Designated မှသည် Work Visa ပြောင်းချင်သူများအတွက် (၂)

1,563

(၃) ဒုက္ခသည်ဗီဇာကနေ Work Visa ပြောင်းလဲပုံအကြောင်းမရေးခင် ဗဟုသုတအနေနဲ့ Designated Activities ဗီဇာကနေ Long-Term Resident ဗီဇာရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိထားသင့်တယ်လို့ ယူဆလို့ ရှင်းပြချင်ပါတယ်။ Designated Activities ဗီဇာ ၁ နှစ်ရထားသူပဲ Long-Term Resident ဗီဇာရအောင် ပြောင်းလျှောက်လို့ရမှာဖြစ်ပါတယ်။(က)Designated Activities ဗီဇာ သက်တမ်းကို ၁ နှစ် ၁ နှစ်နဲ့ ပုံမှန် ၅ ကြိမ်တိုးပြီးသူဖြစ်ပါက တေးဂျူး(Long-Term Resident)ဗီဇာ လျှောက်လို့ရပြီဖြစ်ပါတယ်။(ခ) Designated Activities ဗီဇာ သက်တမ်း ၁ နှစ် ရထားသော်လည်း သင်ဟာ ဂျပန်နိုင်ငံသို့ တရားဝင်ရောက်ရှိနေတာ ၁၀ နှစ်ကျော်သူ(ဆိုလိုတာက သဘောင်္ခိုးစီးမဟုတ်သူပါက)ဖြစ်နေပါက နောက်တစ်ကြိမ်သက်တမ်းတိုးတဲ့အခါမှာ တေးဂျူး ဗီဇာ လျှောက်လို့ရပြီဖြစ်ပါတယ်။ တေးဂျူးဗီဇာ ရသူတစ်ဦးဖြစ်ပါက အေးဂျူးလျှောက်ရတာ အလွန့်အလွန်ကို လွယ်ကူသွားပါပြီ။ (တေးဂျူးကနေ အေးဂျူး(P R)လျှောက်ပုံလျှောက်နည်းကို မကြာခင်ရေးပေးပါမယ်..)(ဂ) Designated Activities ဗီဇာ ၆ လ သက်တမ်းပဲ ကိုင်ဆောင်ခွင့်ရရှိထားသူများအနေနဲ့ တေးဂျူးလည်းလျှောက်ခွင့်မရှိသလို အေးဂျူးလည်း လျှောက်လို့မရပါဘူး..။ ပို၍ဝေးသွားတာကတော့ ကာလီဖိုးမင့်နဲ့ ကာလီထိုင်းဆိုင် သမားတွေပါ..။[caption id="attachment_1998" align="alignnone" width="630"]credit:http://www.tokyoweekender.com/ credit:http://www.tokyoweekender.com/[/caption][caption id="attachment_1997" align="alignnone" width="320"]credit:http://asia.nikkei.com/ credit:http://asia.nikkei.com/[/caption](၄) Designated မှ သည် Work Visa ပြောင်းလျှောက်မယ်ဆိုရင်ဖြင့်(က)ဗီဇာသက်တမ်း ၁ နှစ်ရှိသူဆိုရင်တော့ ပြောင်းရတာ အဆင်ပြေပါတယ်။ မိမိကို Work Visa အဖြစ် တရားဝင် အလုပ်ခန့်မယ့် အလုပ်ရှင်(သို့)ကုမ္ပဏီရဲ့ အလုပ်ခန့်ကြောင်း စာရွက်စာတမ်းနဲ့ ထောက်ခံစာပြည်စုံတယ်ဆိုရင် လ ၀ က မှာ သွားပြောင်းလို့ရပါပြီ။(ခ)Designated ဗီဇာသက်တမ်း ၆ လရှိသူများအနေဖြင့် Work Visa ပြောင်းလျှောက်တော့မယ်ဆိုရင် ပထမဦးဆုံး သင်လျှောက်ထားတဲ့ ဒုက္ခသည်လျှောက်လွှာကို ရုပ်သိမ်းကြောင်း(ဂျပန်လို `တိုရိဆာဂဲ`)ကြောင်း လ ၀ က ထံ အသိပေးအကြောင်းကြားရမှာဖြစ်ပါတယ်။ဒုတိယအဆင့်အနေဖြင့် သင့်ကို Work Visa အဖြစ် တရားဝင် အလုပ်ခန့်မယ့် အလုပ်ရှင်(သို့)ကုမ္ပဏီရဲ့ အလုပ်ခန့်ကြောင်း စာရွက်စာတမ်းနဲ့ ထောက်ခံစာများကို လ ၀ က ထံ တင်ပြရမှာဖြစ်ပါတယ်။ သိထားသင့်တဲ့အချက်က သင်ဟာ မဖြစ်မနေ မိခင်နိုင်ငံကို ပြန်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ရဲ့ ဒုက္ခသည်လျှောက်ထားမှုကို ရုပ်သိမ်းလိုက်ပြီဆိုတာနဲ့ ၆ လသက်တမ်းရထားတဲ့ Designated ဗီဇာ မရှိတော့တဲ့အတွက် သင်ဟာ ဘာဗီဇာသက်တမ်းမှ မရှိသူဖြစ်သွားပါပြီ။ အိုဗာစတေး တစ်ယောက်ပါ။[caption id="attachment_1996" align="alignnone" width="930"]credit;http://cdn.tokyotimes.com/ credit;http://cdn.tokyotimes.com/[/caption]ဒါကြောင့် မိခင်နိုင်ငံသို့ မဖြစ်မနေပြန်ရတော့မှာ ဖြစ်ပါတယ်။ဒီနေရာမှာလည်း သတိပြုရမယ့်အချက်က သင်ဟာ ဂျပန်နိုင်ငံအတွင်း နေထိုင်စဉ်ကာလမှာ ပြစ်မှုတစ်စုံတစ်ရာမရှိသူဖြစ်ပါက နောက်တစ်ကြိမ်ပြန်ဝင်တဲ့အခါ လျောလျောရူရူ ဖြစ်မှာပါ..။ အရေးကြီးတာက ခံစားချက်နဲ့မလုပ်ပါနဲ့။ မူနဲ့ဘောင်နဲ့ တိတိကျကျ လုပ်စေချင်ပါတယ်။ ဆိုလိုတာက - သင့်ကို Work Visa ထုတ်ပေးမယ်ဆိုတာ တကယ်သေချာလား။ - အစပထပိုင်းမှာ ဖော်ပြထားသလို ဘယ်လို Work Visa အမျိုးအစားမျိုးလဲ..။- Work Visa အဖြစ် တကယ်ခေါ်ယူရလောက်အောင် သင့်ကို ယုံကြည်မှုရှိပါသလား..။- လုပ်ထုံးလုပ်နည်းအတိုင်း သင့်ကို Work Visa ရအောင် စာရွက်စာတမ်းတွေ စည်း တံဆိပ်တွေ၊ ဟန်းကောတွေ ထုပေးပြီး တကယ်လုပ်ပေးမှာလား..- လခ ဘယ်လောက်လဲ..- ယခုလုပ်နေတဲ့အလုပ်မှာပဲ လုပ်ရမှာလား..- အကယ်၍ ဂျပန်နိုင်ငံသို့ပြန်ဝင်ဖို့ အခက်အခဲဖြစ်နေလို့ အာမခံဖို့လိုတယ်ဆိုရင် တကယ်အာမခံပေးမှာလား.. စတာတွေကို တိတိကျကျ မေးရမှာဖြစ်ပါတယ်..။ဂျပန်နဲ့ အလုပ်လုပ်မယ်ဆိုရင် အားနာတယ်ဆိုတာ မရှိပါဘူး.။ ယုံကြည်မှုနဲ့ပဲ အလုပ်လုပ်ကြတာဖြစ်ပါတယ်..။ ဒါကြောင့် ၆ လသက်တမ်းသာ ကိုင်ဆောင်ခွင့်ရှိသူ ညီငယ် ညီမငယ်များအနေဖြင့် Work Visa ပြောင်းလျှောက်ချင်တယ်ဆိုရင်ဖြင့် ယခုရေးပြ ရှင်းပြတဲ့အတိုင်း မူနဲ့ဘောင်အတွင်းကနေ လုပ်သင့်ပါကြောင်း..အကယ်၍ ရုံးလုပ်ထုံးလုပ်နည်းကိစ္စများနှင့် တင်ရမယ့် စာရွက်စာတမ်းကိစ္စများအတွက် ဈေးသက်သက်သာသာနဲ့ စိတ်ချရသော ရှေ့နေတစ်ဦးနဲ့ ဆက်သွယ်လိုပါကArata KumazawaImmigration lawyerPh: 080 3213 8467ထံဖုန်းဆက်သွယ်နိုင်ပါတယ်..။မောင်ရှင်မျက်နှာပျက်အောင်မလုပ်ဘူး။ မောင်ရှင့်နာမည်ပျက်အောင်၊ အထင်သေးအောင် မလုပ်ဘူးဆိုရင် မောင်ရှင်ကိုယ်တိုင်မိတ်ဆက်ပေးပါမယ်။အဆင်ပြေကြပါစေ..မေတ္တာများစွာဖြင့်-Maung Shinhttps://www.facebook.com/maungshin1