ပါတယ်..။ ဒီအကြောင်းကို ရေးမယ်ဆိုရင်ဖြင့် မောင်ရှင်အစပထမပိုင်းကတည်းက စကားခံထားခဲ့တဲ့အတိုင်း မောင်နှင့်နှမ၊ သားနှင့်အမိ ဖတ်လို့မသင့်တော်သော စာသားများနှင့် ဖရုဿဝါစာ စကားလုံးများ သုံးနှုန်းရေးသားမှာမဟုတ်ပဲ ဂျပန်လူမျိုးတို့ရဲ့ ဓလေ့ထုံးစံများ၊ သူတို့ရဲ့ အပြုအမူနဲ့ ထားရှိတဲ့ သဘောထားများကို သတိပြုလေ့လာမိစေရန်သဘောမျိုးနှင့် မောင်ရှင် သိသလောက် ကြားဘူးနားဝရှိသလောက် ရေးသားမှာဖြစ်ပါတယ်လို့ ထပ်မံပြီး စကားဦးသန်းပါရစေနော်..။ဒီလိုရေးလိုက်တော့ ``မောင်ရှင်တို့ကတော့ လူနပ် ချမ်းသာလမ်းစဉ်အတိုင်း စကားခင်းနေပြန်ပါပြီ။ မင်းကိုယ်တွေ့ကြုံဖူးတယ်မဟုတ်လား..။ စကားလမ်းကြောင်းတွေ လွှဲမနေပါနဲ့ကွာ..``ဆိုပြီး ပြောကောင်း ပြောလာနိုင်ဖွယ်ရှိပါတယ်။မဟုတ်ဘူးလို့တော့ မငြင်းလိုပါဘူး..။သို့ပေမယ့် အသိပေးချင်တာက တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်းအရက်ကိစ္စပဲဖြစ်ဖြစ်၊ Sexကိစ္စပဲဖြစ်ဖြစ် တော်ရုံသင့်ရုံ သုံးတတ်ရင် ဆေး ဖြစ်ပါတယ်။``ငင်- ဘယ်လို.. ဘယ်လို..တော်ရုံသင့်ရုံ သုံးတတ်ရင် `ဆေး`။ ဟုတ်လား..``ဟုတ်ပါတယ်။ ဂျပန်လူမျိုးတွေကိုယ်တိုင်ကိုက အရက်နဲ့ Sex ကိစ္စကို ဆေးအဖြစ်နဲ့သာမက၊ ကျန်းမာရေးအနေနဲ့ရော အားကစားသဘောအနေနဲ့ပါ ခံယူထားကြပါတယ်..။ကဲ စလိုက်ကြဦးဆိုရယ်...

(က)ဂျပန်နဲ့အရက်

ရေထက် အရက်ပေါတဲ့ ဂျပန်ဂျပန်ရောက်တဲ့သူအတော်များများ သိကြမယ်ထင်ပါတယ်။ ဂျပန်မှာ ရေထက် အရက်ကုန်ပစ္စည်းက အဆပေါင်းများစွာပေါများလှပါတယ်။ ဆန်နဲ့ချက်တဲ့အရက်၊ ကောက်ညှင်းနဲ့ချက်တဲ့အရက်၊ ကန်ဇွန်းဥနဲ့ချက်တဲ့အရက်၊ ကြံသကာနဲ့ချက်တဲ့အရက်၊ဂျုံပင်ကနေ ချက်တဲ့အရက်၊ စုံမှစုံ။ဗဟုသုတအနေနဲ့ ရေးရမယ်ဆိုရင်ဖြင့် စကော့ ၀ီစကီဆိုတာ ကမ္ဘာမှာ နံပါတ်ဝမ်း လို့ ပြောရမှာပါ..။ သို့ပေမယ့် ဂျပန်က ထုတ်တဲ့ Made in Japan ၀ီစကီ ဈေးက အသက်ရှိတဲ့(12 years, 17 years, 18 years, 21 years)စကော့ ၀ီစကီထက်တောင် ဈေးပိုများနေပါတယ်..။ဘာကြောင့် ဒီလိုဖြစ်တာလည်းဆိုတော့ ကမ္ဘာ့နံပါတ်ဝမ်း စကော့ဝီစကီနိုင်ငံမှာ Yamazaki ဆိုတဲ့ ဂျပန်လူမျိုးက သွားရောက်သင်ကြားခဲ့တယ်..။အဲဒီ့ကနေ ပြန်လာပြီး သူ့မွေးဋ္ဌာနေမှာ ၀ီစကီချက်တော့ စကော့လူမျိုးတွေတောင် လက်ဖျားခါသွားတယ်။ တကယ်တော့ ၀ီစကီအရက်ချက်မယ်ဆိုရင် ရေကောင်းရေသန့်နဲ့ နှုန်းမြေနုရယ်၊ ထင်းရှုးပင်တွေရယ် လိုတယ်မဟုတ်လား..။ဒါကို Yamazaki ဆိုတဲ့ ဂျပန်ကြီးက ရအောင်ကြံဆလုပ်ကိုင်ပြီး ဂျပန်မှာ ၀ီစကီလုပ်တာ စကော့ထက်ကောင်းလွန်းလို့ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စကော့ငွေကြေးပိုက်ဆံထဲမှာတောင် ဓါတ်ပုံထည့်သွင်းဖော်ပြထားပါတယ်..။ နောက်ပြီး မြန်မာပြည်မှာ ဘိန်းအစား ဂျုံတွေစိုက်တော့ အဲဒီ့ဂျုံကနေ အရက်ချက်လိုက်တဲ့ ဂျပန်လည်း ရှိပါတယ်..။ ခုဆို ဂျပန်မှာ `မြန်မာ ဆိုးဘ ရှောချူး`(မြန်မာဂျုံအရက်)ဟာ နာမည်ရစပြုလာပြီဖြစ်ပါတယ်။အရက်အကြောင်း ဋီကာဖွဲ့မယ်ဆိုရင်ဖြင့် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်သွားမှာစိုးလို့ လောလောဆယ် ဒီလောက်နဲ့ပဲ ထားလိုက်ပါရစေ။[caption id="attachment_2169" align="aligncenter" width="563"]credit:http://boutiquejapan.com/ credit:http://boutiquejapan.com/[/caption]

