ဂျပန်အလှကုန်များ အဆင့်သတ်မှတ်ချက် - Best Cosme 2015. ဂျပန်မလေးတွေ အနှစ်သက်ဆုံး အလှကုန်က ဘာများဖြစ်မလဲ? အပိုင်း -၂

1,477

Best Cosme အဆင့်သတ်မှတ်ချက် အပိုင်း (၂) မှ ကြိုဆိုပါတယ်။ အခု ကျွန်မတို့ မျက်လုံးပိုင်း မိတ်ကပ်တွေဖြစ်တဲ့ liner, mascara တွေအကြောင်းကို သွားလိုက်ကြရအောင်။ ဂျပန်နိုင်ငံထုတ် အလှကုန်တွေထဲက အကောင်းဆုံးထုတ်ကုန်တွေဆိုလည်း မမှားပါဘူး။ ကျွန်မက တံဆိပ်အသစ်တွေ စမ်းသုံးရတာကို ကြိုက်တာကြောင့် ဂျပန်အိုင်းလိုင်နာတွေကို အမြဲစမ်းသုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို သင်တစ်မျိုးလောက် သုံးကြည့်ရင် သိနိုင်မှာပါ။ ကဲ… အကောင်းဆုံးစာရင်းကို အတူတူ ကြည့်လိုက်ကြရအောင်!Best Cosme – Concealer1No.2 Shiseido Sheer Eye Zone Correctorသူ့ရဲ့နာမည်အတိုင်းပါပဲ။ အသားအရောင်ကို ပြုပြင်ပေးတာ ဖြစ်ပါတယ်။ အထူးသဖြင့် သင့်ရဲ့ ပန်ဒါမျက်ဝန်းညိုတွေကိုပေါ့။ ဒီ corrector လေးက သင့်ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့ ပန်ဒါမျက်ဝန်းတွေကနေ လန်းဆန်းတောက်ပတဲ့ မျက်ဝန်းလေးတွေအဖြစ် ပြောင်းလဲပေးမှာပါ။ သူ့ရဲ့ အပြစ်အနာအဆာများကို ဖုံးကွယ်ပေးပြီး သဘာဝအလှကို ပေးစွမ်းနိုင်စွမ်းကလည်း နာမည်ကျော်ကြားလှပါတယ်။ သုံးစွဲသူ ဂျပန်အမျိုးသမီးတစ်ဦးက " ဒီဟာက အသားအရေရဲ့ ရေဓာတ်ကို ထိန်းပေးတယ်ဆိုတဲ့ ရေးသားချက်တစ်ခုကို ဖတ်ရပြီး ကျွန်မဝယ်ဖြစ်ခဲ့တာပါ။ တကယ်ကို ပြောတဲ့အတိုင်းပါပဲ။ ဒါတင်မကဘဲ ကျွန်မရဲ့မျက်ဝန်းတွေကို လင်းလက်တောက်ပစေပါတယ်။ အကြာကြီးလည်း ခံပါတယ်။ မျက်ကွင်းညိုတာကိုလည်း သဘာဝကျကျလေးနဲ့ ဖုံးကွယ်ပေးပါတယ်" လို့ ပြောပြခဲ့ပါတယ်။ Brush ပုံစံ လိမ်းခြယ်စရာအတံလေးပါတာကြောင့် အဆင်ပြေလွယ်ကူစွာ လိမ်းခြယ်နိုင်ပါတယ်။2No.1 NARS Radiant Creamy Concealerတစ်ကမ္ဘာလုံးက တစ်ခဲနက် အားပေးကြတဲ့ concealer ဟာ နောက်ဆုံးမှာတော့ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပါပြီ။ ဂျပန်မိန်းကလေးများအားလုံး လက်မလွတ်သင့်ပါဘူး။ နူးညံ့တဲ့ အထိအတွေ့၊ ခမ်းနားတဲ့ အရောင်အသွေးတို့နဲ့ NARS Radiant Creamy