ဂျပန်နိုင်ငံက ရုပ်ရှင်ရိုက်ကူးသည့် နာမည်အကြီးဆုံးနေရာ (၅)ခု

1,147

ဂျပန်မှာ ပြည်တွင်းဖြန့်ချိဖို့အတွက်နှင့် နိုင်ငံတကာမှာဖြန့်ချိဖို့ ရိုပ်ရှင်ရိုက်ကူတဲ့အခါ အသုံးပြုနေကြတဲ့ နောက်ခံ နေရာကောင်းတွေ မြောက်များစွာရှိပါတယ်။ တစ်ခါတစ်လေ ရုပ်ရှင်ထဲမှာ မြင်ရတဲ့ မြင်ကွင်းလှလှလေးတွေဆီ မိမိကိုယ်တိုင်သွားရောက် လေ့လာခွင့်ရတာလည်း အရသာတစ်မျိုးရှိပါတယ်။ ဒီနေ့တော့ ဂျပန်မှာရှိတဲ့ ရုပ်ရှင်ရိုက်ကူးဖို့ အသုံးပြုမှုအများဆုံး၊ ဟောလီးဝုဒ်ရုပ်ရှင်တွေအတွက် အသုံးပြုမှုအများဆုံး နာမည်အကြီးဆုံးနေရာ (၅)နေရာကို ညွန်ပြပေးလိုက်ပါ့မယ်။

၁။ Park Hyatt Hotel [Tokyo ဒေသ]

မင်းသမီး Scarlett Johansson နှင့် မင်းသား Bill Murray တို့ဆုံတွေ့တဲ့ Lost in Translationရုပ်ရှင်ကားထဲက ဟိုတယ် ဘား ကတော့ Tokyo’s Park Hyatt တိုက်ရဲ့ ၅၂လွာ မှ ရှိပါတယ်။ တိုကျိုမြို့ရဲ့ မြင်ကွင်းကို ဝေဟင်ကနေအပြည့်အ၀ ခံစားကြည့်ရှုလို့ရတဲ့နေရာဖြစ်ပြီး ရေကူးကန်ကအစ ပျော်ရွင်ဖွယ်….ခေါင်မိုးကလည်း မှန်ထူတေါနှင့် ကာထားတော့ ကောင်းကင်ကြီးနဲ့ ပိုနီးရသလို ရေကူးကန်ထဲ ရေကူးခဲ့ရင်လည်း ရိုးရိုးရေကူးသလိုမျိုးမခံစားရပဲ တိမ်လွာတွေထဲ ရွက်လွင့်သလိုမျိုးခံစားရပါတယ်။film-1Credit: www.flickr.com

ဆက်သွယ်ရန်

လိပ်စာ: 3-7-1-2 Nishi Shinjuku, Shinjuku-Ku, Tokyo163-1055လမ်းကြောင်း:ရထား။ Shinjuku ဘူတာ(Oedo, Marunouchi and Shinjuku lines).လည်ပတ်သင့်သော ရာသီ။ ရာသီမရွေးဆက်သွယ်ရန်ဖုန်း။ 81 3-5322-1234

၂။ Fushimi Inari Taisha [Kyoto ဒေသ]

Memoirs of a Geishaရုပ်ရှင်ထဲက Chiyoကလေး နတ်ဘုံကျောင်း လမ်းမပေါ် ပြေးလွားနေတာ မှတ်မိကြသေးတယ်မဟုတ်လား။ အဲဒီရုပ်ရှင်ကားက Geisha စစ်စစ်ရဲ့ ဘ၀ပုံစံနှင့် တစ်ထပ်တည်း မဟုတ်ခဲ့ပေမဲ့ Kyoto’s Showa ခေတ်က လူနေမှုဘ၀ကိုတော့ အထိုက်အလျောက် ထင်ဟပ်စေပါတယ်။ ပိုပြီးစိတ်ဝင်စား စရာကောင်းစေတာကတော့ ဇာတ်အိမ်အတွက် နေရာရွေးချယ်တဲ့အပိုင်းပါပဲ။ ရုပ်ရှင်ရဲ့နောက်ခံ နေရာလှတွေက အဲဒီရုပ်ရှင်ကို ထူးခြားစေခဲ့ပါတယ်။film-2Credit: Wikimedia Commons

ဆက်သွယ်ရန်

လိပ်စာ: 68 Fukakusa Yabunouchicho, Fushimi Ward, Kyoto, Kyoto Prefecture 612-0882လမ်းကြောင်း:ရထား: ဘူတာမှ ၃ မိနစ်လျှောက် (JR Nara Line).လည်ပတ်သင့်သော ရာသီ။ ရာသီမရွေးဆက်သွယ်ရန်ဖုန်း။ 75-641-7331

