Select Language
Toggle navigation
Home
History
Food
Travel
Shopping
Hobby
Japan I Know
Search
close
Japan List
>
KANAGAWA
>
ယိုကိုဟားမားရဲ့ နှလုံးသား Fisherman's Market က ပင်လယ်စာဘူဖေး
ယိုကိုဟားမားရဲ့ နှလုံးသား Fisherman's Market က ပင်လယ်စာဘူဖေး
Tweet
3,449
ဘူဖေးချစ်သူတွေက ဒီဆိုင်ကို ကြိုက်နှစ်သက်မှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက ပင်လယ်စာတွေ အရမ်းစုံလင်ပါတယ်။ ဟုတ်ကဲ့၊ ကဏန်းလည်းပါတာပေါ့၊
ကဏန်းကြိုက်တဲ့သူတွေဆိုရင် အပျော်လွန်ပြီးတောင် ထအော်မိမလားပဲ။ ဒီမှာက အကောင်းဆုံးကဏန်းနဲ့ ချိုမြတဲ့ဆော့စ်ကို တွဲဖက်စားသုံးရမှာပါ။ ဘူဖေးဆိုပြီး ကျွန်မ ကဏန်းအကြောင်းဘဲ ပြောမိနေပြီ။ ဂုံး၊ ငါးမျိုးစုံ၊ ပုစွန် စတဲ့ ပင်လယ်စာတွေကလည်း အစုံအလင်ပါပဲ။
အာရှအစားအစာတွေလည်း ရနိုင်ပါတယ်။ ကျွန်မ နောက်ဆုံးတစ်ခေါက် ရောက်တုန်းက တုန်ယမ်းဟင်းချိုတောင် စားခဲ့ပါသေးတယ်။ အရသာကလည်း ထိုင်းလူမျိုးတစ်ယောက်အနေနဲ့ နိုင်ငံကို အလွမ်းပြေသွားလောက်အောင်ကို ကောင်းပါတယ်။
ဒါတင်မကပါဘူး။ ဒီဆိုင်မှာ ပါစတာ၊ စပါဂတီ၊ ပီဇာ စတဲ့ အနောက်တိုင်းအစားအစာတွေလည်း ရှိပါတယ်။ စပါဂတီမှာတင် မီနူး ၆၅ မျိုးရှိလို့ တစ်လုတ်စီ စားကြည့်ရုံနဲ့ ဗိုက်ပြည့်သွားနိုင်ပါတယ်။
ကျွန်မအနေနဲ့ နေ့လည်စာကို သွားစားဖို့ အကြံပေးချင်ပါတယ်။ ဈေးနှုန်းက ယန်း ၂၀၀၀ ပါပဲ။ ဒါပေမယ့် ညနေ ၅ နာရီကစပြီး ယန်း ၃၀၀၀ ဖြစ်ပါတယ်။ ဆိုင်နေရာက Mirai station ကနေ ၁၂ မိနစ်ခန့် (သို့) Sakurakichou station ကနေလာရင် အနီရောင် Yokohama Red Brick Park အဆောက်အဦးကို တွေ့ပါလိမ့်မယ်။ ယိုကိုဟားမားကို ရောက်ဖူးရင်တော့ ဒီအဆောက်အဦးကို သိမယ်ထင်ပါတယ်။ စားသောက်ဆိုင်က ၃ ထပ်မှာ ရှိတာပါ။ နာမည်ကတော့ Fisherman's Market ဖြစ်ပါတယ်။ စားကြည့်လိုက်ကြပါစို့။
Tweet
Recommended Articles
View 6396
ဂျပန်နဲ့အရက်၊ ဂျပန်နဲ့ S-x(လိင်)
View 5657
ဂျပန်လူမျိုးတွေက crazy ဖြစ်တဲ့ 限定=Gentei
View 4168
ကြည့်ရင်လည်းလှတယ် စားရင်လည်းဝ
View 4546
ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာ...
View 5948
Shobu {ショウブ(菖蒲)}
Search
Area
ဆုတောင်းပြည့် ဂျပန် ကမာကူရ ဘုရားသမိုင်း
Kanagawa | view 4,947
ကမာကူရ(Kamakura)ကို သွားလည်ရင်း စာရေးသူမေနှင့်အတူ ဈေးသက်သာပြီး အရသာရှိတာတွေ စားကြရအောင် ’
Kanagawa | view 3,543
TOKYO
KYOTO
OSAKA
HIROSHIMA
NARA
OKINAWA
KANAGAWA
CHIBA
WAKAYAMA