Select Language
Toggle navigation
Home
History
Food
Travel
Shopping
Hobby
Japan I Know
Search
close
Japan List
>
HOKKAIDO
>
ချိတိုဆဲဆိုတဲ့ လေဆိပ်အသစ်ကြီးမှာ ပိုက်ဆံလေး သုံးကြမယ်
ချိတိုဆဲဆိုတဲ့ လေဆိပ်အသစ်ကြီးမှာ ပိုက်ဆံလေး သုံးကြမယ်
Tweet
4,949
ဟိုကိုင်းဒိုးကိုသွားပြီး ဒေသထွက်ကုန်တွေ အကုန်လုံးကို ဝယ်ဖို့  အချိန်မရှိဘူးဆိုတာ သင်ဂျပန်ရဲ့  ချိတိုဆဲဆိုတဲ့ လေဆိပ် အသစ်ကြီးကို ရောက်ရင် ကြားရတော့မှာ မဟုတ်ပါ ဘူး။ အဲ့ဒီနေရာမှာတော့ ဟိုကိုင်းဒိုးရဲ့  နာမည်ကျော် စားစရာတွေ၊ သရေစာတွေနဲ့  အမှတ်တရ လက်ဆောင် ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုစည်းထားတဲ့ ကြီးမားတဲ့ လေဆိပ်ကြီး တစ်ခုပဲ ဖြစ်ပါတယ်။ချိတိုဆဲ လေဆိပ်အသစ်ကြီးမှာတော့ ကမ္ဘာလှ ည့် ခရီးသည်တွေအတွက် ဈေးဝယ်စင်တာကြီးတွေနဲ့  ဝန်ဆောင်မှုတွေပေးနေပါတယ်။ ဟိုကိုင်းဒိုးက အဲ့ဒီကို လာလည်တဲ့ ခရီးသည်တွေကို အလွန်ပဲ ဂရုစိုက်ပြီး ဖေါ်ရွေလှတဲ့ လေဆိပ်ကြီးအဖြစ် ဖွဲ့ စည်း ထားပါတယ်။ လေယာဉ်အကူးအပြောင်း ဒါမှမဟုတ် ခေတ္တနားရတဲ့အခါ ဘယ်အချိန်ပဲ ဖြစ်ဖြစ် သင့်အတွက် လည်ပတ်ဖို့  ဆိုင်တွေ အများအပြားရှိပါတယ်။
အိမ်သုံး ပစ္စည်းတွေ ရောင်းတဲ့ဘက်မှာလည်း ဟိုကိုင်းဒိုးရဲ့  လတ်ဆတ်တဲ့ဒေသ ထွက်ကုန်တွေ ၊ အသီးအနှံတွေနဲ့  အခြောက်အခြမ်းတွေအပြင် အခြားဆိုင်များလည်း ရှိပါတယ်။ အဲ့ဒီကို ပထမဆုံးအကြိမ်ရောက်တဲ့ သူအဖို့ ကတော့ ကိုယ့်လိုပဲ " အိုး ... များလိုက်တဲ့ဆိုင်တွေပါလား" လို့  ဖြစ်သွားမှာ သေချာပါတယ်။
သင့်အနေနဲ့  မမေ့သင့်တဲ့အရာကတော့ Royce's Chocolate Wkrld ပါပဲ။ အဲ့ဒါကတော့ ၁၀နှစ်ကျော်ကြာ လူသိများခဲ့တဲ့ Chocolate ပါ။ ဒီကို ရောက်လာတဲ့သူတိုင်းက အမှတ်တရလက်ဆောင်အနေနဲ့  တစ် ခုတေဂ့ ဝယ်ကြတာချည်းပဲနော်။ဒီလေဆိပ်ကြီးကတော့ အစစအရာရာပေးစွမ်းနိုင်တဲ့ စက်ရုံကြီး တစ်ခုလိုပါပဲ။ နောက် ထပ်ထင်ရှားတာ တစ်ခုကတော့ Doraemon Waku Waku Sky Park လို့ ခေါ်တဲ့ ကလေးတွေကို ဖိတ်ခေါ်နေတဲ့ Doraemon ကမ္ဘာကြီးပေါ့။ သင့်ရဲ့  ကလေး တွေ အဲ့ဒီမှာ တကယ့်ကို ပျော်ကြမှာပါ။ နောက်ပြီး အနီးအနားမှာ ကော်ဖီဆိုင်လေးကလည်း ရှိလိုက်သေးတယ်။
