Select Language
Toggle navigation
Home
History
Food
Travel
Shopping
Hobby
Japan I Know
Search
close
Japan List
>
SHIZUOKA
>
ဗိုလ်ချုပ်အောင်ဆန်း တို့ ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့တဲ့ အိုးခုစ တောင်ပေါ်(ōkusa yama) အလည်သွားကြမလား....
ဗိုလ်ချုပ်အောင်ဆန်း တို့ ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့တဲ့ အိုးခုစ တောင်ပေါ်(ōkusa yama) အလည်သွားကြမလား....
Tweet
6,605
ဒီတပါတ်တော့ ရေးလက်စ 'ဂျပန်ပြည်မှ သင်ယူစရာ ' ကို ခဏထား...ခရီးသွား အစီစဉ်လေးတစ်ခု ပြောချင်ပါတယ်...
ဗိုလ်ချုပ်အောင်ဆန်း တို့ စစ်ပညာသင်ခဲ့တဲ့ နေရာမှာ အထိမ်းအမှတ် ကျောက်စာ တစ်ခု နဲ့ အပန်းဖြေစခန်းကြီး ရှိတဲ့ နေရာပါ...ရှိဇုအိုကာ ခရိုင်(Shizuoka)၊ ဟမမစု မြို့(Hamamatsu) မှာ ဟမနခို ပရုပရု (Hamanako paruparu yūenchi)အပန်းဖြေ စခန်း ရှိပါတယ်...အဲဒီကတဆင့် ကေဘယ်ရထား (Kanzanji ropway)နဲ့တောင်ပေါ်ကို တက်ရပါမယ်...အဲဒီ တောင်ပေါ်မှာ သမိုင်းဝင် ဂျပန်-မြန်မာ ချစ်ကြည်ရေး ကျောက်စာ က ရှိနေပါတယ်...ဗျာ...
အပန်းဖြေ စခန်း ကြီးကလည်း စုံလင်လှပါတယ်....ကလေးကစားကွင်း၊ ကမ်းခြေ၊ ရေပူစမ်း၊ ဟိုတယ် တွေနဲ့ စုံစုံလင်လင်ထားပေးထားပါတယ်...သွားဖို့ လမ်းညွှန်ကတော့ တိုကျိုကနေဆို ဟမမစု မြို့ထိ ကျည်ဆံရထား တစ်နာရီခွဲ ကြာချိန်ရှိပြီး အသွား တစ်ခြမ်းစာ ယန်း ၈၆၅၀ ကျသင့်ပါမယ်။
အဲဒီက နေတဆင့် ဟမမစု ဘူတာမှာရှိတဲ့ ကားဂိတ်ကနေတဆင့် ကားတဆင့်စီးရပါမယ်။ ဂိတ်နံပါတ် ၃၀ ကနေစီးပြီး ဟမနခို ပရုပရု(Hamanakoparuparu) ကို သွားချင်ပါတယ် ပြောရင်ရပါပြီ..အဝေးပြေးကားနဲ့ သွားချင်ရင်တော့ ရှင်းဂျုကုနဲ့ တိုကျိုဘူတာ အဝေးပြေးဂိတ်တွေကနေ ဟမမစု မြို့ထိ မနက် ၇:၂၅ ၊ ၁၁:၁၅၊ ၁:၂၅ ဆိုပြီး တနေ့သုံးကြိမ် ထွက်ပေးပါတယ်...ကြာချိန်က ၄:၅၀ ဖြစ်ပါတယ်...ကားခက ၃၈၈၀ ကနေ ၄၂၅၀ ယန်း ကျသင့်ပါမယ်...အဲဒီ ဟမမစု မြို့ကနေ တဆင့် ကားတစ်ဆင့် စီးရဦးမှာ ဖြစ်ပါတယ်...ကဲ....မိတ်ဆွေများလည်း ဂျပန်တို့ရဲ့ ရွှေရောင် သီတင်းပါတ် ပိတ်ရက်လေးမှာ သမိုင်းဝင် နေရာလေးကို လေ့လာရင်း သွားကြဖို့ တိုက်တွန်း ပါတယ် ...သွားဖြစ်ရင်လည်း သူငယ်ချင်းတွေကို လက်တို့ လိုက်ပါဦး...ဗျာ...မင်းယျာ
Tweet
Recommended Articles
View 5519
ဂျပန်နိုင်ငံက ရုပ်ရှင်ရိုက်ကူးသည့် နာမည်အကြီးဆုံးနေရာ (၅)ခု
View 4087
တိုကျိုမှာ အကောင်းဆုံး ကာရာအိုကေဆိုင် (၅)ဆိုင်
View 6606
ဗိုလ်ချုပ်အောင်ဆန်း တို့ ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့တဲ့ အိုးခုစ တောင်ပေါ်(ōkusa yama) အလည်သွားကြမလား....
View 4999
Tokyo Bay Aqua Line
View 6498
Shinjuku Gyoen( 新宿御苑 )ဂျိုးအန်းအမျိုးသားဥယျာဉ်
Search
Area
TOKYO
KYOTO
OSAKA
HIROSHIMA
NARA
OKINAWA
KANAGAWA
CHIBA
WAKAYAMA