Concealer က သင့်ရဲ့ဝက်ခြံကစလို့ မျက်ဝန်းတွေအထိ အပြစ်အနာအဆာအားလုံးကို ဖုံးကွယ်ပေးနိုင်စွမ်းရှိပါတယ်။ လိမ်းခြယ်ရတာလွယ်ကူပြီး အခြားသော concealer တွေလို ထူထူကြီးမဖြစ်ဘဲ အောက်ခံမိတ်ကပ်နဲ့ ကောင်းစွာပေါင်းစပ် ပျော်ဝင်နိုင်ပါတယ်။ ဒါ့အပြင် ကြာရှည်စွဲမြဲစေပြီး အသားခြောက်တဲ့အခါမျိုးမှာတောင် ကွက်ခြင်းမရှိပါဘူး။ " အကောင်းဆုံး concealer ပါပဲ။ ကျွန်မက အသားခြောက်ပြီး ကွက်တတ်လို့ concealer သုံးလေ့မရှိပေမယ့် NARS မှာတော့ ဒါမျိုးလုံးဝမဖြစ်ပါဘူး။ အကောင်းဆုံးအချက်ကတော့ အောက်ခံမိတ်ကပ်နဲ့ ကောင်းကောင်းရောစပ်သွားပြီး သဘာဝဆန်တဲ့ အသားအရေကို ပေးနိုင်ခြင်းပါပဲ။ ကျွန်မ အရမ်းကြိုက်ပါတယ် " ဆိုပြီး သုံးစွဲသူ မိန်းကလေးတစ်ဦးက ပြောပြသွားခဲ့ပါတယ်။Best Cosme – Eyebrow3No.3 Integrate Eyebrow and Nose Shadowဂျပန်မိန်းကလေးအများစုအတွက်တော့ ဒီမျက်ခုံးမွှေးဆွဲပေါင်ဒါက မရှိမဖြစ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ကြာရှည်စွဲမြဲမှုနှင့် သဘာဝကျတဲ့ အရောင်အသွေးကြောင့်ပါ။ အတူပါတဲ့ brush သေးသေးလေးကလည်း သေသပ်တိကျစွာ ပုံဖော်ပေးနိုင်ခြင်းကြောင့် နာမည်ကျော်ကြားပါတယ်။ ဒါ့အပြင် ထုတ်ပိုးမှုပုံစံကို ကြည့်မယ်ဆိုလည်း ချစ်စရာကောင်းပြီး အကြမ်းခံပါတယ်။ ဒီအချက်တွေအားလုံးကြောင့် ဂျပန်နိုင်ငံရဲ့ ရေပန်းစား အလှကုန်တစ်ခု ဖြစ်လာပါတော့တယ်။ အထူးသဖြင့် မျက်ခုံးရော၊ နှာတံအတွက်ပါ သုံးနိုင်တဲ့ နှစ်မျိုးရပေါင်ဒါလေး ဖြစ်လို့ပေါ့!4No.2 Kate Eyebrow Color N၂၀၁၃ ခုနှစ်ကစပြီး Best Cosme list ရဲ့ ထိပ်ဆုံး ၃ နေရာမှာ ရှိနေခဲ့တဲ့ အလှကုန်တစ်ခု ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း ပိုမိုအောင်မြင်လာခဲ့ပါတယ်။ " ကျွန်မ အရမ်းကို သုံးဖြစ်လွန်းလို့ ဘယ်နှဘူးကုန်သွားပြီလဲတောင် မသိတော့ပါဘူး။ တစ်ခါဆွဲထားရင် အကြာကြီးခံလို့ မနက်ပိုင်းမှာ တစ်ခါဆွဲထားလိုက်ရုံပါပဲ" လို့ အမာခံသုံးစွဲသူတစ်ဦးက ပြောပြခဲ့ပါတယ်။ တကယ်ကောင်းမွန်တဲ့ ထင်မြင်ချက်ပါပဲ!5No.1 Excel Powder & Pencil Eyebrow EXဒုတိယအကြိမ် အနိုင်ရခြင်းပါပဲ! Excel ဟာ မနှစ်ကလည်း