မျှစ် နဲ့ ဝါး

1,339

မနေ့ က မျှစ်တွေ ဓားနဲ့ လှီးနေတုန်း အမှက်မထင် ပုံးခွံ ကြည့်မိတော့ made in china ..ဟာ..မင့်တို့ဂျပန် ဒီလောက် ဝါးတောတွေ ပေါတာ ကိုယ့် နိုင်ငံက မျှစ် မစားရဘူလား...လို့ လျှာရှည်မိတော့ ဖိုခေါင်း(စားဖိုမှူး) က စကားတစ်ခွန်း ပြောခဲ့တယ်`အဲဒီမျှစ်ကို ဝါးပင် ဖြစ်အောင် မွေးပြီးရင် ဝါးတစ်ပင်က မျှစ်တွေ အများကြီး ပြန်ဝယ်စားလို့ ရတယ်´တဲ့...ပြန်တွေးမိတော့ ဟုတ်သားပဲ....
တလောက NHK က လွှင့်သွားတာ ဝါးနဲ့လုပ်တဲ့ မျက်မှန်ကိုင်း လေး...တန်ဖိုးက ယန်း သောင်း ၃၀၀၀ မြန်မာငွေ သိန်း ၃၀၀၀ ကျော်ပညာရဲ့ တန်ဖိုး...တဲ့ကြက်သား ဘရာဇီး ကလာတယ်မီးသွေးက လာအိုအဝတ်အထည် ဗီယက်နမ်အီလက်ထရောနစ် တရုတ်သူ့နိုင်ငံ မှာ အမှိုက်ရှုပ်မခံစက်ရုံ မီးခိုး အူ မခံတော့..ပဲနည်းပညာနဲ့ တစ်ကမ္ဘာလုံးက ကောင်းပေ့၊ ညွန့်ပေ့ ဆိုတဲ့စားစရာ၊ အသုံးအဆောင်နဲ့ လဲ စားတယ်။ကျွန်တော်တို့ ကြိုးစားရပါလိမ့်ဦးမယ်ကုန်ချောထုတ်နိုင်ဖို့ ပညာတွေ လိုအပ်သလိုမျှစ်က နေ ဝါးဖြစ်အောင် တစ်ယောက်ချင်းစီရဲ့စည်းကမ်းတွေလည်း ကောင်းဖို့လိုပါ မယ်အစိုးရ ကောင်းဖို့ လူတိုင်းမှာ တာဝန်ရှိသလိုလူတိုင်းမှာလည်း စည်းကမ်းရှိစွာ အလုပ်ကြိုးစား လုပ်ရပါတော့မယ်...ဒါမှလည်း ဆိုက်ကားနင်းပြီး အီသီရိုပီးယားကို မှီပါလိမ့်မယ်။ကွမ်းတံတွေး ထွေးချင်ရာထွေး...အမှိုက် ပြစ်ချင်ရာ ပြစ်ပြီး ဒီမိုကရေစီ အော်နေရင်လူရယ်စရာ ဖြစ်နေမှာ ပါပဲ....။မင်းယျာ12742339_1707439522871240_1516174660788611546_n 12742488_1707439532871239_604706694662073971_n