ဂျပန်နွေရာသီအတွက် အထူးသင့်လျော်တဲ့ ရေခဲမုန့် အရသာသစ် ၂ မျိုး

1,391

မိုးရာသီပြီးတဲ့အခါ နွေရာသီ ရောက်တော့မှာ မဟုတ်လား? ကဲ… နွေရာသီအတွက် ပြင်ဆင်လိုက်ကြပါစို့!နွေရာသီရောက်လာပြီဆို နေ့လည်စာစားချိန်တွေမှာ ကျွန်မက စတိုးဆိုင်လေးတွေမှာရှိတဲ့ ရေခဲမုန့်တန်းကို သွားလေ့ရှိပါတယ်။ အဲဒီလိုအချိန်ဆို ရေခဲမုန့် အရသာသစ်တွေ အများကြီးထွက်တာကိုး။ ဒီနေ့ ကျွန်မက ရေခဲမုန့် အရသာသစ် (၂) မျိုးနဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ်။ နှစ်တိုင်းတော့ တွေ့ရင်တွေ့နိုင်မှာ ဖြစ်ပေမယ့် ကျွန်မလို ထိုင်းမိန်းကလေးတစ်ယောက်အတွက်တော့ ဒါက အသစ်အဆန်းပါပဲ။ အထူးသဖြင့် နွေရာသီရောက်ပြီဆိုရင် ရေခဲမုန့်တွေ အမျိုးစုံ အသစ်ထွက်ပါတယ်။ ဒီထဲကမှ ကျွန်မ ညွှန်းပေးချင်တဲ့ အရသာနှစ်မျိုး ရှိပါတယ်။ ပထမတစ်ခုက နို့ဆီအရသာ ဖြစ်ပါတယ်။1နာမည်ကို နားထောင်ပြီး အရမ်းချိုမှာဘဲလို့ ထင်နေကြပြီ မဟုတ်လား? မချိုပါဘူး။ ဂျပန်စတိုင် နို့ဆီတွေဟာ နွားနို့ နှင့် အဆီကို အချိုးကျ ပေါင်းစပ်ထားပြီး အချိုလည်း အရမ်းမများပါဘူး။ ဒါ့အပြင် ဒီရေခဲမုန့်က ဂျပန်မှာ လူကြိုက်များတဲ့ နို့ဆီတံဆိပ်ဖြစ်တဲ့ Morinaga က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သယ်ရလွယ်ကူပြီး ချစ်စရာကောင်းတဲ့ ညှစ်ဘူးလေးနဲ့ ထုတ်လုပ်ထားပြီး ဂျပန်လူမျိုးတွေ စတော်ဘယ်ရီနဲ့ တို့စားလေ့ရှိတဲ့ နို့ဆီပါ။2ရေခဲမုန့်အနေနဲ့ ထုတ်လုပ်လိုက်တဲ့အခါမှာ အရသာက နို့ဆီလို အရမ်းအချိုမကဲတော့ပါဘူး။ စတော်ဘယ်ရီလေးတွေနဲ့ တွဲစားလို့လည်း လိုက်ဖက်ပါတယ်။ နူးညံ့ပြီး ရနံ့လေးကလည်း သင်းသင်းလေးပါ။ ပူအိုက်စိုစွတ်တဲ့အချိန်တွေမှာ ဒီနို့ရေခဲမုန့်လေးက သင့်ကို လန်းဆန်းစေမှာ သေချာပါတယ်။ နွေရာသီမှာ ဂျပန်နိုင်ငံကို ရောက်ခဲ့မယ်ဆိုရင် စတိုးဆိုင်ရဲ့ ရေခဲမုန့်တန်းကို အပြေးသွားပါလို့ ပြောချင်ပါတယ်။ သင်စိတ်မပျက်စေရဖို့ အာမခံပါတယ်။နောက်ထပ် အသစ်ရောက်လာတဲ့ အရသာတစ်မျိုးအကြောင်းကို ဆက်ပြောလိုက်ကြရအောင်။ ရာသီအလိုက် အရသာသစ်တွေ ထုတ်လုပ်လေ့ရှိတဲ့ Meiji တံဆိပ်က ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဘလူးဘယ်ရီ ဒိန်ချဉ်အရသာသစ်ကို ထုတ်လုပ်လိုက်ပြန်ပါပြီ။3ပုံမှန်အားဖြင့် ဒီတံဆိပ်မှာ ဗနီလာအရသာ နှင့် ချောကလက်အရသာတွေ ရရှိနိုင်ပြီး အခု အရသာသစ်ထွက်တာကို တွေ့တွေ့ခြင်း ကျွန်မ ဝယ်စားဖြစ်ခဲ့ပါတယ်။ ဒီတံဆိပ်က ကျွန်မကို ဘယ်တော့မှ စိတ်မပျက်စေပါဘူး။ ဒါကြောင့်လည်း ကျွန်မ ပိုပိုပြီး ဝလာတာလား မသိပါဘူး။4ဒီအရသာသစ်ကို ကျွန်မ အရမ်းကြိုက်ပါတယ်။ နွေရာသီနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ဘလူးဘယ်ရီသီးနှင့် ဒိန်ချဉ်ရဲ့ အရသာကို အချိုးကျပေါင်းစပ်ထားတဲ့အပြင် ဘလူးဘယ်ရီသီးအဖတ်လေးတွေတောင် ပါပါသေးတယ်။ ဒိန်ချဉ်အရသာဖြစ်တာမို့ ကျွန်မနဲ့တော့ လုံးဝကွက်တိပါပဲ။ ဒုတိယတစ်ခွက် ထပ်စားတာတောင် ဒိန်ချဉ်ဆိုတော့ ဝိတ်တက်မှာ မပူရတော့ဘူးလေ။ နောက်တစ်ခွက်ထပ်စားဖို့ စဉ်းစားလိုက်တော့မှ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ဖြစ်လာလို့ အမြန်ပြန်ပြေးလာခဲ့ရပါတော့တယ်။ဒီရာသီမှာ လာလည်ကြတဲ့ ဧည့်သည်များကို အချိန်လေးနည်းနည်းပေးပြီး လမ်းဘေးစတိုးဆိုင်တွေက ရေခဲမုန့်တွေကို မြည်းကြည့်စေချင်ပါတယ်။ ဒီက အရသာအများစုကို ထိုင်းနိုင်ငံမှာတောင် ရှာမတွေ့ပါဘူးလို့ ကျွန်မ အာမခံနိုင်ပါတယ်။ကျွန်မ ဝိတ်ကျဖို့ ၁၀ ကီလိုမီတာလောက် ပြေးရပါအုံးမယ်။ ပင်ပန်းလိုက်တာနော်။