မျက်ခုံးခြယ်သမှုဆိုင်ရာ အလှကုန်အမျိုးအစားမှာ ဗိုလ်စွဲခဲ့ပါတယ်။ Excel Powder & Pencil Eyebrow EX မှာ မျက်ခုံးဆွဲခဲတံ၊ ပေါင်ဒါနှင့် brush တို့အားလုံး တစ်ပါတည်း ပါဝင်ပါတာကြောင့် ဂျပန်မိန်းကလေးများ စွဲလန်းနှစ်သက်ကြပါတယ်။ ဘယ်သွားသွား ယူသွားလို့လည်း အရမ်းအဆင်ပြေတယ်လေ။ အရည်အသွေးအနေနဲ့လည်း လိုအပ်ချက်မရှိလောက်အောင်ပါပဲ။ " မျက်ခုံးဆွဲခဲတံတွေအကြောင်း ပြောမယ်ဆိုရင်တော့ ဒီဟာက မပါမဖြစ်ပါပဲ။ ဒီခဲတံက နူးညံ့တဲ့အပြင် တိကျပြည့်စုံတဲ့ မျက်ခုံးကောက်ကြောင်းကို ပေးစွမ်းနိုင်ပါတယ်။ ဆွဲထားရင် အချိန်အကြာကြီး ခံပါတယ်။ ကျွန်မက မျက်ခုံးမွှေးဆွဲတာ သိပ်မကျွမ်းပါဘူး၊ ဒါပေမယ့် ဒီခဲတံနဲ့ဆို အလွယ်တကူပဲ ဆွဲနိုင်တယ်လေ။ အရမ်းကြိုက်လို့ အမြဲဝယ်ဖြစ်တယ်လေ " ဆိုပြီး သုံးစွဲသူတစ်ဦးက ပြောပြခဲ့ပါတယ်။Best Cosme – Eyeliner6No.3 K-palette Real Lasting Eyeliner 24h WPကျွန်မ အခုလက်ရှိသုံးနေပြီး အရမ်းကြိုက်တဲ့ အိုင်းလိုင်နာ ဖြစ်ပါတယ်။ ဒီတံဆိပ်က အထူးရေစိုခံနိုင်တဲ့အပြင် မျက်ရည်၊ ချွေးနှင့် အဆီတွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။ စတိုးဆိုင်က လိုင်နာတွေ အများကြီးကို စမ်းသုံးကြည့်ပြီးမှ ကျွန်မဒီတစ်ခုကို ရွေးချယ်ခဲ့တာပါ။ ကုတ်ခြစ်ကြည့်တာတောင် မပျက်တာ ဒီတစ်မျိုးပဲရှိပါတယ်။ သူ့ရဲ့ကြာရှည်ခံမှုကတော့ အံ့မခန်းပါပဲ။သုံးစွဲရလွယ်ကူအောင် brush လေးတစ်ခု တွဲလျက်ပါရှိပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ သုံးတာကြာလာတဲ့အခါ brush ကဖွာသွားတတ်ပြီး တိတိကျကျဆွဲလို့ အဆင်မပြေတော့ပါဘူး။ ဒါကလည်း သူ့ရဲ့ကြာရှည်ခံနိုင်မှုနှင့် ဈေးသက်သာမှုတို့နဲ့စာရင် မပြောပလောက်ပါဘူး။7No.2 Heroin Make Smooth Liquid Eyeliner Super Keepကာတွန်းထဲက မင်းသမီးလေးပုံနှင့် ထုတ်ပိုးမှုကြောင့် တချို့နိုင်ငံတွေမှာ မင်းသမီးလေးတံဆိပ်ဆိုပြီး အလွယ်သိကြပါတယ်။ ဂျပန်မိန်းကလေးများအကြိုက် ဈေးနှုန်းသက်သာတဲ့ တံဆိပ်တစ်ခုဖြစ်ပါတယ်။ ပုံထဲမှာ တွေ့မြင်ရတဲ့အတိုင်း ဘူးခွံမှာ မင်းသမီးလေး ငိုနေတဲ့ပုံနှင့်အတူ ရေးထားတဲ့စာသားကတော့ " (ဒီအိုင်းလိုင်နာနဲ့သာဆိုရင်) ငိုနေတာတောင်မှ လှပနေဆဲပါ " တဲ့။ ဘယ်လောက်ချစ်စရာကောင်းလိုက်ပါလဲ။ ဒီရေစိုခံတဲ့ အိုင်းလိုင်နာကို ရေနွေးနဲ့ ဖျက်လို့ရတာကြောင့် သင့်ရဲ့မျက်ခွံကို အကြိမ်များစွာ ပွတ်နေစရာ မလိုပါဘူး။ ကြည့်ရတာ သာမန်လိုပဲဖြစ်ပေမယ့် ဂျပန်မိန်းကလေးတွေက သူ့ရဲ့အရည်အသွေးကို အထူးနှစ်သက်ကြပါတယ်။ သုံးစွဲသူတစ်ဦးက " အိုင်းလိုင်နာတွေက မျက်တောင်ကော့ဆေးပေါ် ပျော်ကျတတ်လို့ ကျွန်မ မသုံးဖြစ်တာ ကြာပါပြီ။ ဒီတစ်ခုကတော့ မျက်ခွံပေါ်မှာ လုံးဝကို စွဲမြဲပါတယ်။ အရောင်ကလည်း အရမ်းလှတယ်လေ " လို့ ပြောပြထားပါတယ်။8No.1 FlowFushi Mote Liner Liquid TakumiFlow Fushi 'Mote' Line ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အများရဲ့အာရုံစိုက်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ တောက်ပတဲ့ ရွှေရောင်ထုတ်ပိုးမှုက ဆိုင်ရဲ့အလှကုန်ကောင်တာပေါ်မှာ အထင်အရှားတွေ့မြင်နိုင်တာကြောင့် စတင်ဖြန့်ချီစဉ်ကတည်းက ရေပန်းစားခဲ့ပါတယ်။ မျက်တောင်ကော့ဆေးက သူတို့ရဲ့နာမည်အကြီးဆုံး အလှကုန်ဖြစ်ပေမယ့် ယခုနှစ်မှာတော့ ပိုပြီးနယ်ပယ်ဖြန့်ကျက်နိုင်ခဲ့ပါပြီ။ Takumi အိုင်းလိုင်နာရည်က ဆွဲရလွယ်ကူပြီး တိကျတဲ့မျက်ဝန်းအလှကို ပေးစွမ်းနိုင်ဖို့ကို အဓိကထားပြီး ထုတ်လုပ်ခဲ့ပါတယ်။ Brush ရဲ့ ထိပ်ပိုင်းကို မတူညီတဲ့ အမွေး ၄ မျိုးကနေ ထုတ်လုပ်ထားတာကြောင့် ဆွဲလိုက်တဲ့အခါမှာ မကြမ်းလွန်း၊ မနုလွန်းဘဲ မျှတတဲ့ခံစားမှုကို ရရှိမှာ ဖြစ်ပါတယ်။ လိုင်နာဟာဆိုရင်လည်း အရောင်ထွက်အား အရမ်းကောင်းပြီး ကြာရှည်စွဲမြဲစေပါတယ်။ သုံးစွဲသူ ဂျပန်မိန်းကလေးတစ်ဦးက အခုလို ပြောပြခဲ့ပါတယ်။ " ဒီအမျိုးအစားက ဆွဲရအလွယ်ကူဆုံးပါပဲ။ နူးညံ့ပြီး ကျွန်မရဲ့အသားအရည်ကိုလည်း လုံးဝမထိခိုက်စေပါဘူး။ ဒါပေမယ့် ကျွန်မစိတ်တိုင်းကြ တိတိကျကျ ဆွဲနိုင်ပါတယ်။ အရောင်ကလည်း အရမ်းလှလို့ ကျွန်မမျက်လုံးလေးတွေက တစ်နေ့လုံးကို လှပနေတော့တာပါပဲ"။ ဂျပန်နိုင်ငံက အလှကုန်ဆိုင်များနှင့် ဆေးဆိုင်များမှာ ဝယ်ယူလို့ရတာကြောင့် စမ်းသုံးကြည့်စေချင်ပါတယ်။Best Cosme – Mascara9No.3 Flow Fushi Mote Mascara