ဂျပန်ရောက်ရင် ရှောင်သင့်တဲ့ အရာ (၈)ခု

729

ကျွန်မတို့အားလုံးသိကြတဲ့အတိုင်း ဂျပန်နိုင်ငံဟာ စည်းကမ်းအရှိဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံအဖြစ် ကျော်ကြားပါတယ်။ ဂျပန်လူမျိုးတွေက ကိုယ့်ကြောင့်သူတပါးမထိခိုက်စေခြင်း နှင့် လူအဖွဲ့အစည်းရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာခြင်းဟာဘဝမှာအရေးကြီးဆုံးအဖြစ်ခံယူထားကြတယ်။   ဂျပန်တွေရဲ့ လူတန်းနဲ့ တန်းစီတဲ့အချိန် ကြားမဖြတ်တာ ဘောလုံးပွဲကြည့်ပြီးရင် အမှိုက်တွေ ပြန်ကောက်ခဲ့ပေးတာနဲ့ တခြားသော စည်းကမ်းလိုက်နာပုံတွေကို ကျွန်မတို့တွေ မြင်တွေ့သတိထားဖူးကြနိုင်ပါတယ်။ပြီးတော့ကျွန်မတို့တွေ အရေးမကြီးဘူးလို့ထင်တဲ့ သေးသေးလေးတွေကအစ ဂျပန်တွေကဂရုတစိုက်ရှိတာတွေ့ရတယ်။ဒါပေမယ့် လွန်ခဲ့သည့် ၁ - ၂ နှစ်ကာလကတော့ ဂျပန်မှာ ပြောင်းလဲမှုတော်တော်များများ ရှိလာတာတွေ့ရတယ်။ ဂျပန်အစိုးရက သူ့နိုင်ငံကိုလာလည်တဲ့tourists တွေကို short period အတွက် visa ကင်းလွတ်ခွင့်ပေးလိုက်တာကြောင့် ကမာလှည့်ခရီးသည်တော်တော်များများ ဝင်ရောက်လာကြတယ်။ အကျိုးဆက်အနေနဲ့ စီးပွားရေးပိုကောင်းလာပေမယ့် ဂျပန်ပြည်သူတွေကတော့ ဒါကိုသိပ်မနှစ်သက်ကြဘူး။ နိုင်ငံတိုင်းမှာ သူ့စည်းမျဉ်းစည်းကမ်းတွေရှိကြတာကြောင့် “ရောမရောက်ရင် ရောမလိုကျင့်” ဆိုတဲ့စကားပုံအတိုင်း ကျွန်မတို့ဟာ ဂျပန်ရောက်ရင် ဂျပန်ရဲ့ စည်းကမ်းကို လိုက်နာဖို့ အလွန်အရေးကြီးပါတယ်။ အဲဒါကြောင့် ဂျပန်ရောက်ရင် လိုက်နာသင့်တဲ့ အပြုအမူလေး ၈ခုကို ပြောပြချင်ပါတယ်။၁။ လမ်းလျှောက်ရင်းနဲ့ အစာမစားသင့်ပါ။2 3 4  ဒါဟာဂျပန်ရဲ့ အခြေခံအကျဆုံးစည်းကမ်းဖြစ်တယ်။ လမ်းလျှောက်ရင်းနဲ့ အစားစာတာဟာ မယဉ်ကျေးတဲ့ အပြုအမူလို့ ဂျပန်မှာယူဆကြတယ်။ အဲဒါကြောင့် သင့်အနေနဲ့ စားစရာတစ်ခုခုဝယ်ပြီးစားမယ်ဆိုရင် အဲ့ဒီဆိုင်ရဲ့အရှေ့မှာ ဒါမှမဟုတ် စားစရာနေရာတစ်ခုခုရှာပြီး စားပြီးမှ ကိုယ်သွားချင်တဲ့နေရာကို ဆက်သွားသင့်တယ်။    ၂။ လူသွားစင်္ကြံပေါ်တွင် မထိုင်သင့်ပါ။5 6ပထမစည်းကမ်းမှာတုန်းက လမ်းလျှောက်ရင်းနဲ့ အစာမစားရဘူးဆိုလို့ ထိုင်ပြီးစားတာလို့ သင်စောဒက တက်ပြီးမေးချင်လိမ့်မယ်။ ဒါမှမဟုတ် တချို့လူတွေက shopping ထွက်ပြီး မောလို့ လူသွားလမ်းပေါ်ခဏတဖြုတ်ထိုင်ကြတယ်။ ဒါဟာလမ်းကြောင်းပိတ်ဆို့စေတာကြောင့် ဂျပန်တွေက မကြိုက်ကြဘူး။၃။ လမ်းလျှောက်ရင်းနဲ့ဆေးလိပ်မသောက်သင့်ပါ။7 