ဘယ်အချိန်တွေမှာ သောက်ကြသလဲ..

စီးပွားဖြစ်အနေနဲ့ရော လူမှုဆက်ဆံရေးအနေနဲ့ရော မိတ်ဖြစ် ဆွေဖြစ်အနေနဲ့ရော သောက်ကြပါတယ်။ ဒါ့အပြင် သာရေးကိစ္စ ဥပမာ- မင်္ဂလာဆောင်မှာပဲဖြစ်ဖြစ်၊ ဆိုင်သစ်၊ လုပ်ငန်းသစ်ဖွင့်ပွဲတွေမှာပဲဖြစ်ဖြစ်၊ ခုလို ချယ်ရီပန်းတွေပွင့်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် စုပေါင်းပြီးအရက်သောက်ကြသလို နာရေးကိစ္စ အသုဘကိစ္စတွေမှာလည်း ၀ိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါးသောက်ကြပါတယ်။ဒီလိုရေးလိုက်လို့ အံ့သြသွားမယ်ထင်ပါတယ်။ အပိုင်း(၁၅)တုန်းက မောင်ရှင်ရေးခဲ့တာ မှတ်မိကြလားမသိဘူး..။ ဂျပန်လူမျိုးတွေဟာ လူသေ နတ်ဖြစ် အယူရှိကြသူများဆိုတော့ သေဆုံးသွားသူ၊ တမလွန်ရောက်သွားသူဟာ နတ်ဖြစ်သွားပြီဖြစ်လို့ သူ့အတွက် ၀မ်းနည်းပူဆွေးမနေပဲ ပျော်ပျော်ပါးပါးနဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ရင်း `ကန်ပိုင်`(မြန်မာလို ချကွ)လုပ်ကြပါတယ်။

ဘယ်အရွယ်ကျမှ ၀ယ်ယူသုံးဆောင်ခွင့်ရှိသလဲ..

တရားဝင် စည်းကမ်းဥပဒေအရ အသက် ၂၀ ပြည့်မှ ၀ယ်ယူသုံးစွဲခွင့်ရှိပါတယ်..။ အရက်ဆိုင်တွေမှာလည်း စာကပ်ထားပါတယ်..။ အသက် ၂၀ မပြည့်သူများ သောက်သုံးခွင့်မရှိပါ ဆိုပြီး… ကော်ဗီနီးယင့်စတိုး(7 Eleven, Family Mark, Lawsan etc..)တွေပဲဖြစ်ဖြစ် အရက်ဝယ်မယ်ဆိုပါတော့..သင့်ဥပဓိရုပ်ကိုကြည့်ပြီး အသက်မပြည့်ဘူးလို့ သင်္ကာမကင်းဖြစ်ရင် မှတ်ပုံတင်(နိုင်ငံခြားသားကဒ်)တောင်းတတ်ပါတယ်..။မောင်ရှင်တောင် တစ်ခါတစ်လေ အတောင်းခံရတော့ ..ဘာပြောကောင်းမလဲ.. ပျော်တာပေါ့..။ အရက်ကိစ္စသာမက ဆေးလိပ်ဝယ်သောက်မယ်ဆိုရင်လည်း အသက် ၂၀ ပြည့်မှ ၀ယ်ယူသုံးစွဲခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်..။[caption id="attachment_2168" align="aligncenter" width="540"]credit:https://www.tanobb.com credit:https://www.tanobb.com[/caption]

အရက်သောက်ပြီး ရန်ဖြစ်ကြသလား..