One Lift UpMote တံဆိပ်က ထပ်မံဝင်ရောက်လာပြန်ပါပြီ။ ဒီတစ်ခါမှာတော့ သူတို့ရဲ့ထုတ်ကုန်အသစ်ဖြစ်တဲ့ premium mascara နဲ့ပါ။ ဈေးနှုန်းက ယန်း ၂၇၀၀ ဖြစ်တာကြောင့် တခြားတံဆိပ်တွေနဲ့စာရင် ဈေးကြီးတယ်လို့ ထင်ရပေမယ့် စတင်ဖြန့်ချိတဲ့ စက်တင်ဘာလကစပြီး ရေပန်းအစားဆုံးစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကျော်ကြားမှုက သာမန်တော့ မဟုတ်ပါဘူး။ထုတ်လုပ်သူတွေရဲ့ ပြောကြားချက်အရ ဒီ mascara မှာ သဘာဝသWုဓာတ်တွေ ထည့်သွင်းပြုလုပ်ထားတာကြောင့် သင့်မျက်တောင်ကို အားဖြည့်ထိန်းသိမ်းပေးပြီး ရှည်လျားကော့ညွတ်တဲ့ မျက်တောင်တွေကို ရရှိနိုင်ပါတယ်။ သူ့ရဲ့နာမည်မှာ ပါတဲ့အတိုင်း မျက်တောင်ကို အထူးရှည်လျားစေရုံသာမကဘဲ အချိန်ကြာမြင့်စွာ ပင့်တင်ပေးထားနိုင်ခြင်းက အောင်မြင်မှုရဲ့ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ " ဗူးပုံစံလေးက ဆွဲဆောင်မှုရှိပြီး ရလာဒ်ကလည်း ကျေနပ်စရာပါပဲ။ "10No.2 Herorin Make Long and Curl Mascara Super WPမင်းသမီးလေးတံဆိပ်က မျက်လုံးပိုင်းဆိုင်ရာ အလှကုန်တွေရဲ့ အောင်မြင်ကျော်ကြားမှုကတော့ သံသယဖြစ်နေစရာတောင် မလိုပါဘူး။ ဒီဟာက အိုင်းလိုင်နာထက်တောင် ပိုကျော်ကြားပါသေးတယ်။ Long & Curl Mascara က မနှစ်က Best Cosme ရဲ့ အကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။ သူက မျက်တောင်တိုပြီး ပါးတတ်တဲ့ အာရှသူမိန်းကလေးများအတွက် အထူးကို သင့်လျော်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း နေ့တိုင်းနီးပါးကို သုံးဖြစ်ပါတယ်။ ကျွန်မရဲ့ တိုပြီးအောက်ဘက်စိုက်တဲ့ မျက်တောင်တွေအတွက်တော့ ဒီထက်ပိုကောင်းတဲ့ဟာ မရှိနိုင်တော့ပါဘူး။ အပေါ့ပါးဆုံးဖြစ်စေတဲ့ နည်းပညာနှင့် ထုတ်လုပ်ထားတာကြောင့် မျက်တောင်တွေ လေးလံခြင်းမရှိဘဲ တစ်နေ့လုံး လှပကော့ညွတ်နေစေပါတယ်။ ပိုပြီးတော့လည်း ရှည်လျားစေပါသေးတယ်။ ဖျက်ရတာ နည်းနည်းခက်ပေမယ့် ကျွန်မအတွက်တော့ အကောင်းဆုံးပါပဲ။ ကျွန်မ တစ်သက်လုံးမှာ mascara တစ်မျိုးကိုပဲ သုံးခွင့်ရမယ်ဆိုရင်တောင် ဒီဟာကိုပဲ ကျေကျေနပ်နပ်ရွေးချယ်မိမှာ သေချာပါတယ်။ နောက်တာမဟုတ်ပါဘူး။ အဲလောက်ထိကို နှစ်သက်မိပါတယ်ရှင်။11No.1 RMK W Color Mascaraဒီနှစ်မှာ ဂျပန်မိန်းကလေးတွေရဲ့ အကြိုက်က သာမန်ရိုးကျထက် အနည်းငယ်ကွဲထွက်လာပါတယ်။ ဆန်းပြားတာ၊ အရောင်အသွေး စုံလင်တာလေးတွေကို ပိုပြီးနှစ်သက်လာကြတယ်လေ။ ယခုနှစ်အတွက် အကောင်းဆုံးရရှိခဲ့တဲ့ RMK color mascara နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ mascara မှာ အစွန်း နှစ်ဖက်ပါပါတယ်။ အနက်၊ ခဲရောင်၊ အညိုစတဲ့ အရောင်ရင့်တွေပါတဲ့ အကြီးဖက်နှင့် သင့်ရဲ့ အောက်မျက်တောင်တွေအတွက် တောက်ပတဲ့ ပန်းရောင်၊ လိမော်၊ အဝါရောင်တွေပါတဲ့ အသေးတစ်ဖက်ပါပါတယ်။ ထူးခြားတဲ့ အပြင်အဆင်ကို ပေးစွမ်းနိုင်တာကြောင့် မိန်းကလေးအများစုက နှစ်သက်ကြပါတယ်။ သင့်ကို ပိုပြီး တက်ကြွလန်းဆန်းတဲ့ အသွင်သစ်လည်း ဖြစ်စေနိုင်တယ်လေ။ ဒါ့အပြင် မျက်တောင်တွေကိုလည်း ပိုပြီးထူထဲစေပါတယ်။ သုံးစွဲသူ မိန်းကလေးတစ်ဦးက " ကျွန်မ နက်ပြာရောင်နှင့် ကာကီရောင်တွဲထားတာကို ဝယ်ခဲ့ပါတယ်။ နက်ပြာရောင်က အရမ်းလည်း ပြာတောက်တောက်ကြီး မဖြစ်ဘဲ သဘာဝကျပြီး တည်ငြိမ်ပါတယ်။ ကျွန်မက အလုပ်သွားတဲ့အခါ အနက်ရောင်ကို သုံးပေမယ့် နက်ပြာ၊ ဒါမှမဟုတ် ကာကီရောင် ဝတ်တဲ့အခါတွေမှာတော့ ဒီဟာကို သုံးတယ်လေ။ အဝတ်အစားနဲ့ လိုက်ဖက်ပြီး အဆင်ပြေပါတယ် " ဆိုပြီး ပြောပြခဲ့ပါတယ်။ နေ့တိုင်း mascara အနက်ရောင်ပဲ သုံးရတာ ငြီးငွေ့လာပြီဆိုရင်တော့ ဒါလေးနဲ့ ဆန်းဆန်းပြားပြား ပြင်ဆင်ကြည့်ကြရအောင်။Best Cosme – Mascara Base12No.2 Ettusais Lash Version Upယခင်နှစ်က ပထမဆုရှင်က ဒီနှစ်မှာ ဒုတိယနေရာရရှိခဲ့ပါတယ်။ Ettusais Lash Version Up ဟာ အနက်ရောင် အောက်ခံ mascara ဖြစ်ပြီး သင့်ရဲ့ကော့ညွတ်နေတဲ့ မျက်တောင်တွေကို တစ်နေကုန် တာရှည်ခံစေရုံသာမက ပိုမိုထူထဲရှည်လျားစေပါတယ်။ အာရှသူလေးတွေအတွက်တော့ လုံးဝကွက်တိပါပဲ။ မျက်တောင်တွေကို အမှန်တကယ် ရှည်လျားကော့ညွတ်စေတာကြောင့် ထပ်ခါထပ်ခါ ဝယ်သုံးဖြစ်ပါတယ်လို့ သုံးစွဲသူ ဂျပန်မိန်းကလေးများက ပြောပြခဲ့ပါတယ်။ သင့်ရဲ့မျက်တောင်တွေ အောက်စိုက်နေတာကြောင့် အခက်တွေ့နေရတယ်ဆိုရင်တော့ ဒါကို စမ်းသုံးကြည့်စေချင်ပါတယ်။13No.1 