Designated မှသည် Work Visa ပြောင်းချင်သူများအတွက် (၁)

1,362

ခုရက်ပိုင်းအတွင်း နေ့နေ့ ညည ဆိုသလို မောင်ရှင်ဖြေပေးနေရတဲ့မေးခွန်းကတော့..Designated ဗီဇာကနေ Work Visa ပြောင်းချင်လို့ ဘယ်လိုလုပ်ရမလဲ..ဘာတွေလိုအပ်သလဲ..ဘယ်လိုအခြေအနေမျိုးဆို ပြောင်းလို့ရသလဲ ဆိုတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။

(၁)ပထမဦးဆုံးအနေနဲ့ Work Visa အမျိုးအစားများကို နောက်တစ်ကြိမ် ထပ်မံရှင်းပြချင်ပါတယ်..

• Working Visa

- Professor(၁ နှစ်မှ ၃ နှစ်အထိ)- Artist(၁ နှစ်မှ ၃ နှစ်အထိ)- Religious Activities(၁ နှစ်မှ ၃ နှစ်အထိ)- Journalist(၁ နှစ်မှ ၃ နှစ်အထိ)- Investor/Business Manager(၁ နှစ်မှ ၃ နှစ်အထိ)- Legal/Accounting Services(၁ နှစ်မှ ၃ နှစ်အထိ)- Medical Services(၁ နှစ်မှ ၃ နှစ်အထိ)- Researcher(၁ နှစ်မှ ၃ နှစ်အထိ)- Instructor(၁ နှစ်မှ ၃ နှစ်အထိ)- Engineer(၁ နှစ်မှ ၃ နှစ်အထိ)- Specialist in Humanities/International Services(၁ နှစ်မှ ၃ နှစ်အထိ)- Intra-company Transferee(၁ နှစ်မှ ၃ နှစ်အထိ)- Entertainer(၁ နှစ် (သို့) ၆ လ (သို့) ၃ လအတွင်း)- Skill Labor(၁ နှစ်မှ ၃ နှစ်အထိ) စသည်တို့ဖြစ်ပါတယ်။[caption id="attachment_2002" align="alignnone" width="444"]credit:http://www.realestate-tokyo.com/ credit:http://www.realestate-tokyo.com/[/caption][caption id="attachment_2001" align="alignnone" width="617"]credit:http://d1udmfvw0p7cd2.cloudfront.net/ credit:http://d1udmfvw0p7cd2.cloudfront.net/[/caption](ဂျပန်အစိုးရမှ -နိုင်ငံခြားသားများအတွက် သတ်မှတ်ထုတ်ပေးထားတဲ့ ဗီဇာအမျိုးအစားများ(Type of Visa)အပြည့်အစုံကို သိချင်သူများအနေနဲ့ မောင်ရှင်ရေးသားခဲ့သော `ဂျပန်ကိုလာမယ်ဆိုရင်ဖြင့် သင်ဒါတွေသိထားဖို့လိုပါတယ် အပိုင်း(၂)ရဲ့ အောက်ပါလင့်ကို ကလှစ်နှိပ်ပြီး လေ့လာနိုင်ပါတယ်..https://www.facebook.com/maungshin1/posts/1016337801759854- https://cp.japantourlist.com/my/behavior-jp-1/

နောက်တစ်မျိုးကတော့ ဒုက္ခသည်ဗီဇာအမျိုးအစားများကို ရှင်းပြချင်ပါတယ်..။

ဂျပန်အစိုးရထံမှာ သင်ဟာ ဒုက္ခသည်လျှောက်သည်ဆိုပါစို့..။ သင့်ကို အသိအမှတ်ပြုတယ်ဆိုရင်(က)ဒုက္ခသည်ဗီဇာ(Regugee Status)ရပြီဖြစ်ပါတယ်။ မြန်မာအများစု ခေါ်ဝေါ်နေကြတဲ့ ဗန်း စကား ကတော့ `R အကြီး` ကျတယ်ပေါ့..။ ဒီဗီဇာရသူ ကျသူဆိုရင် အလိုအလျောက် တေးဂျူး (Long-Term Resident-ရေရှည်အခြေချနေထိုင်ခွင့်)ဗီဇာ ကိုင်ဆောင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ အရင်က ဗီဇာသက်တမ်းကို ၁ နှစ်ပဲ ပေးရာမှ ယခုအခါမှာတော့ ၃ နှစ်(သို့) ၅ နှစ် သက်တမ်းအထိ တမ်းပေးပါတယ်။ (ခုတော့ ရွှေလိုရှားသွားပါပြီ..)(ခ)သင့်ကို ဒုက္ခသည်အဖြစ် အသိအမှတ်တော့မပြုဘူး..။ သို့ပေမယ့် လူသားချင်းစာနာသောအားဖြင့် အထူးနေထိုင်ခွင့်ဗီဇာ(Special Status -ဂျပန်ရောက်မြန်မာများအခေါ် S S ဗီဇာ) ထုတ်ပေးမှာဖြစ်ပါတယ်။ အဆိုပါဗီဇာသက်တမ်းဟာ ၁ နှစ်ကနေ ၃ နှစ်အထိဖြစ်ပါတယ်။ (ဒီဗီဇာဟာလည်း အတော့်ကိုမပေးစလောက်ဖြစ်နေပါပြီ..)(ဂ) နောက်တစ်ဆင့်ကတော့ သင့်ကို ဒုက္ခသည်အဖြစ်လည်း အသိအမှတ်မပြုနိုင်ဘူး။ လူသားချင်းစာနာစရာ အကြောင်းအချက်လည်းမရှိဘူး..။ ဒါပေမယ့်-သင့်တိုင်းပြည်အခြေအနေအရ လတ်တလော လက်ခံထားမယ်။ အကယ်၍ သင့်တိုင်းပြည် အခြေအနေကောင်းရင် ပြန်ရဖွယ်ရှိတယ်ဆိုပြီး Designated Activities ဗီဇာ ထုတ်ပေးပါတယ်။ ဒီ Designated Activities ဗီဇာ(တော့ခုတေးဗီဇာ)သက်တမ်းဟာ ` ၁ နှစ်(သို့) ၎င်းထက်လျော့နည်းသော`ဟု ပြဋ္ဌာန်းထားပါတယ်။(ဃ) နောက်ဆုံးအဆင့်ကတော့ ယာယီအာမခံ နေထိုင်ခွင့်လို့ ခေါ်တဲ့ `ကာလီဖိုးမင့်` နဲ့ `ကာလီထိုင်းဆိုင် ` ဗီဇာတို့ပဲ ဖြစ်ပါတယ်။ ဗီဇာသက်တမ်းဟာ ၃ လတစ်ကြိမ်(သို့) ၁ လတစ်ကြိမ် လ ၀ က ရုံးမှာ သက်တမ်းသွားတိုးရပါတယ်။ လုံးဝ လုံးဝ ကို အလုပ်လုပ်ခွင့်မရှိပါဘူး..။ အလုပ်လုပ်ခွင့်ပါမစ်တောင်းလည်း ထုတ်ပေးမှာမဟုတ်ပါဘူး..။[caption id="attachment_2003" align="alignnone" width="451"]credit:http://www.free-magazine1.com/visto.jpg credit:http://www.free-magazine1.com/visto.jpg[/caption]- Maung Shinအပိုင်း (၂) သို့ ဆက်ဖတ်ရန်... https://cp.japantourlist.com/my/change-designated-workvisa2/