ဒီကိစ္စဟာ အတော့်ကို အတုယူစရာကောင်းတယ်လို့ မောင်ရှင်မြင်ပါတယ်..။ ဘာကြောင့်လည်းဆိုတော့ ရေပတ်လည်ဝိုင်းလျက်ရှိတဲ့ ကျွန်းနိုင်ငံမှာ မြေကြီးရှားပေမယ့် အရက်ဆိုင်တွေဟာ(မြန်မာလိုဆိုရင်ဖြင့် ဘုံ ဆိုင်) နေရာတိုင်းမှာ အမြောက်အများရှိပါတယ်..။ အမြောက်အများရှိသလောက် အမြောက်အများသောက်ကြပါတယ်..။တစ်ရက်ပျော်ချင် အရက်သောက်..တစ်သက်ပျော်ချင် သစ်ပင်စိုက်..အဲဒီ့စကားအတိုင်းပါပဲ ..ဂျပန်တွေဟာ အလုပ်ပင်ပန်းမှုဒါဏ်၊ စိတ်ဖိစီးမှုဝေဒနာတွေ ခဏတာ ပြေပျောက်ဖို့အတွက် အရက်သောက်ကြပါတယ်..။နောက်တစ်ချက်က လုပ်ငန်းကိစ္စ ပြီးစီးအောင်မြင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အားကစားပွဲပြီးတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ Team Work သဘောမျိုးအနေနဲ့လည်း သောက်ကြပါတယ်..။ ဆိုလိုတာက အကြောင်းအမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးနဲ့ အုပ်စုဖွဲ့ပြီး သောက်ကြ စားကြ ပျော်ကြ ပါးကြပါတယ်..။ခုနကပြောသလို အတော့်ကို အတုယူစရာကောင်းတဲ့အချက်က ဖင်ချင်းပေါက် ကျောချင်းကပ်လျက် သောက်နေရတဲ့ ဘုံ ဆိုင်ထဲမှာ ရန်ဖြစ်တယ်ဆိုတာ အလွန့် အလွန်ကို ရှားပါးပါတယ်..။ ဘေးဝိုင်းကပြောတာကို အကုန်လုံးကြားနေရတယ်..။ သို့ပေမယ့် ဘယ်သူမှ အာရုံစိုက်ပြီး နားမထောင်ကြပါဘူး..။ မောင်ရှင်ရေးခဲ့သလို ဂျပန်လူမျိုးတွေဟာ သူများကိစ္စကို သိပ်စိတ်မ၀င်စားပါဘူး..။[caption id="attachment_2175" align="aligncenter" width="435"]credit:https://haikugirl.files.wordpress.com credit:https://haikugirl.files.wordpress.com[/caption]နောက်ပြီး လူကြီးလူကောင်းစိတ်ဓါတ်ရှိအောင် နေတယ်လို့ပဲ ပြောရမလား..ကိုယ်ချင်းစာစိတ်ထားတတ်တယ်လို့ပဲ ဆိုရမလား..မိမိကြောင့် တစ်ဖက်သားအနှောက်အယှက်ဖြစ်မယ့် အပြုအမှု ကိစ္စမျိုးဆို မူးနေတာတောင် ထိန်းသိမ်းနိုင်စွမ်းရှိပါတယ်..။မတော်လို့ တိုက်မိရင်ဖြစ်စေ၊ ယိုင်ထိုးမိသွားလျင်ဖြစ်စေ..`ဆု မိ မာ ဆန်`(ခွင့်လွှတ်ပါ..)ဆိုပြီး ဦးအောင် ပြော၍ တောင်းပန်ပါတယ်..။ဒီလိုဖြစ်လို့ ထိမိ တိုက်မိတဲ့သူကလည်း ခွင့်လွှတ်ပါတယ်..။အကယ်၍ မိမိဝိုင်းထဲကသူက ထိန်းမရ သိမ်းမရအောင် မူးပြီး ရမ်းနေတယ်ဆိုရင် အားလုံးကိုတောင်းပန်ပြီး ချက်ခြင်းပြန်ပါတယ်..။ ဒါကြောင့် စိတ်ပျော်ချင်လို့ သောက်ပေမယ့် တစ်ပါးသူ စိတ်အနှောင့်အယှက်ဖြစ်အောင်၊ စိတ်ညစ်အောင် မလုပ်ကြသလို အရက်မူးပြီး ရန်ဖြစ်ကြတယ်ဆိုတာ အင်မတိ အင်မတန်မှကို ရှားပါတယ်..။ လုံးဝ မဖြစ်ဘူးလို့ တရားသေမပြောဘူးနော်..။[caption id="attachment_2170" align="aligncenter" width="634"]credit:i.dailymail.co. credit:i.dailymail.co.[/caption]

