Churros Stick : ခေတ်ဆန်လှပတဲ့ စားချင်စဖွယ် မုန့်ကြွပ်ချောင်းလေးများ

948

ကျွန်မ ဒီကိုရောက်လာပါပြီ။ ကျွန်မရဲ့ ခါးတုတ်တုတ် ဗိုက်ပူလေးနဲ့အတူပေါ့၊ ဝါးလို့ကောင်းတဲ့ မုန့်ဆိုင်တော်တော်များများအကြောင်း ကျွန်မရေးခဲ့ပြီးပေမယ့် နောက်မုန့်တစ်မျိုးက စောင့်ကြိုနေပြန်ပါပြီ။ ကျွန်မဘဝကြီးက ခရီးသွားလိုက်၊ အရသာရှိတဲ့ အစားအသောက်တွေစားလိုက်နဲ့ ပျော်စရာကြီးလို့ ထင်ရပေမယ့် တကယ်တမ်း ကျွန်မပုံစံက ဆူရှီလို ပုပုလုံးလုံး ကောင်မလေးတစ်ယောက်ပါပဲ။ဂျပန်ကိုလာလည်တဲ့သူတွေကို စားသောက်ဆိုင်တွေ၊ မုန့်တွေနဲ့ ပတ်သက်ပြီး အကြံကောင်းတွေ ပေးနိုင်အောင် ကျွန်မ မုန့်မျိုးစုံစားရပါတယ်။ အားလုံးအတွက် ကိုယ့်ကိုယ်ကို စတေးခံလိုက်တာပေါ့လေ T_Tခေါင်းစဉ်ဆီကို ပြန်သွားလိုက်ကြရအောင်။ Ikebukuro မှာရှိတဲ့ ဒီမုန့်ဆိုင်လေးကို ရောက်ခဲ့ပါတယ်။ ဆိုင်နားရောက်တာနဲ့ မုန့်ကြွပ်ကြော်ပေါ်မှာ ပျော်ဝင်နေတဲ့ သကြားနံ့သင်းသင်းလေးက မွှေးပျံ့နေတာကြောင့် အပြေးအလွှားကို သွားလိုက်မိပါတော့တယ်။1ဆိုင်နာမည်က Churro*Star ပါ။ Churroll လို့ပြောရင် ဘာမုန့်မှန်း သိပ်မသိကြပေမယ့် Disneyland မှာရောင်းတဲ့ မုန့်ကြွပ်ကြော်အချောင်းလေးတွေဆိုရင်တော့ အားလုံးမှတ်မိကြမှာပါပဲ။2ဟုတ်ပါတယ်၊ မုန့်ကြွပ်ကို သကြားနဲ့အုပ်ပြီး ကြော်ထားတာပါ။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ သင်အော်ဒါမှာလိုက်မှ ကြော်ပေးတာဖြစ်လို့ လတ်ဆတ်ပူနွေးတဲ့ churro မုန့်ချောင်းလေးတွေကို စားသုံးရမှာပါ။3ပုံမှန်အရသာအပြင် organic sugar, cinnamon sugar (အရောင်းရဆုံး)၊ milk tea, maple sugar, kinako sugar, salt & sugar, honey lemon စတဲ့ အရသာမျိုးစုံ ရရှိနိုင်ပါတယ်။4 5ဒါမှမဟုတ် Churro Crema လိုမျိုး အထဲမှာ ခရင်မ်ပါတာ စားချင်ရင်လည်း ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ Milky, double chocolate, berry cinnamon, royal milk tea, apolo & café au lait အရသာတွေ အစုံပါပဲ။6ဒီထက်ပိုမိုက်တာကတော့ ကိုယ်တိုင်လုပ်ချောကလက်အနှစ်နဲ့ တို့စားရတဲ့ Churro & Chocolate ပါ။7တို့စားစရာဆော့စ်တွေကလည်း milk, raspberry chocolate, honey caramel, marron စသဖြင့် အများကြီးပါပဲ။ကျွန်မ နောက်ဆုံးစားခဲ့တဲ့တစ်ခုကိုတော့ ကြယ် ၁၀ ပွင့်လောက်တောင်ပေးပြီး မလွတ်တမ်းစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Churros & Sunday လို့ခေါ်ပါတယ်။ အလွယ်ကူဆုံး ရှင်းပြရရင် Churro မုန့်ကြွပ်ချောင်းကို ခရင်မ်ရေခဲမုန့်နဲ့ တို့စားတာမျိုးပါ။ ဘုရားရေ၊ အဲဒါက အရမ်းအရမ်းကို ကောင်းလွန်းပါတယ်။ ခရင်မ်ကလည်း ပုံမှန်လောက်မဟုတ်ဘဲ တကယ်ကို အရသာရှိပါတယ်။ ဒါကမှာမယ်ဆိုရင် မုန့်ကြွပ်အရသာရော၊ ရေခဲမုန့်အရသာပါ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Chocolate, honey, marron cheese, coffee jelly sundae, soft cream အရသာတွေရှိပါတယ်။  8       ကျွန်မကတော့ အမြဲတမ်း ချောကလက်ပါပဲ။9       တခြားအရသာတွေ စားကြည့်ဖို့ကို နည်းနည်းစိုးရိမ်မိလို့ပါ။ ဒါကြောင့် အကြာကြီး စဉ်းစားပြီးတဲ့နောက် ချောကလက်ဘဲ စားဖြစ်သွားပါတယ်။1011       ဒါပေမယ့် ကျွန်မစားတာပြီးသွားပြီလို့ မထင်လိုက်နဲ့အုံးနော်၊ ဟိုးဟိုးဟိုး။ သင်က အချိုပွဲတွေစားရတာ သိပ်မနှစ်သက်ရင်တော့ Churro Dog ကိုမှာစားနိုင်ပါတယ်။ ကြက်သားချောင်း၊ အသားပြား ကြက်ဥ နဲ့ ချိစ် ဆိုပြီး ၂ မျိုးရွေးချယ်စရာ ရှိပါတယ်။       ကဲ၊ ဒီဆိုင်က အရမ်းမိုက်တယ်လို့ ကျွန်မပြောခဲ့သားပဲ။ ဆိုင်က Ikebukuro station, shopping street Sunshine city (exit 35) ကနေ ၅ မိနစ်စာလောက်လာလိုက်ရင် ရောက်ပါပြီ။ Uniqlo ဆိုင်ရဲ့ အရှေ့မှာပါ။ နေ့စဉ် ၁၂ နာရီမှ ၈ နာရီအထိ ဖွင့်လှစ်လျက်ရှိပါတယ်။       ကျွန်မလိုပဲ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။