Kate Lash Maximizerတန်ဖိုးနည်းပြီး အရည်အသွေးကောင်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Kate ဟာ နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့ပါတယ်။ သင့်မျက်တောင်ကို ပိုမိုရှည်လျားစေပြီး တစ်နေ့လုံး ကော့ညွတ်လှပစေတာကြောင့် လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တဲ့ အလှကုန်တစ်ခုဖြစ်ပါတယ်။ " အမျှင် mascara ကို နှစ်သက်သူများအတွက် ဒါက အရမ်းသင့်တော်ပါတယ်။ မျက်တောင်တစ်ချောင်းချင်းစီကို ညီညာစွာ ကော့ညွတ်စေနိုင်တဲ့ brush ဒီဇိုင်းကြောင့်ပါပဲ။ ကျွန်မရဲ့မျက်တောင်တွေ တကယ်ကို ရှည်ပြီး တစ်နေ့လုံး ညီညာကော့ညွတ်နေတယ်လို့ ခံစားရပါတယ်။ မျက်တောင်ကော့ကော့လေးတွေကို အကြာကြီးထိန်းထားနိုင်တာ အံ့မခန်းပါပဲ " ဟု နှစ်သက်အားပေးသူတစ်ဦးက ပြောပြသွားခဲ့ပါတယ်။Best Cosme – Beauty Tools14No.2 Maquillage Eyelash Curler၂၀၀၇ ခုနှစ်ကတည်းက စတင်ရောင်းချခဲ့တဲ့ Maquillage ရဲ့ မျက်တောင်ကော့ကိရိယာလေးက ပြန်လည်ရေပန်းစားလာပြီး ယခုနှစ်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူရဲ့ထူးခြားချက်ကတော့ ဖြောင့်တန်းတဲ့ဒီဇိုင်းပါပဲ။ မျက်တောင်ကော့ကိရိယာအများစုရဲ့ဒီဇိုင်းက အရမ်းကွေးနေတတ်တာကြောင့် အာရှမိန်းကလေးတွေရဲ့ မျက်လုံးပုံစံနဲ့ မကိုက်ညီဘဲ မျက်တောင်ကို ကြာကြာကော့ပေးထားနိုင်ခြင်း မရှိပါဘူး။ ကျွန်မမှာလည်း မျက်တောင်ကော့ကိရိယာတွေ အများကြီးရှိပေမယ့် စိတ်တိုင်းမကျခဲ့ပါဘူး။ ကျွန်မမျက်တောင်တွေကပဲ မကော့နိုင်တာလို့တောင် ထင်ခဲ့မိပါတယ်။ ဒါပေမယ့် ကျွန်မရဲ့မျက်လုံးအတွက် ကွက်တိကိုက်ညီတဲ့ မျက်တောင်ကော့ကိရိယာကို တွေ့ရှိပြီးနောက်မှာတော့ ကျွန်မရဲ့အထင်ဟာ မှားနေမှန်း သိလိုက်ရပါတော့တယ်။ ဂျပန်မိန်းကလေး အများစုလည်း ကျွန်မနဲ့ အတွေးတူကြမယ်ထင်ပါတယ်။ " ကျွန်မ အမျိုးစုံ စမ်းသုံးကြည့်ခဲ့ပါတယ်။ အကုန်လုံးက ကွေးလွန်းနေတယ် " ၊ " ကျွန်မမျက်တောင်တွေကို ကော့လို့မရနိုင်ဘူးလို့ ထင်ပြီး လက်လျှော့ခဲ့ဖူးပါတယ်။ တစ်နေ့မှာ ဒီဟာကို သုံးကြည့်လိုက်မိပြီးကျွန်မမျက်တောင်တွေရဲ့ အပြစ်မဟုတ်မှန်း သိလိုက်ပါတော့တယ် " ။ သင့်မှာလည်း အလားတူ အခက်အခဲမျိုး ကြုံနေရတယ်ဆိုရင်တော့ ဒီဟာကို စမ်းသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။15No.2 Daiso Puff and Sponge Detergentတစ်ဒေါ်လာတန်ဆိုင်က ဒီဆပ်ပြာရည်ကတော့ … ရိုးရိုးလေးနဲ့ တကယ်ကို မှော်ပညာအလား အစွမ်းထက်ပါတယ်။ ကျွန်မ အိမ်မှာ ၃ ဗူးတောင် ဝယ်ထားပါတယ်။ ဘာလို့ ပိုဝယ်ထားမိမှန်း ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ပါဘူး။ သင့်ရဲ့ brush တွေနဲ့ တို့ဖတ်လေးတွေကို တွေဆေးဖို့အတွက် ဒီဆပ်ပြာရည် ၂-၃ စက်ကို ရေနဲ့ရောသုံးရင် ရပါပြီ။ အရမ်းကို အကျိုးရှိတာ တွေ့ရပါတယ်။ တို့ဖတ်ဖော့တုံးတွေအတွက်ဆို သင့်တော်ရုံပမာဏ သုံးပေးရပြီး brush တွေအတွက်ဆိုရင်တော့ ၂-၃ စက် သုံးရုံနဲ့ တစ်စုံလုံးကို ဆေးကြောနိုင်ပါတယ်။ ပေးရတဲ့ဈေးနဲ့ယှဉ်လိုက်ရင် အရည်အသွေးက အံ့မခန်းပါပဲ။ ဂျပန်မိန်းကလေးတော်တော်များများလည်း ကျွန်မနဲ့ သဘောတူကြမယ် ထင်ပါတယ်။ ဒါကြောင့်လည်း ဒီဆပ်ပြာရည်က အလှအပဆိုင်ရာကုန်ပPည်းစာရင်းရဲ့ ထိပ်ဆုံး ၃ နေရာမှာ ရပ်တည်နေခဲ့တာ ၂၀၁၂ ကတည်းကပါပဲ။ " ကျွန်မ အရင်က မိတ်ကပ်ဖျက်ဆေးနဲ့ brush တွေကို ဆေးပါတယ်၊ ဟားဟား။ ရီစရာပါပဲ။ အများကြီးလည်း သုံးရပြီး brush တွေက ထူးခြားပြီး သန့်ရှင်းသွားတာမျိုး မရှိပါဘူး။ ဒီဆပ်ပြာရည်နဲ့ကျတော့ နည်းနည်းလေး သုံးရုံနဲ့ အကုန်လုံးကို အလွယ်တကူ ပြောင်စင်အောင်ဆေးနိုင်ပါတယ်။ ကုန်ရင် သေချာပေါက် ထပ်ဝယ်အုံးမှာပါ " ဆိုပြီး ဒီဆပ်ပြာရည်ကြောင့် ပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့သူ မိန်းကလေးတစ်ဦးက ပြောပြခဲ့ပါတယ်။ အနည်းဆုံးတော့ သူမရဲ့ brush တွေကို မိတ်ကပ်ဖျက်ဆေးနဲ့ ဆေးတော့မှာ မဟုတ်ပါဘူး။ဒါကတော့ ယခုနှစ်အတွက် Best Cosme စာရင်းပါပဲ။ စိတ်ဝင်စားစရာကောင်းတဲ့ အလှကုန်တွေကို ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။ နောက်ထပ်သိချင်သေးတယ်ဆိုရင်တော့ ဒီနေရာမှာနှိပ်ပြီး ကျန်တဲ့အလှကုန်တွေကို ကြည့်လို့ရပါတယ်။ ပြီးတော့ ဒီလို့ ထူးခြားကောင်းမွန်တဲ့ အလှကုန်တွေကိုလည်း စမ်းသုံးကြည့်စေချင်ပါတယ်။
Name *
Email *
Message *