၃။ Chion-in Temple [Kyoto ဒေသ]

Tom Cruiseရဲ့ The Last Samurai ရုပ်ရှင်ကား အပိုင်းအများစုကို New Zealandမှာ ရိုက်ကူးခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်ဝင်ခန်းတော်တော်များများကိုလည်း ရိုက်ကူးရေးအဖွဲ့တွေကိုယ်တိုင် ဂျပန်ကိုလာပြီးရိုက်ကူးကြတာဖြစ်ပါတယ်။ Kyotoမြို့ရဲ့ ဂုဏ်ကျက်သရေဆောင် လှပခန့်ညားတဲ့ Chion-in Temple မှာလည်း Cruiseနှင့် အခြားသရုပ်ဆောင်တွေ ရိုက်ကူးမှုတွေ ပြုလုပ်ကြပါတယ်။ အခြား ဘုံကျောင်းတွေဖြစ်တဲ့ Daigoji နှင့် Engyoji ဆို့ဆီမှာလည်း ရိုက်ကူခဲ့ကြပါတယ်။film-3Credit: www.flickr.com

ဆက်သွယ်ရန်

Address: 400 Rinkacho, Higashiyama Ward, Kyoto, Kyoto Prefecture 605-8686လမ်းညွန်:ရထား: Higashiyama ဘူတာမှ ၁၀ မိနစ်လျှောက် (Tozai Line).လည်ပတ်သင့်သော ရာသီ။ ရာသီမရွေးဆက်သွယ်ရန်ဖုန်း 75-531-2111

၎။ Gonpachiစားသောက်ဆိုင် [Tokyo ]

Uma Thurman ပါဝင်သရုပ်ဆောင်တဲ့ သစ်သားနဲ့တည်ဆောက်ထားတဲ့ လူသတ်ကွင်းလိုဖြစ်တဲ့ စားသောက်ဆိုင်ဟာ အစစ်အမှန်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာဖြစ်ပါတယ်။ Tokyoမှာ ရှိတဲ့ Gonpachi ဖြစ်ပြီး Minato-ku မှာရှိပါတယ်။ ဒီနေရာလေးဟာလည်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူများ သဘောကျတဲ့နေရာလေးဖြစ်ပါတယ်။film-4Credit: www.flickr.com

ဆက်သွယ်ရန်

လိပ်စာ: 1F, 2F, 1-13-11, Nishi-Azabu, Minato-ku, Tokyoလမ်းညွန်:။ရထား: Hibiya line မှ Roppongi, exit နံပါတ် ၂။လည်ပတ်သင့်သော ရာသီ။ ရာသီမရွေးဆက်သွယ်ရန်ဖုန်း။ 03-5771-0170

၅။ Tomonoura [Hiroshima ဒေသ]

ဒီဆောင်းပါးကိုတော့ တစ်ခြားနာမည်ကြီး နေရာတစ်ခုနှင့် အဆုံးသတ်ပါမယ်။ X-Men seriesထဲက Wolverine ပါဝင်သလို Fukuyama မြို့နယ်ထဲမှာရှိတဲ့ Tomonoura ဆိုတဲ့ရွာဟာလည်း ရုပ်ရှင်ရိုက်ရင်း Hugh Jackman ကိုယ်တိုင်ခဏတာတည်းတဲ့ရွာလေးဖြစ်ပါတယ်။ Tomonoura ရွာဟာ Miyazakiရဲ့ Ponyoထဲမှာလည်း အတော်လေး ပါဖြစ်ခဲ့ပါတယ်။.film-5Credit: Wikimedia Commons

ဆက်သွယ်ရန်

လိပ်စာ: Tomonaura, Fukuyama, Hiroshima Prefecture 720-0201လမ်းညွန်:ကား: JR Fukuyama Station ထိသွားပြီး (ဂိတ် #၅ မှာရပ်ပါ။ ပြီးမှ ဘူတာရဲ့တောင်ပိုင်းဘက် ဆက်သွားပါက Tomokouကို ရောက်သွားပါလိမ့်မယ်။ (မိနစ် 30ကြာ).လည်ပတ်သင့်သော ရာသီ။ ရာသီမရွေးဆက်သွယ်ရန်ဖုန်း။ 84-928-1042မူရင်းစာရေးသူ Virginia Gonzalez