ဒီနေ့ ဟာ ဂျပန်နိုင်ငံတွင် ၉.၀ magnitude ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာဟာ ၅ နှစ်ပြည့်တဲ့နေ့ ပဲ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၏ အရှေ့ မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဖူကူရှီးမားမှာရှိတဲ့ နျူကလီးယားဓါတ်ပေါင်းဖို ပေါက်ကွဲပြီး ဓါတ်များပျံ့နှံ့မှုနှင့်အတူ အိမ်ခြေပေါင်း နှစ်သောင်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အသက်အန္တရာယ် ဆုံးရှုံးမှုများနှင့်လည်း ကြုံတွေ့ ပြီး ဂျပန်နိုင်ငံရဲ့  သမိုင်းတွင်လည်း အလွန် ဝမ်းနည်းစရာ နေ့တစ်နေ့ အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများနှင့် ဂျပန်နှိင်ငံတွင် နေထိုင်ကြသူများအားလုံးလည်း ယခုလို ဝမ်းနည်းစရာ အဖြစ်ဆိုးမျိုးမှ ကင်းဝေးပါစေကြောင်း ဆုတောင်း ဆန္ဒပြုလိုက်ရပါတယ်။