8 9သင်ဟာလမ်းသွားရင်းနဲ့ ဆေးလိပ်သောက်ချင်လာရင်လမ်းပေါ်က ဆေးလိပ်မသောက်ရ ပုံလေးကို သတိပြုပြီး သင့်အနေနဲ့ ကြည့်သင့်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီပုံလေးမှာပါတဲ့ green corner လေးဟာ ဆေးလိပ်သောက်လို့ရတဲ့နေရာကို ညွှန်ပြထားတာဖြစ်တယ်။ တချို့လမ်းတွေမှာတော့ ဒီ rule ကိုမထားကြဘူး။ ဒါကြောင့်အဲဒီsignလေးတွေကိုသတိထားပြီးကြည့်သင့်တယ်။ တချို့ လူများတဲ့နေရာတွေမှာဆို smoking area လေးတွေထားပေးထားတယ်။ လေဆိပ်နဲ့ shopping mall တွေမှာတော့ ဆေးလိပ်သောက်ဖို့နေရာလုပ်ပေးထားလေ့ရှိတဲ့အတွက်သူတို့သတ်မှတ်ပေးတဲ့နေရာမှာပဲသောက်သင့်ပါတယ်။ ၄။ လမ်းဖြတ်ကူးတဲ့အခါ မျဉ်းကြားမှကူးပါ။10 11 12 13ဂျပန်ရဲ့ ဘယ်လောက်ကျဉ်းတဲ့ လမ်းမှာပဲဖြစ်ဖြစ် မျဉ်းကြားလေးတွေ ထားတာတွေ့ရတယ်။ ဒါပေမယ့်  car accident ဖြစ်နိုင်တဲ့အတွက် green light ဖြစ်မှ လမ်းကူးသင့်တယ်။ ၅။ စက်ဘီးစီးဖို့အတွက်ပေးထားတဲ့လမ်းကြောင်းမှာလမ်းမလျှောက်သင့်ပါ။14 15 16ဂျပန်တွေဟာ စက်ဘီးအစီးများကြတဲ့အတွက် လူသွားစင်္ကြံနဲ့ လူကူးမျဉ်းကြားမှာပါ စက်ဘီးစီးသူတွေအတွက် နေရာပေးထားကြတယ်။ဒါကြောင့် သင့်အနေနဲ့ လမ်းလျှောက်တဲ့အခါ စက်ဘီးလမ်းကြောင်းပေါ်လျှောက်မိနေလားဆိုတာ သတိထားသင့်တယ်။ အဲဒီလိုမှမဟုတ်ရင် သင့်အနောက်ကနေစက်ဘီးဘဲလ်တီးသံတွေကြားရနိုင်တယ်။၆။ လမ်းလျှောက်ရင်းနဲ့ဖုန်းမသုံးရ။17ဒီစည်းကမ်းဟာ Accident တွေအဖြစ်များလာတာကြောင့် မကြာသေးခင်ကာလကပဲချမှတ်လိုက်တာပါ။ ယနေ့ခေတ်မှာ လူတွေဟာ ဖုန်းသုံးစွဲမှုကို အလွန်အမင်းစွဲလမ်းလာကြတဲ့အတွက် Accident တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဂျပန်တွင်သာမကပဲ တခြားနိုင်ငံတွေလည်း ဒီ rule ကိုချမှတ်ကျင့်သုံးသင့်ပါတယ်။ 18ကျွန်မတို့လို ဂျပန်ကိုလာတဲ့ tourists တွေအနေနဲ့ကတော့ ကိုယ်သွားချင်တဲ့နေရာ၊ လိုချင်တဲ့သတင်းအချက်အလက်တွေရှာဖို့ smart phoneတွေသုံးဖို့လိုအပ်ပါတယ်။1920အဲဒီအခါမှာ ရပ်လို့ရမည့်နေရာတစ်နေရာ အရင်ဆုံးရှာပြီးမှ ဖုန်းအသုံးပြုသင့်တယ်။ပြီးမှကိုယ်သွားမည့်နေရာကို ဆက်သွားသင့်ပါတယ်။၇။ လမ်းပေါ်မှာဓါတ်ပုံမရိုက်သင့်။21နိုင်ငံခြားသားတော်တော်များများက Shibuya လမ်းဆုံရောက်ရင် လူကူးမျဉ်းကြားမှာဓာတ်ပုံရိုက်လေ့ရှိတာကို ကျွန်မနဲ့ ကျွန်မရဲ့ ဂျပန်သူငယ်ချင်း အဲဒီမှာ လမ်းလျှောက်တုန်းက တွေ့လိုက်ရတယ်။ အဲဒီနေ့ကပေါ့ မီးပွိုင့်ကနေမီးစိမ်းတော့ လမ်းကူးမည့်လူတွေ အကုန်လုံး စပြီးလျှောက်တော့ ကျွန်မတို့သူငယ်ချင်း ၂ယောက်လည်း လမ်းဖြတ်ကူးကြတယ်။ အဲဒီအချိန်မှာ “We’d better stop and take a photo here. It’s very crowded so it must turn out good” ဆိုပြီး ပြောနေတဲ့ အသံကြားလိုက်ရတယ်။ ကျွန်မသူငယ်ချင်းက “ဒီလူတွေတော်တော်ရိုင်းတာပဲ။ ကိုယ်တစ်ခုခုမလုပ်ခင်အရင်စဉ်းစားသင့်တယ်။22 ကိုယ့်ကြောင့် တခြားလမ်းဖြတ်ကူးတဲ့လူတွေကို အနှောင့်အယှက်မပေးသင့်ဘူး”ဆိုပြီးပြောပါလေရော။ သူပြောတာလည်းဟုတ်ပါတယ်။ပြီးတော့ ဒါဟာအနရာယ်လည်းအရမ်းများပါတယ်။ တကယ်လို့ ဓါတ်ပုံရိုက်ချင်တယ်ဆိုရင် မီးပွိုင့်စိမ်းဖို့စောင့်နေစဉ်ရိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။23၈။ အမှိုက်ကိုစနစ်တကျစွန့်ပစ်ပါ။24ဂျပန်တွင် လမ်းမကြီးတွေမှာ အမှိုက်ပုံးအများကြီးမထားတာ သင်သတိထားမိမှာပါ။ အဲဒါကဘာဖြစ်လို့လဲဆိုရင် ပတ်ဝန်းကျင်သန့်သန့်ရှင်းရှင်းလှလှပပဖြစ်စေချင်တာရယ် ရာဇဝတ်မှု ဖြစ်ပွားနှုန်းကျစင်းစေရန်ပဲဖြစ်ပါတယ်။ လမ်းပေါ်မှာ အမှိုက်ပုံးတွေအများကြီးမရှိသော်လည်း ဂျပန်ရဲ့လမ်းတွေ သန့်ရှင်းသပ်ရပ်နေအောင်ထိန်းသိမ်းနိုင်တာတွေ့နိုင်ပါတယ်။ အမှိုက်ကိုနေရာတကာမှာပစ်ချလို့မရပါဘူး။ တကယ်လို့ သင်ရဲ့ခွေးလေးဟာလမ်းသွားရင်းနဲ့ မစင်စွန့်ရင် အိတ်ထဲထည့်လာပြီး သင့်ရဲ့အိမ်ကအမှိုက်ပုံးထဲမှာပစ်ရပါမယ်။နောက်တစ်ခုက အမှိုက်ပစ်တဲ့အခါ အမှိုက်အမျိုးအစားအလိုက်ခွဲခြားထားသောအရောင်မတူသည့်အမှိုက်ပုံးတွေထဲကို သေသေချာချာပစ်ဖို့လိုအပ်ပါတယ်။ 2526ဘာဖြစ်လို့လဲဆိုရင် ဂျပန်မှာအမှိုက်တွေကို burnable, non-burnable, and recyclable စသည်ဖြင့်ခွဲခြားပစ်တဲ့ စနစ်ကျင့်သုံးလိုက်နာကြသလို စည်ပင်အမှိုက်ကားကလည်း အမှိုက် အမျိုးအစားအလိုက်နေ့တိုင်းလာသိမ်းတယ်။ပြောကြည့်ပါဦး အပေါ်မှာပြောထားတဲ့ rule တွေထဲက ဘယ်နှချက်လောက် သင် ignore လုပ်ခဲ့မိပြီလဲဆိုတာ။ (ဟားဟား)ကျွန်မလဲ ဒီ rule တွေကို မသိခင်တုန်းကတော့ လုပ်လေ့ရှိခဲ့တယ်။ ဒါပေမယ့်အခုကျွန်မတို့တွေ ဒီ rule တွေကိုသိသွားပြီဆိုတော့ လေးစားလိုက်နာကြစို့။ ဒါမှ ကျွန်မတို့ဂျပန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့လည်ပတ်နိုင်ပြီး ဂျပန်တွေလည်းပျော်ရွှင်ကြရတာပေါ့။ ကိုယ်ကြောင့်သူတို့လည်းစိတ်အနှောင့်အယှက်မဖြစ်ရတော့ဘူးပေါ့။ Win-Win situation ပေါ့။

Recommended Articles