အရက်သောက်တဲ့ နည်းဥပဒေများ..

ဒါလည်း ဗဟုသုတအနေနဲ့ သိထားသင့်တယ်ထင်လို့ ရေးလိုက်ပါတယ်..။အရက်ဝိုင်းထဲမှာ သင့်ကို `အိ ကိ` `အိ ကိ`လို့ ပြောပြီး တောင်းဆိုရင် မိမိကိုင်ထားတဲ့ ဘီယာ(သို့) ၀ီစကီ(သို့) နိဟွန်းရှုး(ဂျပန်အရက်) စသည်ဖြင့် ခွက်ထဲက အရက်ကို တစ်ကျိုက်ထဲနဲ့ အသက်မရှုစတမ်း သောက်ခိုင်းခြင်းဖြစ်ပါတယ်..။`ခ ခဲ စကဲး ဆန်းပိုင်` ဆိုတဲ့ ဗန်းစကားလည်း ရှိပါတယ်..။အဓိပ္ပာယ်က သင်ဟာ အရက်ဝိုင်းထဲကို နောက်ကျမှ ရောက်လာတဲ့အတွက် ရှေ့လူတွေနဲ့ ရေချိန်ညီအောင် ၃ ခွက်တိတိ ဆင့်သောက်ရခြင်း ဖြစ်ပါတယ်..။`ကန်ပိုင်`လုပ်တော့မယ်ဆိုရင့်ဖြင့် မိမိဟာ ဘယ်လောက်ပဲ သောက်ချင်နေသူဖြစ်ပါစေ..အကြီးအကဲ (သို့) အခမ်းအနားမှူး (သို့) ဒီအရက်ဝိုင်းရဲ့ တာဝန်ခံက `ကန်ပိုင်`လို့ မပြောမချင်း မသောက်ရပါဘူး..။ နောက်တစ်ချက်က ရာထူးငယ်သူက `မာကာ`လုပ်ရပါတယ်..။[caption id="attachment_2174" align="aligncenter" width="533"]credit:http://2.bp.blogspot.com/ credit:http://2.bp.blogspot.com/[/caption]

အရက်မူးလို့ အလုပ်ခွင့်ယူရင်အဆင်ပြေသလား..

ဂျပန်တွေဟာ အရက်ကိုဂျွမ်းထိုးမှောက်ခုံဖြစ်အောင် လူမှန်း သူမှန်းမသိအောင်သောက်ကြပေမယ့် နောက်တစ်နေ့ လုပ်ငန်းခွင်ကျရင်ဖြင့် ဘယ်လောက်ပင် အရက်နာကျနေပါစေ ခွင့်ယူခြင်းမရှိပါဘူး..အရက်နာကျတာကို ဂျပန်လို `ဖူ ဆု ခ ရော အိ`လို့ သုံးပါတယ်..။ အကယ်၍ သင်ဟာ အရက်နာကျလို့ ခွင့်တောင်းတယ်ဆိုရင် အားလုံးရဲ့ အထင်သေးခြင်းကို ခံစားသွားရမှာဖြစ်ပါတယ်..။[caption id="attachment_2172" align="aligncenter" width="600"]credit:http://www.globalpost.com/ credit:http://www.globalpost.com/[/caption]

မောင်ရှင့်လို မဖြစ်စေချင်ပါ..