လမ်းတွေ အများကြီး လျှောက်ပြီး ဆာလောက်ရောပေါ့။ ဒါပေမဲ့ စိတ်မပူပါနဲ့ ။ ဒီလေဆိပ်ကြီးမှာ ဟိုကိုင်းဒိုးရဲ့  နာမည်ကြီး စားသောက်ဆိုင်တွေ ရှိတယ်လေ။ ဒီလေဆိပ်ကြီးကတော့ ကျွန်းကြီးတစ်ခုလိုပါပဲ။ သင်ဘာကိုမှ ရှာနေစရာ မလိုပါဘူး။ ဘာဖြစ်လို့ လဲဆို ဒီမှာအားလုံးရှိနေလို့ ပေါ့။ အပြင်ကဈေးထက်များနေမှာ စိုးလို့ လား ။ မပူပါနဲ့ ။ ဂျပန်မှာက အပြင်မှာ ရောင်းတဲ့ဈေးနဲ့  လေဆိပ်ထဲကဈေးက အတူတူပဲလေ။ တကယ့် အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့  အရသာကလည်း မပြောင်းလဲပါဘူး။ အထူးသဖြင့် ဟိုကိုင်းဒိုးရဲ့  နာမည်ကျော် Ramen ( ခေါက်ဆွဲ ) ကိုတော့ မြည်းစမ်းကြည့်သင့်တယ်နော်။
တစ်ချို့ တွေလည်း လမ်းတွေ အတော်လျှောက်ပြီး ခြေထောက်တွေနာနေတော့မှာပဲ ။ ဒီလေဆိပ်၃လွှာရဲ့  ရုပ်ရှင်ရုံဘေးမှာ ရေပူစမ်းလေးလည်း ရှိပါသေးတယ်နော်။အပြန်လက်ဆောင်အနေနဲ့  Potato Farm, La Tao, Royce's Chocolate တွေကို ဝယ်ဖို့  မမေ့ပါနဲ့ လို့  တိုက်တွန်းပါရစေ။ ဒီလေဆိပ်မှာ ကောင်းတာက သင့်စိတ်ကြိုက်ဝယ်လို့ ရတာပါပဲ။ အရေအတွက်အကန့်  အသတ် ရှိပေမဲ့လို့  ကိုယ်တို့  အတွက်ကတော့ ရွေးချယ်စရာဆိုင်လည်းများပြီး တိုကျိုလေဆိပ်လိုမျိုး ရုန်းရင်းဆန် ခတ် ဖြစ်နေစရာလည်း မလိုတော့ပါဘူး။
Tweet
Recommended Articles
View 5519
ဂျပန်နိုင်ငံက ရုပ်ရှင်ရိုက်ကူးသည့် နာမည်အကြီးဆုံးနေရာ (၅)ခု
View 4087
တိုကျိုမှာ အကောင်းဆုံး ကာရာအိုကေဆိုင် (၅)ဆိုင်
View 6605
ဗိုလ်ချုပ်အောင်ဆန်း တို့ ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့တဲ့ အိုးခုစ တောင်ပေါ်(ōkusa yama) အလည်သွားကြမလား....
View 4999
Tokyo Bay Aqua Line
View 6498
Shinjuku Gyoen( 新宿御苑 )ဂျိုးအန်းအမျိုးသားဥယျာဉ်
Search
Area
TOKYO
KYOTO
OSAKA
HIROSHIMA
NARA
OKINAWA
KANAGAWA
CHIBA
WAKAYAMA