တိုကျိုမှာ အကောင်းဆုံး ကာရာအိုကေဆိုင် (၅)ဆိုင်

1,446

တစ်နေကုန် ကြိုးစားအလုပ် လုပ်ပြီးရင် ကာရာအိုကေဆိုင်မှာ ဘော်ဒါတွေနှင့် အချိန်ယူအပန်းဖြေကြတာဟာ ဂျပန်တွေအတွက် မလုပ်မဖြစ် ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်နေပါတယ်။ တကယ်လို့ မိတ်ဆွေလည်း ဂျပန်မှာနေပြီး ဘယ်ဆိုင်ကို ရွေးသွားရမလဲဆိုတာ မသေချာရင်တော့ ဒီဆိုင်လေးတွေကို လမ်းညွန်ပါရစေ။

၁။Karaoke Amour [Omotesando]

[caption id="attachment_2402" align="alignnone" width="617"]Credit: www.timeout.com Credit: www.timeout.com[/caption]Aoyama ဘက်က Le Baron de Paris nightclub နားမှာရှိတဲ့ ကာရာအိုကေဆိုင်တွေထဲမှာ မြူးကြွစရာ အကောင်းဆုံးနေရာဖြစ်ပါလိမ့်မယ်။ အခန်းလေးတွေလည်း ပုံစံ လေးမျိုးလေးစားခွဲထားပြီး စိတ်ဝင်စားစဖွယ် ထူးဆန်းနေပါတယ်။ အခန်း ဖွဲ့စည်းပုံကြည့်ရုံနှင့်တင် မဖြစ်မနေသွားချင်စိတ်ပေါက်လာလိမ့်မယ်။ နာမည်ကြီးတဲ့ နေရာဆိုတော့ တစ်ခါတစ်လေ ကံကောင်းရင် နာမည်ကြီး အနုပညာသမားတွေနှင့် တွေ့ရင်တွေ့ဖြစ်ခွင့်ရပါလိမ့်မယ်။

ဆက်သွယ်ရန်

လိပ်စာ။ Aoyama Center Building 1F, 3-8-40, Minami Aoyama, Minato-kuလမ်းညွန်။ရထား။ Omotesandoဘူတာ (သို့မဟုတ်) Gaienmae ဘူတာကနေ ၅ မိနစ်လျှောက်ဖွင့်ချိန်။ ည ၉ နာရီမှ - မေနက်ထိ နာက်ကျချိန်ထိဖွင့်ပိတ်။ တင်္နဂနွေဝင်ခွင့်။ ၁ နာရီကို ¥၃၀၀၀ (သောက်စရာမပါ)ဆက်သွယ်ရန်ဖုန်း။ +81 3 3403 1282

၂။ EST Bowling Cafe က Ktv ကလပ် [Shibuya]

[caption id="attachment_2403" align="alignnone" width="620"]Credit: www.yelp.com Credit: www.yelp.com[/caption]ဒီနေရာလည်း အတော်ထူးခြားပါတယ်။ Shibuyaဘူတာ အရှေ့ထွက်ပေါက် မှာရှိတဲ့ အဆောက်အဦးရဲ့ (၈) လွာမှာရှိပါတယ်။ တစ်တိုက်လုံးက ဖျော်ဖြေရေးတွေနှင့် ပြည့်နေပါတယ်။ ဂိမ်းဆော့လို့ရတဲ့နေရာ သီချင်းဆိုလို့ရတဲ့နေရာ စသဖြင့် တွေ့နိုင်ပြီး မနက် ၅ နာရီအထိ ဖွင့်ပါတယ်။ ပျင်းတယ်ဆိုတဲ့ စကားလုံး လုံးဝရှာတွေ့မှာမဟုတ်ပါဘူး။ Shibuyaတစ်ဝိုက်က နေရာကောင်း၊ ဈေးသက်သာတဲ့ နေရာပါ။

ဆက်သွယ်ရန်

လိပ်စာ။ Shibuya 1-14-14, Shibuya Higashi Kaikan 3Fလမ်းညွန်။ရထား။Shibuya ဘူတာကနေ ၁ မိနစ်လျှောက်ဖွင့်ချိန်။ မနက် ၁၀ နာရီမှ နောက်မနက် ၄း၃၀ ထိပိတ်။ မရှိဝင်ခွင့်။ ၁ နာရီကို ¥၄၀၀ - ၅ယောက်တစ်ခန်း (သောက်စရာမပါ)ဆက်သွယ်ရန်ဖုန်း။ 03 3409 4723၊ 03 3409 4721

၃။ Fiesta International Karaoke [Roppongi]

