ဗိုက်ဆာရင် Seven Eleven ကိုသာ လာခဲ့လိုက်ပါ၊ ထမင်းနဲ့ ကာယူဘီ(Karubi) အမဲသားကင်လေး စားကြည့်ကြမလား?

903

          ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့လို တကိုယ်တည်းသမားတွေအဖို့ အချိန်ပိုအလုပ်ဆင်းရတဲ့ အချိန်တွေဆို ထမင်းချက်စားဖို့ အချိန်မရှိပါဘူး။ သူများတွေကတော့ ထမင်းဘူးလေးတွေ ကိုယ်စီနဲ့ပေါ့။ တချို့အိမ်ထောင်သည်တွေဆို ကိုယ့်အတွက်ရော၊ ခင်ပွန်းအတွက်ပါ ထမင်းဘူးပြင်ဆင်ပေးရပါတယ်။ ကျွန်မအနေနဲ့ ပုံမှန်ချက်လေ့ရှိတာက ကြက်ကြော်နဲ့ ထမင်းပါ။ တခါတလေလည်း အလုပ်မအားတာကြောင့်ဖြစ်ဖြစ်၊ ကိုယ့်လက်ရာကိုယ် ညီးငွေ့လာတာကြောင့်ဖြစ်ဖြစ် ထမင်းမစားချင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြီးပဲ ၄ နှစ်လောက် စားလာတော့လည်း ရိုးပြီပေါ့လေ၊ ဟားဟား။ အဲလို ဘာစားရမှန်းမသိ ဖြစ်တဲ့အခါတွေမှာဆို ရုံးနားက Seven Eleven store မှာ ထမင်းဘူးဝယ်စားဖြစ်တာများပါတယ်။ ရွေးစရာဟင်းတွေကလည်း စုံတာကိုး။ ဒါပေမယ့် တချို့အသားဟင်းတွေက ကုန်တာ အရမ်းမြန်လို့ စောစောသွားဝယ်ထားမှ ရပါတယ်။ လူကြိုက်များတဲ့ဟင်းတွေကို ပိုမထုတ်လုပ်ဘဲ လူတွေကို ရန်ဖြစ်ရအောင်လုပ်နေတာလားလို့တောင် တခါတလေ တွေးမိပါသေးတယ်။1       ဒါက အရောင်းမြှင့်တင်တဲ့ဗျူဟာလားတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ သူတို့ရဲ့သားကောင် ဖြစ်နေပါပြီ။ ကျွန်မပြောပြမယ့် မီနူးကတော့ ထမင်းနဲ့ ကာယူဘီအမဲသားကင်ပါပဲ။ 7/11 ဆိုင်ခွဲတိုင်းမှာ ရနိုင်ပါတယ်။ အကောက်ခွန်ပါပြီးသားကိုမှ ၅၆၀ ယန်း ဆိုတော့ ထမင်းဘူးအနေနဲ့ တန်ပါတယ်။2       ဒီအကြောင်းပြောယုံနဲ့တင် သွားရေတောင်ကျလာပြီ။ အမဲသားရဲ့ အရသာက စားသောက်ဆိုင်ကြီးတွေမှာ yakiniku စားရသလိုပါပဲ။ ပါးစပ်ထဲမှာ ပျော်ဝင်သွားလောက်တဲ့အထိတော့ မနူးညံ့ပေမယ့် စားလို့တော်တော်ကောင်းပါတယ်။ ဒါကိုဝယ်ရင်တော့ ချက်ဖို့ အချိန်လိုအပ်ပါတယ်။ ဘယ်နှစUန့်ကြာအောင် ချက်ရမလဲဆိုတာ ကြည့်လို့ရပါတယ်။ ကျွန်မကတော့ 7/11 ဆိုင်က မိုက်ခရိုဝေ့နဲ့ပဲ ချက်ခိုင်းလေ့ရှိပါတယ်။ များသောအားဖြင့်က ၁၅၀၀ ၀ပ်အားဆိုတော့ အချိန်သိပ်မကုန်ပါဘူး။ တချို့ဆိုင်တွေက ကိုယ်တိုင်ချက်ဖို့ မိုက်ခရိုဝေ့ ထားပေးပါတယ်။ ဘယ်လောက်ကြာကြာ ချက်ရမယ်ဆိုတာ ဘူးခွံမှာ ရေးထားပါတယ်။ ကြည့်စရာ ၂ ခု ရှိပါတယ်။ ပထမတစ်ခုက ၀ပ်(W)ပါ။ 500W / 700W / 1500W စသဖြင့် ရေးထားပါတယ်။3       ဟိုတယ်တွေမှာ ထားတတ်တာတွေက 500 W တွေ မဟုတ်လား? ပြီးရင်တော့ ဂျပန် ခန်းဂျီးစာလုံးရဲ့ အရှေ့က နံပါတ်ကို ကြည့်ပါမယ်။ ဂျပန်စာလုံးနှစ်ခုကြားက 1 နဲ့ 30 ဆိုရင် ၁ မိနစ်ခွဲလို့ ဆိုလိုတာပါ။ ဆိုင်က 1500 W စက်နဲ့ဆိုရင်တော့ ၅၀ စUန့်ထားရင်ရပါပြီ။ နည်းနည်းတူးတာကြိုက်ရင်တော့ ၁ မိနစ် ထားနိုင်ပါတယ်။4       နွှေးတဲ့အခါသုံးဖို့ ပလတ်စတစ်အိတ် အညိုလေးတွေ ပေးထားပါတယ်။ 7/11 က ရိုးရိုးအိတ်တွေက အဖြူရောင်ပါ။5       ချက်ပြီးပြီဆိုတော့ စားဖို့အချိန် ရောက်ပါပြီ။ တကယ့် အမဲကင်ဆိုင်ကြီးမှာ စားရတော့မလိုတောင် ခံစားရပါတယ်။ ကျွန်မက အမြဲတမ်း အဲဒီလိုစိတ်ကူးရင်ပြီး စားပါတယ်၊ ဟားဟားဟား။6       လကုန်ခါနီးမို့ လက်ထဲမှာ ပိုက်ဆံကလည်း နဲနေပြီ၊ အမဲသားကင်လေးလည်း စားချင်တယ်ဆိုရင်တော့ ဒီဟာက ရွေးချယ်စရာကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဂျပန်ကို လာလည်ကြသူများအနေနဲ့ ဈေးကြီးတာတွေ မစားချင်ဘူးဆိုရင် ကျွန်မကဒါကို ညွှန်းလိုက်ပါရစေ။ စိတ်မပျက်စေရပါဘူး။ ရထားအကြာကြီး စီးပြီး သွားရမယ့်သူများအတွက်လည်း သင့်တော်ပါတယ်။ တခါတလေကျ ဘူတာမှာဝယ်စားရင် ဈေးကြီးပြီး စားမကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဘူတာမဆင်းခင် ဟင်းနွှေးဖို့ကို ပြင်ဆင်သွားစေချင်ပါတယ်။ ရထားပေါ်မှာစားရင် သင့်ဘေးကလူကို သွားရေကျစေမှာ ကျိန်းသေပါတယ်၊ ဟားဟားဟား။ ဒါကြောင့် မြန်မြန်သာ သွားစားလိုက်ပါတော့။ ဒါပေမယ့် ဒီဟာက ကယ်လိုရီတွေ အရမ်းများလို့ နေ့တိုင်းစားဖို့တော့ မတိုက်တွန်းပါဘူးနော်။7