ဒီပိုစ်ရဲ့ နိဂုံးချုပ်အနေနဲ့ နောင်လာ နောက်သား မျိုးဆက်သစ်များ အသိတရားနဲ့ သတိထားစေချင်လို့ မောင်ရှင့်ကိုယ်တွေ့လေးရေးလိုက်ပါတယ်..။ဂျပန်ရောက်ပြီး တစ်နှစ်ကျော်လောက်မှာ ဆိုင်မှာအတူလုပ်တဲ့ဂျပန်တွေနဲ့ `ဟာနာမိ`လို့ခေါ်တဲ့ ချယ်ရီပင်အောက်မှာ ပန်းကြည့်ရင်း အရက်စုသောက်ကြတဲ့ ပွဲလေးလုပ်ပါတယ်..။ ဆိုင်တာဝန်ခံတွေကအစ စားပွဲထိုးတွေရော၊ ရောက်စမောင်ရှင့်လို ပန်ကန်ဆေးသမားတွေပါ တစ်ပျော်တစ်ပါး သောက်ကြပါတယ်..။ရောက်စဆိုတော့ မြင်မြင်သမျှ ဂျားပန်းမလေးတွေအားလုံးဟာ ချောတယ်ပေါ့ဗျာ..။ နောက်ပြီး သူတို့က ဂျပန်အရက်(နိဟွန်းရှုး)သောက်တော့ ကိုယ်လည်း levelတူအောင် လိုက်သောက်တာပေါ့..။ ဘာပြောကောင်းမလဲ..အ၀င် ချောမှချော..။ ဆိုတော့ နွားငတ်ရေကျသောက်သလို သောက်လိုက်တာ ပုလင်းတစ်လုံးနီးပါးဖြိုမိသလိုဖြစ်သွားတယ်..။[caption id="attachment_2173" align="alignnone" width="711"]credit:https://i.ytimg.com credit:https://i.ytimg.com[/caption]ပြဿနာက အဲဒီ့မှာစတာ..မူးလေ ချောလေ ဖြစ်တဲ့ စားပွဲထိုးဂျားပန်းမလေးကိုဝါတာရှိ … အနတာ…အာ ၀ူး ၀ါး ၀ူး ၀ါး ဆိုတဲ့ အင်တာနယ်ရှင်နယ်လမ်းကွေ့(လက်ဟန် ခြေဟန်တွေနဲ့ပေါ့)နဲ့ ပြောတာပေါ့..။ဂျားပန်းမလေးက သူ့သောက်နေတဲ့ ဂျပန်အရက် မောင်ရှင်သောက်ချင်လို့ တောင်းတယ်ထင်ပြီး ငှဲ့ ငှဲ့ပေးပါလေရော..။ ဂျပန်အရက် အထာလည်းမသိ၊ ခံနိုင်ရည်လည်းမရှိတော့ ဇက်ကျိုးပါလေရော..။ မောင်ရှင့်အခြေအနေကို ရိပ်မိတဲ့သူတွေက `ဒီကောင် ရေချိန်လွန်သွားပြီ..``မြှောက်နေပြီ`ဆိုတာ သိတော့ ခနအိပ်ခိုင်းထားတယ်..။တကယ်တော့ နိဟွန်းရှုးဟာ အ၀င်ချောသလောက် အတက်မြန်သလို တက်ရင်လည်း ဆောင့်တက်တာ..။ခေါင်းတွေကိုက်ပြီး တရေးလည်းနိုးရော..``အို ဟိုင်း ယိုး ရှင်း စံ..နင်လေ ညက နင်းကန်အိပ်လိုက်တာငါ့ ထမင်းပန်းကန်တွေတောင် ကွဲကုန်တယ်..သို့ပေမယ့် ကိစ္စမရှိပါဘူး..နောက်ဆို ဒီလိုမဖြစ်စေနဲ့နော်..နင်ခေါင်းကိုက်နေမယ်ဆိုတာ သိလို့ သံပရာသီးနဲ့ ကော်ဖီပူပူလေး ဖျော်ပေးထားတယ်..သက်သာမှ ပြန်နော်..``တဲ့။အာ သွားပြီ..မောင်ရှင် လူပျိုရည်ပျက်ပြီ..။အရက် အရက်အတော်ဆိုးတဲ့ ဂျပန်အရက်..ဒီ ဂျပန်အရက်ကြောင့် ဂျပန်မလေးနဲ့ ရေတိမ်နစ်ရတယ်..။ ဒါကြောင့် နောက်လူတွေ ငါ့လိုမဖြစ်အောင်..ရေတိမ်မနစ်စေလို့တဲ့ စေတနာနဲ့ဂျပန်အရက်ကို မသောက်မိအောင်မောင်ရှင်ဘဲ အနစ်နာခံပြီး တစ်စိုက်မတ်မတ်သောက်လာခဲ့တာမောင်ရှင့်တူ မွေးတော့မယ့်အရွယ်အထိဆိုပါတော့ဗျာ..- Mg Shin