[caption id="attachment_2404" align="alignnone" width="610"]Credit: www.fiesta-roppongi.com Credit: www.fiesta-roppongi.com[/caption]အသံအားကောင်းကောင်း၊ တူရိယာကောင်းကောင်းတွေနှင့် Ktv သွားချင်ရင် မဖြစ်မနေ သွားသင့်တဲ့နေရာပါ။ အသံဖမ်း အင်ဂျင်နီယာ ပညာရှင်တွေကိုယ်တိုင် ပုံမှန် ထိမ်းသိမ်းပေးနေပါတယ်။ သီချင်း ပုဒ် ၂၀ ၀၀ ကျော် ရှိပြီး ဆိုင်မသွားခင်ကတည်းက အင်တာနက်ကနေ မိမိကြိုက်တဲ့ သိချင်းတွေ ကြိုရွေးထားလို့ရပါတယ်။

ဆက်သွယ်ရန်

လိပ်စာ။ 662 building B1, 6-2-35 Roppongi, Minato-ku, Tokyoလမ်းညွန်။ရထား။ Roppongi ဘူတာ (Hibiya Line) ထွက်ပေါက် ၃, Roppongi Hills ဘက်ကို (၃) မိနစ်လျှောက် Azabu Police Station ဘေးက အဆောက်အဦးဖွင့်ချိန်။ ည ၇ နာရီမှ နောက်မနက် ၁း၀၀ ထိပိတ်။ တနင်္ဂနွေဝင်ခွင့်။ ၁ နာရီကို ¥၃၅၀၀ တစ်ဦချင်း (သောက်စရာပါ၊စားစရာပါ)ဆက်သွယ်ရန်ဖုန်း။ 03-5410-3008

၎။ FIORIA Ktv [Roppongi]

[caption id="attachment_2405" align="alignnone" width="620"]Credit: www.ozmall.co.jp Credit: www.ozmall.co.jp[/caption]Roppongi မှာရှိတဲ့ FIORIA ariablu ဟာ Ktv စားသောက်ဆိုင်ဖြစ်ပါတယ်။ Japan အစားအစာနှင့် Italian အစားအစားတွေ တည်ခင်းထားပါတယ်။ သီးသန့်ခန်း (၂၅) ခန်းရှိပြီး သီချင်းအမျိုးအစားပေါင်း မြောက်များစွာ အဆင်သင့်ထည့်ထားပါတယ်။ ခြေထောက်ဆေးရင်း၊ စိမ်ရင်း သီချင်းဆိုလို့ရတဲ့အခန်းတောင်ရှိပါတယ်။

ဆက်သွယ်ရန်

လိပ်စာ။ 106-0032 Gotou Bill 1st 3F, 5-1-3 Roppongi, Minato-ku, Tokyoလမ်းညွန်။ရထား။ Roppongi ဘူတာမှ (Toei-Oedo line),၅ မိနစ်လျှောက် / Roppongi ဘူတာ (Hibiya Line)မှ ၁ မိနစ်ဖွင့်ချိန်။ ည ၆ နာရီမှ နောက်မနက် ၆ ထိပိတ်။ တနင်္ဂနွေဆက်သွယ်ရန်ဖုန်း။ 03-5413-8877

၅။ Karaoke 47 [Shinjuku]

[caption id="attachment_2406" align="alignnone" width="620"]Credit: www.keioplaza.com Credit: www.keioplaza.com[/caption]တိုကျိုမြို့ရဲ့ မိုးမျော်အထပ်မြင့် အဆောက်အဦးပ်ါကနေ သီချင်းဆိုချင်ရင်တော့ Karaoke 47 ကိုပဲသွားလိုက်ပါ။ Keio Plaza ဟိုတယ်ရဲ့ ၄၇လွာမှာရှိပါတယ်။ Shinjukuမြို့ရဲ့ ညနေအလှကို ကြည့်ရင်း သီချင်းတွေနဲ့ ကဲရင်းပေါ့။

ဆက်သွယ်ရန်

လိပ်စာ။ 47F, 2-2-1 Nishi-Shinjuku, Shinjuku-Ku, Tokyo 160-8330 Japanလမ်းညွန်။ရထား။ Shinjuku ဘူတာ မှ (၅) မိနစ်ဖွင့်ချိန်။ ည ၅ နာရီ - ည ၁၁:၃၀ (တင်္နလာ မှ သောကြာ) နေ့လယ် ၂ နာရီမှ ည ၁၁:၃၀ (စနေ နှင့် တနင်္ဂနွေ)၀င်ခွင့်။ ၁ နာရီကို ¥၃၅၀၀ တစ်ဦချင်း (သောက်စရာပါ၊စားစရာပါ)ဆက်သွယ်ရန်ဖုန်း။ 03-5410-3008